Wednesday, May 21, 2014

စိတ်ကြွဆေးအလုံးအရင်း ထုတ်နေသည့် နိုင်ငံများတွင် မြန်မာပါဝင်

Posted by drmyochit Wednesday, May 21, 2014, under | No comments


အာရှဈေးကွက်အတွင်း ၀ယ်လိုအားမြင့်တက်နေသော စိတ်ကြွရူးသွပ်ဆေးများ အလုံး အရင်း ထုတ် လုပ်ထွက် ရှိနေသည့်နိုင်ငံများတွင် မြန်မာပါဝင်နေ ကြောင်း မေလ ၂၀ ရက်တွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ရုံး(UNODC) က ထုတ်ပြန်သည်။

၂၀၁၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စိတ်ကြွရူးသွပ်ဆေးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးသစ်များ လေ့လာသုံးသပ်ချက်အစီရင်ခံစာ၌ ထိုသို့ဖော်ပြထားခြင်းဖြစ်သည်။

UNODC ၏ အစီရင်ခံစာအ ရ ၂၀၁၂ ခုနှစ်အတွင်း စိတ်ကြွ ရူးသွပ်ဆေးထုတ်လုပ်သည့် ဓာတ်ခွဲခန်းများကို တရုတ်နိုင်ငံတွင် ၂၂၈ ခု၊ ဖိလစ်ပိုင်တွင် ၁၉ ခု၊ မလေးရှားတွင် ၃၀ ခုနှင့် ထိုင်း နိုင်ငံတွင် ၈၄ ခုအ ထိတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း အဆိုပါ ဓာတ်ခွဲခန်းမျိုး ခြောက်ခုအထိရှိ ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံး ရရှိထားသော အချက်အလက်များအရ တရုတ် နိုင်ငံတွင် စိတ်ကြွရူးသွပ်ဆေးဖမ်း ဆီးရရှိမှုသည် ၁၆ တန်အထိ ရှိခဲ့ပြီး ထိုင်းနိုင်ငံတွင် ၁၀ တန်ကျော်၊ မြန်မာနိုင်ငံတွင် နှစ်တန်ခန့်အထိ ရှိခဲ့သည်ဟု UNODC ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် စိတ်ကြွရူး သွပ်ဆေးဝါးထုတ်လုပ်နိုင်သည့် ဓာတုပစ္စည်း (Precusor) ကိုပြည်တွင်း၌ မထုတ်လုပ်နိုင်ဘဲ အိန္ဒိယနယ်စပ်မှတစ်ဆင့် မြန်မာ နိုင်ငံအတွင်း ၀င်ရောက်နေပြီး နယ်စပ် ၀င်ပေါက်ကို မထိန်းချုပ်နိုင်ခြင်းကြောင့် လွန်ခဲ့သည့် ခြောက်နှစ်မှစ၍ စိတ်ကြွရူးသွပ် ဆေးဝါးအန္တရာယ်သည် မူးယစ် ဆေးဝါးတိုက်ဖျက်ရေးကို ခြိမ်း ခြောက်လာနေကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ဇော် ၀င်းက ပြောကြားထားသည်။

ထို့အပြင် မက္ကဆီကိုနိုင်ငံ၊ အရှေ့အလယ်ပိုင်းဒေသ၊ အနောက်အာရှဒေသ၊ တောင်အာရှဒေသနှင့် အနောက်အာဖရိကဒေသမှ နိုင်ငံဖြတ်ကျော် ဒုစရိုက်

ဂိုဏ်းများသည် စိတ်ကြွရူးသွပ်ဆေးပြားများကို အမြတ်အစွန်းများများရရှိသော အရှေ့တောင်အာရှနိုင်ငံများ၊ အရှေ့အာရှနှင့် သမုဒ္ဒရာကျွန်းနိုင်ငံများသို့ သယ်ယူ ရောင်းဝယ်ဖောက်ကားနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

၂၀၁၂ ခုနှစ်အတွင်း မြန်မာ နိုင်ငံတွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈ သန်း၊ လာအိုနိုင်ငံတွင် ဆယ်သန်း၊ ထိုင်းနိုင်ငံတွင် ၉၅ သန်းနှင့် တရုတ်နိုင်ငံတွင် ၁၀၂ သန်း ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံ တွင် ဖမ်းဆီးရမိသော မက်သာအဖက်တမင်း ဆေးပြားအများစုကို အိမ်းနီးချင်းမြန်မာနိုင်ငံတွင် ထုတ်လုပ်သည်ဟု UNODC က ယူဆသည်။

အာရှတိုက်တစ်ခွင်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ အဆက်မပြတ်ပျံ့နှံ့လာမှုက လူငယ်အများစုရှိရာ လူမှုပတ်ဝန်းကျင်များရှိ ကျန်းမာရေးစနစ်နှင့် တရားစီရင်ရေးစနစ်တို့ကို စိန်ခေါ်မှုဖြစ်လာသည်ဟု UNODC  ၏ အစီရင်ခံစာ၌ သတိပေး ပြောကြားထားသည်။

Credit : 7 Day News Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်