Friday, January 24, 2014

Posted by drmyochit Friday, January 24, 2014, under | No comments


ဟိုတယ်လုပ်ငန်း အဆင့်မြှင့်ဖို့ Panasonic က HSM အဖြစ် မြန်မာပြည်ကို ဝင်လာပြီ
၂ဝ၁၅ အမီ မြန်မာနိုင်ငံ မှာ ဟိုတယ်လုပ်ငန်းတွေ အပြီးသတ် အဆင့်မြှင့်တင်ဖို့အတွက် ဝန်ဆောင် မှုတွေပေး မယ့် Hotel Solution Myanmar အဖြစ် Panasonic ကုမ္ပဏီက ဇန်နဝါရီ ၂၂ရက်နေ့မှာ ခြေလှမ်းစတင်လိုက်ပါတယ်။

ခရီးသွားဧည့်သည်တွေနဲ့ တည်းခိုသူတွေကို အွန်လိုင်းနဲ့ အခြားအဆင့်မြင့် ဆက်သွယ်ရေးစနစ်တွေနဲ့ အမြန်ဆုံး ဝန်ဆောင်မှုပေးဖို့ ဟိုတယ်သုံး Software တွေကို ကုန်သည်ကြီးများဟိုတယ်မှာ မိတ်ဆက်ပြသခဲ့ပြီး ၂ဝ၁၅အတွက် မျှော်လင့်ချက်တွေ ရှိနေတယ်လို့ တွဲဖက်လုပ်ကိုင်မယ့် ကုမ္ပဏီတစ်ခုက ဆိုပါတယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တွေမှာ ၂နှဟ်အတွင်း ဆက်သွယ်ရေးစနစ်တွေ တိုးချဲ့မြှင့်တင်ပေးဖို့ အာရှပစိဖိတ်ထက် ကျော်လွန်တဲ့ ဈေးကွက်ရှိတဲ့ ကုမ္ပဏီ ၄ခုနဲ့ တွဲဖက်ပြီး Panasonic က ဝင်လာတာလို့ ဆိုပါတယ်။



ကမာရွတ်မီဒီယာမှ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်