Wednesday, May 21, 2014

ထမင်းဝိုင်းကပြောတဲ့ ကျန်းမာရေး

Posted by drmyochit Wednesday, May 21, 2014, under | No comments


" ပိုက်ဆံချမ်းသာလို့ ချက်လိုက်တဲ့ ကြက်သားဟင်း၊ ချက်လိုက်တဲ့ ဝက်သားဟင်း ဆီတွေကို ပြန်နေတာပဲ။
အရွက်ကြော်လေး တစ်ခွက်တောင် မပါဘူး။ ငါတို့က ပိုက်ဆံချမ်းသာလို့ အရွက်ကြော်တွေ မစားဘဲ အသားတွေစားတာ ဘာဖြစ်လဲ။ "

သဘောပြောပြ တာပါ။ ပိုက်ဆံရှိတဲ့ လူတွေမှာ အများအားဖြင့် ရောဂါပိုပေါတယ်လို့ စာရေးသူ ကြားဖူး ပါတယ်။ပိုက်ဆံ မ၇ှိတဲ့ သူမှာရောဂါ မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဆိုလိုတာကတော့ ထမင်းဝိုင်း တစ်ခုမှာ အသားတွေများများ ပါတာထက် အသီးအရွက်တွေ များများပါတဲ့ ထမင်းဝိုင်းလေး ဖြစ်စေချင်လို့ပါ။ အသီးအရွက်တွေကို ဖြစ်နိုင်ရင်အစိမ်းစား ပေးပါ။ အသီးအရွက်တိုင်းကို ပြောတာ မဟုတ်ဘူးနော်။ အစိမ်းစား လို့ရတဲ့ အသီးအရွက်တွေကိုပြောတာပါ။ အဲလိုစားပေးခြင်းဟာ သင့်ကျန်းမာရေးကို များစွာ အထောက်အကူု ပြုပေးနိုင်ပါတယ်။

ဒါ့အပြင် ထမင်းစားရင် ဟင်းရည်သောက်လေး တစ်ခွက်လောက်တော့ ပါပါစေ။ ဟင်းရည်သောက်
ပြီး ထမင်းစားပေးတဲ့ အတွက် ဝမ်းကိုမှန်စေ ပါတယ်။ ဒါကြောင့် ထမင်းဝိုင်းတစ်ခုမှာ အသားဟင်းတွေ
အများကြီး ပါတာထက် အသီးအရွက်တွေ များများပါတာက ကျန်းမာရေးကို အထောက်အကူ ပြုနိုင်ပါလိမ့်မယ်နော်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်