Wednesday, May 21, 2014

နိုက်ဂျီးရီးယားမှာကားဗုံးနှစ်လုံပေါက်ကွဲလူ(၁၁၈)ဦးသေဆုံး

Posted by drmyochit Wednesday, May 21, 2014, under | No comments

မေလ(၂၀)ရက်နေ့ကနိက်ဂျီးယားနိုင်ငံဂျို့မြို့တွင်ကားဗုံးနှစ်လုံးပေါက်ကွဲခဲ့သဖြင့် လူ(၁၁၈) ဦးသေဆုံးခဲ့ ရတယ်လို့အင်္ဂါနေ့သတင်းတွေမှာဖေါ်ပြနေကြပါတယ်။ဗုံးမှာဈေးအနီးလူစည်ကားရာဘစ်ကားဂိတ်
အနီးမှာပေါက်ကွဲခဲ့သဖြင့်ဒါဇင်ပေါင်းများစွာလူသေတွေနဲ့သွေးတွေဟာလမ်းမပေါ်မှာလွမ်းသွားခဲ့တယ်လို့ဆိုပါတယ်။

သတင်းအခိုင်အမာပြောဆိုချက်များမသိရသေးပေမဲ့တာဝန်ရှိသူတွေကတော့ကားဗုံးနှစ်လုံးပေါက် ကွဲတယ်လို့ဆိုနေကြပါတယ်။ထိုဗုံးခွဲမှုဟာအစလာမ်မစ်အကြမ်းအ ဖွဲ့ကလုပ်ဆောင်တယ်လို့ လည်းယူ ဆနေကြပါတယ်။

ပထမဗုံးကွဲပြီးနာရီဝက်အကြာမှာဒုတိယဗုံထပ်ပြီးပေါက်ကွဲခဲတယ်လို့ဆိုပါတယ်။ ဒုတိယ ဗုံးထပ်ပေါက် ကွဲခဲ့လို့ကယ်ဆယ်ရေးသမားအချို့ထပ်သေဆုံးခဲ့ရတယ်လို့ သိရပါတယ် ထိုနောက်မှာ ထိုနေရာမှာမီးခိုးလုံးကြီးအူထွက်လာကိုထိုနေရာတ၀ိုက်လမ်းတွေကို ပိတ်ထားခဲ့လိုက်ရတယ်လို့သိရပါတယ်။

ဒုတိယဗုံးပေါက်ကွဲပြီးနောက်မှာတော့လူဒါဇင်ပေါင်းများစွာသောရုပ်အလောင်းများ
လူကိုယ်အပိုင်းအစများနှင့်သွေးများဟာမြင်မကောင်းလောက်အောင်လမ်းမပေါ်
မှာဖုံးလွမ်းသွားခဲ့ရတယ်။

လမ်းမပေါ်မှာညင်းညူနေတဲ့သူ(၅၀)လောက်ကိုအရေးပေါ်ဌာနသို့ပို့ဆောင်ပေးဆောင်ပေး
ခဲ့သော်လည်းအများစုမှာသေဆုံးခဲ့ကြရတယ်လို့သိရပါတယ်လို့အမည်မဖေါ်လိုသူတစ်ဦး
ကပြောကြားခဲ့ပါတယ်အဘယ်ကြောင့်ဆိုသော်အခုအဖြစ်အပျက်ကိုတရာဝင်သတင်း
ထုတ်ပြန်ရန်ခွင့်မပြုထားဘူးလို့သိရပါတယ်။

သားငယ်ဘာသာပြန်ဆိုသည်။








0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်