Friday, January 24, 2014

`ပဋိပက္ခထပ်မံဖြစ်ပွားခဲ့သည်ဆိုသော မောင်တောဒေသသို့ နိုင်ငံတကာလေ့လာသူများ သွားရောက်နိင်ရန် အစိုးရ စီစဉ်ပေးမည်´

Posted by drmyochit Friday, January 24, 2014, under | No comments

ရန်ကုန် ဇန်န၀ါရီ ၂၄

ပီးခဲ့သည့် သီတင်းပတ်အတွင်းက ဘင်္ဂါလီ ၃၀ ထက်မနည်း အသတ်ခံခဲ့ရသည်ဟု ဆိုသော မောင်တောဒေသသို့ နိုင်ငံတကာမှ သွာေးရာက်လေ့လာနိုင်ရန် မြန်မာအစိုးရက စီစဉ်နေသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Valerie Amos ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ သိရသည်။

`ဒီကောလာဟလသတင်းတွေဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ၊မစ္စတာနမ်ဘီးယား ခရီးစဉ်များနဲ့ ချိန်ကိုက်လုပ်ဆောင်လာတာလို့ ယူဆပါတယ်။ရဲတပ်ကြပ်ကြီးကို သတ်ဖြတ်တာဟာ လည်း ဒီလို ကောလာဟလာတွေထုတ်နိုင်အောင်၊ တည်ငြိမ်နေတဲ့ဒေသတွင်း တင်းမာမှုဖြစ်လာအောင် လှုံ့ဆော်တဲ့အနေနဲ့ချိန်ကိုက်ဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်ကြောင့် နိုင်ငံတကာက လေ့လာနိုင်အောင် ကျွန်တော်တို့ စီစဉ်နေပါတယ် ´ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောသည် ။

သို့ရာတွင် အသေးစိတ်အချက်အလက်များကိုမူ ထည့်သွင်းဖြေဆိုခြင်း မရှိသေးပေ။

မြန်မာအစိုးရက ပြည်နယ်ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးမှ တာဝန်ရှိသူများအား အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည်ဆိုသော မောင်တောမြို့ ဒူချီရာတန်း (အလယ်တန်းရွာ)သို့ ဇန်နဝါရီ ၂၂ရက်နေ့၌ သွားရောက်ခွင့်ပြုခဲ့ပြီး မြန်မာအစိုးရသတင်းစာများတွင် အေပီသတင်းဌာနက ရေးသားသကဲ့သို့ အရပ်သားများ သေဆုံးမှုမရှိခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။

သို့ရာတွင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Valerie Amos ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၁၄ရက်နေ့၌ ဓားများ၊ ဓားရှည်များ ကိုင်ဆောင်ထားသော လူအုပ်ကြီးသည် ဒူချီရာတန်းကျေးရွာသားများကို လိုက်လံတိုက်ခိုက်ခဲ့သဖြင့် လူ၎ဝကျော် သတ်ဖြတ်ခံခဲ့ရသည်ဟု ဖေါ်ပြထားခဲ့ပြီး အေပီ သတင်းဌာနက ယင်းကို ကိုးကားကာ သတင်း ထပ်မံရေးသားခဲ့သည် ။

“မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဒဏ်ကို ခံခဲ့ရသူများအား အရေးပေါ် ကူညီထောက်ပံ့မှုပေးရန်၊ အဆိုပါဒေသများသို့ လူသားချင်းစာနာသော ကယ်ဆယ်ရေးဝန်ထမ်းများအား သွားရောက်ခွင့်ပေးပြီး အရပ်သားများကို အပြည့်အဝကာကွယ်ပေးရန်နှင့် လိုအပ်သည့် မည်သည့်အရာမဆို လုပ်ဆောင်ရန် မြန်မာအစိုးရကို တောင်းဆိုပါတယ်”ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ်က ကြေညာချက်တွင် ဖော်ပြခဲ့သည်။

သို့ရာတွင် `အချင်းဖြစ်ပွားတဲ့နေရာကို ရခိုင်ဝန်ကြီးချုပ်နဲ့ အတူ စစ်တွေမှာအခြေပြုတဲ့UNHCT, UNOCHA က ပုဂ္ဂိုလ်များ၊လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါပြီးအဲဒီဒေသက ဒေသခံပြည်သူတွေ၊ဘာသာရေးခေါင်းဆောင်တွေကို လွတ်လပ်စွာ မေးခွင့်ရခဲ့ပြီးပါပြီ။. UN ကသူ့ဝန်ထမ်းတွေကို မေးမယ့်အစား ခိုင်မာမှုမရှိတဲ့ အရင်း အမြစ်ကိုကိုးကားပြီး ကြေညာချက်ထုတ်ပြန်တာဟာ အင်မတန်မှ ၀မ်းနည်းစရာကောင်းပါတယ်။ ဒီစွပ်စွဲချက်ကို ကျွန်တော်တို့ လက်မခံပါဘူး´ ဟု ဦးရဲထွဋ်က ပြောသည် ။

ဦးရဲထွဋ်က ယခု လုပ်ဆောင်ချက်များကြောင့် ရခိုင်ပြည်နယ်အတွင်း သံသယများ၊၊စိုးရိမ်မှုများ တိုးပွား စေမှာဖြစ်သည့်အပြင် ကုလသမဂ္ဂအဖွဲ့အစည်းများအပေါ် ဒေသခံများက ယုံကြည်မှုလျော့ကျစေလိမ့်မည့် ဟု သုံးသပ်သည် ။


ကျော်ရဲလင်း
Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်