Wednesday, May 21, 2014

နိုင်ဂျီးရီးယားမှာ ကားဗုံး ပေါက်ကွဲ မှုကြောင့် လူ ၁၀၀ ကျော် သေဆုံး

Posted by drmyochit Wednesday, May 21, 2014, under | No comments

ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ (Credit: AFP)

နိုင်ဂျီးရီးယားနိုင်ငံ ဂျော့စ်မြို့ရဲ့ လူစည်ကားတဲ့ မြို့လည်ဈေးအတွင်းမှာ ကားဗုံး ၂ လုံး ပေါက်ကွဲခဲ့တာ ကြောင့် အနည်းဆုံး လူပေါင်း ၁၁၈ ဦး သေဆုံးသွားခဲ့ပြီး ၅၀ ကျော် ဒဏ်ရာ ရရှိသွားပါတယ်။

ဒေသစံတော်ချိန်နေ့လည် ၃နာရီ ခန့်မှာ ကုန်တင်ကား တစ်စီးကနေ ပထမဗုံးပေါက်ကွဲခဲ့ပြီး နောက်ထပ် မိနစ် ၂၀ အကြာမှာတော့ ဘတ်စ်ကား အငယ်လေး တစ်စီးကနေ ပေါက်ကွဲခဲ့တာ ဖြစ်ကြောင်း မျက်မြင်သက်သေတွေက ဆိုပါတယ်။

အရင်ကလည်း ဒီနယ်မြေအတွင်းမှာ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ်ရဲ့ တိုက်ခိုက်မှုတွေရှိတာကြောင့် အခုတိုက်ခိုက်မှုကိုလည်း ဘိုကိုဟာရမ်တွေက လုပ်ဆောင်တာလို့ အများက ယုံကြည်နေကြပါတယ်။

ခရစ်ယာန်တွေနဲ့ မွတ်စလင်တွေ အဓိကနေထိုင်တဲ့ ဒီဒေသမှာ မကြာခဏဆိုသလိုပဲ ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိခဲ့ပြီး ပြီးခဲ့တဲ့ လတွေကတိုက်ခိုက်မှုတွေကြောင့်လည်း လူပေါင်း ၉၀ ကျော် သေဆုံးခဲ့ရပါတယ်။

ABC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်