Friday, January 24, 2014

လွှတ်တော် လာရောက်လေ့လာသည့် NLD ပါတီဝင်တစ်ဦးရုတ်တရက် သတိလစ်သွားသဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များထဲမှ ပါရဂူ ဆရာဝန်ကြီးများမှ အရေးပေါ် ကုသပေးခဲ့

Posted by drmyochit Friday, January 24, 2014, under | No comments



နေပြည်တော် ပြည်သူ့လွှတ်တော်တွင် ကျင်းပလျက်ရှိသော ၂၃-၁-၂၀၁၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်း အဝေးသို့ လာရောက်လေ့လာလျက် ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကျောက် ပတောင်း မြို့နယ်ပါတီဝင် ဦးမြင့်အေး၊ အသက် ၄၀ နှစ် ရှိသူသည် ၀က်ရူးပြန်ရောဂါကြောင့် ရုတ်တရက် သတိ လစ် တက်သွားခဲ့ရာ လွတ်တော်အတွင်းရှိ တပ်မတော်သား ပြည်သူ့လွတ်တော်ကိုယ်စားလှယ် များထဲ တွင် ပါဝင်သည့် ပါရဂူ ဆရာဝန်ကြီးများမှ အရေးပေါ်ကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။ ၎င်းဖြစ် စဉ်ကြောင့် ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ အစည်းအဝေးအား ခေတ္တရပ်နားပေးခဲ့သည်။

ဖြစ်ပွားချိန်မှာ နေ့လည် ၁၂ နာရီခန့်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးမြင့်အေးသည် နေပြည်တော် နေ့လည် အပူရှိန်တို့ကြောင့် ယခင်အခံရှိသော ၀က်ရူးပြန်ရောဂါ ရုတ်တရက်ထ၍ သတိလစ်သွား ခြင်းဖြစ်ကြောင်း၊ တပ်မတော်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ပါရဂူဆရာဝန်ကြီးများ၏ ပြုစုကုသမှုကြောင့် သတိပြန်လည် ရရှိလာခဲ့ပြီး ၄င်းအား နေပြည်တော် ပြည်သူ့ဆေးရုံ (ကုတင် ၁၀၀၀) သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်သူ့လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦးရှိပြီး ၄င်းတို့အနက် ၅ ဦးမှာ ပါရဂူ ဆရာဝန်ကြီးများဖြစ်ကြောင်း သိရှိရသည်။

ရေးသားသူ - မောင်မြင့်နောင်
မြန်မာ့သားကောင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်