Friday, January 24, 2014

အမေဇုန် မိကျောင်းခေါင်း ငါးမျိုးစိတ် ပန်းလှိုင်မြစ်မှ တွေ့

Posted by drmyochit Friday, January 24, 2014, under | No comments


ပန်းလှိုင်မြစ်အတွင်းမှ ဖမ်းမိရရှိခဲ့သော အမေဇုန်မိကျောင်းခေါင်းငါးမျိုးစိတ်အား ပြည်သူများ စိတ်ဝင်တစားကြည့်ရှုလေ့လာနေစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)

မြန်မာ နိုင်ငံတွင် ပထမဆုံးတွေ့ရှိခြင်း အဖြစ် မိကျောင်းခေါင်းနှင့်ငါး ကိုယ်ပါရှိနေသည့် ရေချိုငါးမျိုး စိတ် (aligatar gar fish) တစ်ကောင်ကို ပန်းလှိုင်မြစ်အတွင်း မှဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံငါး လုပ်ငန်း အဖွဲ့ချုပ်မှ သိ ရသည်။ အဆိုပါငါးသည် မြန်မာ နိုင်ငံတွင်  ရှိနေသည့် ငါးမျိုးစိတ်တစ်ထောင်ကျော်တွင် ပါဝင်ခြင်းမရှိဘဲ တောင်အမေရိကတိုက် အမေ ဇုန်မြစ်အတွင်း ကျက်စားသည့် အသားစားကျူးသည့် ရေချိုငါး မျိုးစိတ် တစ်ကောင် ဖြစ်ကြောင်း၊  မြန်မာနိုင်ငံတွင် မည်သို့ရောက် ရှိနေသည်ကို အတိအကျမပြော နိုင်ကြောင်း ငါးလုပ်ငန်းအဖွဲ့ ချုပ်၏ ပြောကြားမှုအရ သိရ သည်။

အဆိုပါငါးနှင့်ပတ်သက် သည့် လူထုပညာပေးသတင်း စာရှင်းလင်းပွဲကို ယနေ့နံနက် ၁၁နာရီခန့်က ဘုရင့်နောင်လမ်း နှင့် ဆေးဝါးစက်ရုံလမ်းထောင့် ရှိ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူးဦးဝင်းကြိုင်က ““တရား ဝင်တင်သွင်းခွင့်ပေးတဲ့ ငါးမျိုး စိတ်မဟုတ်ပါဘူး။ ဒီငါးကို ငယ် စဉ်အချိန်မှာ တစ်ဦးဦးက သယ် ဆောင်လာပြီး အကြောင်းအ မျိုးမျိုးကြောင့်လွတ်သွားပြီး ကြီး ထွားလာတာ ဖြစ်နိုင်ပါ တယ်။ သူ မျိုးပွားခဲ့လားမသိပါဘူး။ နောက်ထပ် ရှိနေတယ်ဆိုရင် တော့ မြန်မာငါးမျိုးရင်းတွေ အတွက် အန္တရာယ်ရှိပါတယ်”” ဟုပြောသည်။

မြန်မာနိုင်ငံငါးဦးစီးအဖွဲ့ ချုပ်၏သုံးသပ်ချက်အရ ယင်း သတ္တဝါမှာ မြန်မာနိုင်ငံအတွင်း သို့ နိုင်ငံခြားသားတစ်ဦးသော် လည်းကောင်း၊ မြန်မာနိုင်ငံသား အလှ မွေးဝါသနာရှင်တစ်ဦးမှ တရားမဝင် တင်သွင်းလာပြီး မထိန်းသိမ်း နိုင်ခြင်း ကြောင့် လှိုင်မြစ်အတွင်းသို့ လွတ်သွား ခြင်းဖြစ်နိုင်ကြောင်း ယင်းက ထပ်မံပြောသည်။

