Friday, January 24, 2014

အမေရိကန်တွင် မျှတသော တရားစီရင်မှုကို မမျှော်လင့်နိုင်ဟု စနိုးဒင်းစွပ်စွဲ

Posted by drmyochit Friday, January 24, 2014, under | No comments


Friday, January 24, 2014

အမေရိကန် ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်များကို ဖော်ထုတ်ခဲ့ခြင်းကြောင့် အမေရိကန် ပြည်ထောင် စုက အသည်းအသန် အလိုရှိနေသော ပြည်ပြေး ထောက်လှမ်းရေး ဝန်ထမ်းဟောင်းက အင်တာနက် တွင် ၎င်း၏ အမြင်ကို ထုတ်ဖော် ရေးသားခဲ့ခြင်း ဖြစ်သည်။

မိမိအနေဖြင့် အမေရိကန် ပြည်ထောင်စုထံ ပြန်လည် သွားရောက်ခဲ့ပါက မျှတသည့် တရားစီရင်မှုကို လုံးဝ မျှော်လင့်နိုင် မည် မဟုတ်ဟု အက်ဒွပ်စနိုးဒင်းက စွပ်စွဲလိုက်သည်။ အမေရိကန် ထောက်လှမ်းရေးဆိုင်ရာ အချက် အလက် များကို ဖော်ထုတ်ခဲ့ခြင်းကြောင့် အမေရိကန် ပြည်ထောင်စုက အသည်းအသန် အလို ရှိနေသော ပြည်ပြေး ထောက်လှမ်းရေး ဝန်ထမ်းဟောင်းက အင်တာနက်တွင် ၎င်း၏ အမြင်ကို ထုတ်ဖော် ရေးသား ခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်၌ ယာယီနိုင်ငံရေး ခိုလှုံခွင့် ရယူထား ရသည့် စနိုးဒင်းက မိမိ၏ ဇာတိနိုင်ငံသည် မိမိအမှုတွင် တရားမျှတသည့် စီရင်ဆုံးဖြတ်မှုမျိုးဖြင့် ကိုင်တွယ်လိမ့်မည်ဟု မယုံကြည်နိုင်ကြောင်း ဆိုသည်။

"တကယ်လို့ အမေရိကန်ကို ပြန်သွားမယ်ဆိုရင်တော့ အစိုးရအတွက်၊ ပြည်သူလူထုအတွက်၊ ကျွန်တော့် အတွက် အကောင်းဆုံး ဖြေရှင်းမှု ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လက်ရှိ ဥပဒေကြောင်းတွေ အရ အားနည်းညံ့ဖျင်းမှုတွေ ရှိနေပါတယ်။ ကျွန်တော့်လို အမျိုးသား လုံခြုံရေး ကန်ထရိုက် တာ တစ်ယောက်အတွက် ဥပဒေကြောင်းမှာ အကာအကွယ် ပေးနိုင်မှုတွေ မရှိပါဘူး"ဟု စနိုးဒင်း က မှတ်ချက်ပြုခဲ့သည်။

၎င်းက "ဒါဟာ တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာ မျှတတဲ့ တရား စီရင် မှုမျိုး ကြုံတွေ့ဖို့ အခွင့်အရေး မရှိနိုင်လို့ပါပဲ။ ဒါကြောင့်လည်း ဇာတိနိုင်ငံ ပြန်လာပြီး ဂျူရီတွေရှေ့ မှာ ကျွန်တော့်အမှုကိစ္စကို မဖြေရှင်းနိုင်သေးတာ ဖြစ်ပါတယ်"ဟုလည်း မှတ်ချက်ပြု သွားခဲ့သည်။ အသက်(၃၀)အရွယ်ရှိ NSA အမှုထမ်းဟောင်းသည် အမေရိကန်သို့ ပြန်သွားပါက သူလျှိုမှုဖြင့် အပြင်းထန်ဆုံး စွဲချက်များကို ရင်ဆိုင်ရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်