Wednesday, May 21, 2014

ဇနီးကို ကြိုးစား ရှာဖွေနေတဲ့ ရေငုပ်သမား

Posted by drmyochit Wednesday, May 21, 2014, under | No comments


ဂျပန်နိုင်ငံက Yasuo Takamatsu လို့ အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ အက်ဆီးဒန့် တစ်ခုကြောင့် သူ့ရဲ့ ဇနီး ဖြစ်သူဟာ မြစ်ထဲကျလို့ ပျောက်ဆုံး ခဲ့ရ ပါတယ်။

ရှာဖွေမှုကို အချိန်အတော်ကြာ ပြုလုပ်ပေမယ့် မတွေ့ရပါဘူး။ နောက်တော့ အမျိုးသား ဖြစ်သူဟာ သူကိုယ်တိုင် ရှာမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပရော်ဖက်ရှင် ရေငုပ်သမား ဖြစ်အောင် ကြိုးစား သင်ယူ လေ့ကျင့် ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကပဲ သူဟာ အနက်ဆုံး ရေ မီတာအောက် ရေငုပ် ပရော်ဖက်ရှင်နယ်လိုင်စင်ကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။
ဂျပန် ကယ်ဆယ်ရေး အဖွဲ့က အနည်းငယ် ပူနွေးတဲ့ ရာသီကို စောင့်ပြီးမှ ရှာဖို့ စီစဉ်ထားပေမယ့် Yasuo ကတော့ ရာသီမရွေး နေ့စဉ် နီးပါး ရှာဖွေ နေပါတယ်။

အစိုးရက ပျောက်ဆုံးကြောင်း တရားဝင် ကြေညာ ထားပါတယ်။ Yasuo ဟာ သူ့ ချစ်ရတဲ့ ဇနီးကို ရေအောက်မှာ ရှာဖွေ နေတာ တစ်နှစ်ကျော်သွား ပါပြီ။
.
Ref:BBC
အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်