Windows 8 ကို အသုံးပြုခြင်းအား တားမြစ်ပိတ်ပင်ကြောင်းကို တရုတ်အစိုးရဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာခဲ့
တရုတ်နိုင်ငံသည် Microsoft ၏ Windows 8 operating system (OS) ကို အစိုးရဌာနများ၏ ကွန်ပျူတာများတွင် အသုံးမပြုရန် တားမြစ်ပိတ်ပင်လိုက်သည်။ Windows 8 ကို အသုံးပြုခြင်းအား တားမြစ်ပိတ်ပင်ကြောင်းကို တရုတ်အစိုးရဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယခု တားမြစ်ပိတ်ပင်မှုသည် အများပြည်သူနှင့် သက်ဆိုင်ခြင်းမရှိဘဲ အစိုးရပိုင် ကွန်ပျူတာများအတွက်သာ ရည်ညွန်းကြောင်းလည်း ကြေညာချက်တွင် ဖော်ပြသည်။ တရုတ်အစိုးရ၏ တားမြစ်ပိတ်ပင်မှုအပေး အံ့အားသင့်မိကြောင်း၊ မိမိတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများမှာ အစိုးရများ၏ လုပ်အပ်ချက်အားလုံးကို ပြည့်မီကြောင်း Microsoft ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။ အမေရိကန်ရှိ တရုတ်သံရုံးကမူ အဆိုပါကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပြုပြောကြားခြင်း မရှိသေးချေ။
တရုတ်အစိုးရ၏ ယခုလုပ်ဆောင်ချက်မှာ မကြာသေးမီက Microsoft အနေဖြင့် Windows XP အား အထောက်အပံ့ပေးခြင်းကို ရပ်ဆိုင်းလိုက်မှုနှင့် ဆက်စပ်နိုင်သည်ဟု ခန့်မှန်းကြသည်။ Microsoft အနေဖြင့် အနာဂတ်တွင် ၎င်း၏ အခြား Windows systems များကိုလည်း အလားတူ ထောက်ပံ့မှုရပ်ဆိုင်းခြင်းများ ပြုလုပ်လာနိုင်သဖြင့် တရုတ်အစိုးရက Windows OS များ အသုံးမပြုလိုတော့ခြင်း ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။ Microsoft က Windows XP ကို အထောက်အပံ့ပေးမှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ကွန်ပျူတာ သန်းပေါင်းများစွာမှာ လုံခြုံရေးပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေဖွယ်ရှိသည်။
Planet Myanmar Network
Time in Rangoon


0 comments:
Post a Comment