အဆိုပါ ငါးကို ပန်းလှိုင် မြစ်အတွင်း ကျားပိုက်ထောင် သည့်တံငါသည်များက ဇန်န ၀ါရီ၁၉ရက်က ဖမ်းမိခဲ့ခြင်းဖြစ် ပြီး ငါး၏အသွင်သဏ္ဌာန်ထူး ခြားမှုကြောင့် ဝယ်ယူကာ ငါး လုပ်ငန်းအဖွဲ့ချုပ်ကို အပ်နှံခြင်း ဖြစ်ကြောင်း ပေါက်တန်း-ဒိတ် ကုန်းကျေး ရွာမှ ဂမုန်းပွင့်အမွှေး တိုင်လုပ်ငန်းပိုင်ရှင် ဦးညီမင်း ထွဋ်က ပြောသည်။

““တံငါသည်တွေက ငါးဒိုင် ကို ရောင်းခဲ့တာ။ အဲဒါကိုသိ လို့ ငွေငါးသောင်းနဲ့ဝယ်ပြီး ငါး လုပ်ငန်းအဖွဲ့ချုပ်ကို အသိပေး ပြီး အကြောင်းကြားခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ထူးခြား မှုကို အသိပေးရုံသက်သက်ပါ”” ဟု ဦးညီမင်းထွဋ် ကပြော သည်။ ““တစ်ပိဿာအလေးချိန် ရှိတဲ့ဓားမနဲ့ ခုတ်တာတောင် သူ့ အရေခွံကို မဖောက်နိုင်ဘူး။ အရမ်းမာကျောတဲ့ အရေခွံတွေ ပါတယ်””ဟု ဦးညီမင်းထွဋ်က ဆက်လက်ပြောသည်။

ယခုပန်းလှိုင်မြစ်(ရွှေပြည် သာမြို့နယ်အနီး)မှ ဖမ်းမိခဲ့ သည့် မိကျောင်းခေါင်းနှင့်ငါး ကိုယ်ပါရှိနေသည့် ရေချိုငါးမျိုး စိတ်(aligatar gar fish)အလေး ချိန်သုံးပိသာခန့်နှင့် အရှည်သုံး ပေနီးပါးရှိပြီး အကြီးဆုံးအ ကောင်သည် ခြောက်ပေ နီးပါး အထိ ရှိနေတတ်ကြောင်း ငါးလုပ် ငန်းအဖွဲ့ချုပ်က နိုင်ငံတကာ တွင် ဖော်ပြထားသည့်အချက် အလက်များကို ကိုးကားပြီး ပြော သည်။

ဦးညီမင်းထွဋ်က ““ကျွန် တော့်အနေနဲ့ သူ့ကို ကန်တော် ကြီးရှိရေချိုငါးပြတိုက်မှာ ပြသ ဖို့လှူချင်ပါတယ်။ ဒါပေမဲ့ နိုင်ငံ တော်ကလဲ ထိုက်သင့်တဲ့ခံစား ခွင့်ကိုလဲပေးဖို့ မျှော်လင့်တယ်။ ဘယ်လိုထားမလဲဆိုရင် အိမ် ကရေခဲသတ္တာထဲမှာ အအေးခန်းလုပ်ပြီး သူ့ကို ထည့်ထား မှာပါ””ဟု ဦးညီမင်းထွဋ်က ဆက် လက်ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်ပ မှ မွေးမြူရန်တင်သွင်းလာသည့် ငါးမျိုးစိတ်များ တည်ရှိနေပြီး ယင်းမှတ်ပုံတင်ထားသည့် ငါး မျိုးစိတ်များတွင် ယခုဖမ်းဆီး ရမိခဲ့သည့် ငါးမျိုးစိတ်မပါဝင် ကြောင်း၊ ယင်းကို တောင်အမေ ရိကတိုက်နှင့် အမေရိကန် နိုင်ငံ တို့တွင် အချို့လူများက အလှ မွေးငါးအဖြစ် မွေးမြူကြောင်း၊ ပင်လယ်ရေကြောင်းကို ဖြတ် ကျော်နိုင်စွမ်းမရှိသည့် အဆိုပါ ငါးမျိုးစိတ်ကို လူ၏သယ်ဆောင် မှုဖြင့် ယခုကဲ့သို့ရှင်သန်ရောက် ရှိနေခြင်းဖြစ်နိုင်ကြောင်း ငါး လုပ်ငန်း အဖွဲ့ချုပ် က သုံးသပ် ပြောသည်။

ကျော်ဇေယျ ၊ သင်းအိအိပိုင်
Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်