Wednesday, May 21, 2014

သန့်ရှင်းသောရေရရှိမှု နောက်ဆုံးနည်းပညာများအား ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ ကျောင်းသားများ သုတေသနပြုလုပ်ခွင့်ရရှိရန် ဂျပန်မစ်ဆူဘီရှီကူညီပေးမည်

Posted by drmyochit Wednesday, May 21, 2014, under | No comments


ရန်ကုန် မေ ၂ဝ

ရန်ကုန်နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများအတွက် ရေသန့်ရှင်းမှုနှင့်ပတ်သက်သည့် သုတေသနပြုစုခြင်းဆိုင်ရာလုပ်ငန်းများနှင့် နည်းပညာအသစ်များ အသုံးပြုမှုအတွက် ဂျပန်နိုင်ငံအခြေစိုက် မစ်ဆူဘီရှီကုမ္ပဏီနှင့်ပြည်တွင်း ရေသန့်ရှင်းမှုကုမ္ပဏီတစ်ခုတို့မှ ပူးပေါင်းထောက်ပံ့ခြင်းကို မေ ၂၂ ရက်တွင် စတင်အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူများအတွက် သုတေသနဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပြီး ဒေသတွင်း ရေအရင်းအမြစ် အမျိုးအစားများ၊ ရေသန့်ရှင်းမှုဆိုင်ရာ နည်းပညာရပ်များ၊ ရေအမျိုးအစားခွဲခြားခြင်းနှင့် သုတေသနလုပ်ငန်းစဉ်များ၊ နောက်ဆုံးပေါ်ရေသန့်ရှင်းမှု ဆိုင်ရာ အချက်အလက်များနှင့် သင်ထောက်ကူပစ္စည်းများအားလုံးကို ဂျပန်နိုင်ငံအခြေစိုက် Mitsubishi Rayon ကုမ္ပဏီလီမိတက်နှင့် ပြည်တွင်းမှ Myanmar Water Engineering and Products ကုမ္ပဏီလီမိတက် တို့ပူးပေါင်းကာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အဆိုပါပြည်တွင်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်က ပြောကြားသည်။

ပြည်တွင်းရှိ သန့်ရှင်းသောရေစနစ်အတွက် လိုအပ်သည့်လေ့လာ စမ်းသပ်မှုများ အားနည်းပညာ တက္ကသိုလ်ကျောင်း သားများ လေ့လာ သုတေသနပြုစုကာ နိုင်ငံနှင့်ကိုက်ညီမှုရှိသည့် ရေထိန်းသိမ်းခြင်း ဆိုင်ရာ ရှာဖွေမှုအသစ်အဆန်းများကို ပြုစုနိုင်ရန်အတွက် ငွေကြေးနှင့်သင်ထောက်ကူပစ္စည်းများအားလုံး ကူညီ ပေးအပ်သွားရန်ရှိသည်။

ဂျပန်ကုမ္ပဏီမှ မြန်မာနိုင်ငံအတွင်း ရေသန့်ရှင်းမှုနှင့် ထိန်းသိမ်းရေးလုပ်ငန်းများအားစွမ်းရည်မြှင့်တင် နိုင်ရေးအတွက်ပြည်တွင်းရှိ ရေနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကုမ္ပဏီတစ်ခုနှင့် သဘောတူညီမှုစာချုပ်များချုပ်ဆိုကာလုပ်ငန်းစတင်ဆောင်ရွက်နေစဉ်အတွင်း ဒေသတွင်းဖွံ့ဖြိုး တိုးတက်စေရန်နှင့် နောက်ဆုံးပေါ် နည်းပညာများအား ပြည်တွင်းလူငယ်ပညာရှင်များ လေ့လာမှုရရှိစေရန် ရည်ရွယ်ကြောင်း သိရသည်။

မစ်ဆူဘီရှီရာရွန် ကုမ္ပဏီအနေဖြင့် ပြည်တွင်းသို့ ယင်းကုမ္ပဏီ၏ နောက်ဆုံးပေါ်ရေသန့်စင်သည့် နည်း ပညာတစ်ခုဖြစ်သည့် Follow Fiber Membrane Module Sterapore နည်းပညာဖြင့်သန့်ရှင်းသော သောက်သုံးရေစနစ်ရရှိခြင်းများကို ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါနည်းပညာများအား ပေါင်းစပ်လေ့လာသုတေသနပြု ခွင့်ကို နည်းပညာတက္ကသိုလ်ရန်ကုန်မှ ကျောင်းသား ကျောင်းသူများပြုလုပ်
နိုင်မည်ဖြစ်သည်။

(မြန်မာ့အလင်း)
The Mirror Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်