Thursday, August 22, 2013

ရှစ်လေးလုံး ပိတ်ကားနောက်မှ ဖြစ်ရပ်မှန်တစ်ခု

Posted by drmyochit Thursday, August 22, 2013, under | No comments


လွန်ခဲ့တဲ့ ၂၅ နှစ်က ဒလမြို့မှာဖြစ်ခဲ့တဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးပါ။ ကျွန်တော်တို့ ဒလမြို့ဟာ ရန်ကုန်တဖက်ကမ်းမှာရှိပေမယ့် ၁၉၈၈ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာချိန်မှာ ဒလမြို့ကိုလည်း ရိုက်ခက်လာပါတယ်။ သြဂုတ်လအတွင်း ရန်ကုန်မြို့လယ် တစ်ခုလုံး အပျက်အဆီးပုံအောက် ရောက်ရှိသွားချိန်မှာ လမ်းပမ်းဆက် သွယ်ရေးအားလုံးလည်း ပြတ်တောက်သွားပါတယ်။ အဓိကပြဿနာ ကတော့ ဆန်ပြဿနာပါ။ ဆန္ဒပြပွဲတွေကလည်း တစ်နိုင်ငံလုံးအနှံ့ ဖြစ်နေ တာကြောင့် ကုန်ဈေးနှုံးကလည်း ဆက်တိုက်တက်လာပါတယ်။ နောက်ပိုင်း မှာ ဆန်ဂိုဒေါင်၊ ပဲဂိုဒေါင် နဲ့ ဂျုံဂိုဒေါင် တွေဖောက်ပြီး ခိုးယူတဲ့ဖြစ် စဉ် တွေကလည်း နေရာအနှံ့ပါ။ ဂိုဒေါင်ထဲက ပစ္စည်းတွေကုန်တော့ အရပ်ထဲက လူနေအိမ်ထဲက ပစ္စည်းတွေကို ပြဿနာရှာလာကြပါတယ်။ ဆန္ဒပြကျောင်းသား ခေါင်းဆောင်များက ရဲစခန်းတွေကို မီးရှို့လိုက်တာကြောင့် ရပ်ကွက်တွင်း လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ အလှည့်ကျ ကင်းစောင့်နေကြရပါတယ်။

ရှစ်လေးလုံး ကောင်းမှုကြောင့်ဒလမြို့တွင်းကမရှိဆင်းရဲသားအများအပြားဟာ ဆန်ကွဲများကို ပြုတ်ပြီး သောက်နေကြရပါတယ်။ ငတ်မွတ်မှုဒဏ်ကို မခံနိုင်ကြတဲ့နောက်မှာ ဒလမြို့ခံ ၈ ဦးဟာ ဗိုလ်တစ်ထောင် ဆိပ်ကမ်းသို့ သမ္ဗန်များနဲ့သွားပြီး ဆန်သင်္ဘော တစ်စီးပေါ်က ဆန်တွေခိုးယူဖို့ ထွက်သွားချိန်မှာ အဲဒီနေရာမှာ လုံခြုံရေးယူထားတဲ့ အဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အဲဒီချိန်တုန်းက လူစိမ်းမြင်သမျှကို မီးရှို့မဲ့သူ၊ အကြမ်းဖက် မဲ့သူ၊ အဆိပ်ခက်မဲ့သူဆိုပြီး ဖမ်းဆီးသတ်ဖြတ်နေတဲ့အချိန်ပါ။

ကံဆိုးစွာနဲ့ ဒလသား ငါးယောက်မှာ ဗိုလ်တစ်ထောင်သား ၃၀ လောက်ရဲ့ ဖမ်းဆီးမှုကို ခံရလိုက်ပါတယ်။ သုံးယောက်ကတော့ ရေထဲခုန်ချပြီး ထွက်ပြေးသွားပါတယ်။ ဖမ်းခံရတဲ့ ဒလမြို့သား ငါးယောက်ကို သမ္မတကမ်းခြေ အနီးက ဆိပ်ခံဗောတံတားပေါ်မှာ စစ်မေးကြပါတယ်။ ဖမ်းမိသူ ငါးယောက်လုံးက ဒလမြို့သားများဖြစ်ကြောင်း၊ မီးရှို့ဖို့ လာသူ မဟုတ်ကြောင်း၊ မီးရှို့ဖို့ ဘာပစ္စည်းမှ မပါကြောင်း ပြောပေမယ့် ဒေါသ ထွက်နေတဲ့ လူအုပ်ကြီးက တစ်ယောက် တစ်မျိုးအော်လိုက်၊ တစ်ယောက်ပြီးတစ်ယောက် ခေါင်းကို ရိုက်လိုက်၊ ရင်ဘက်ကို ကန်လိုက်နဲ့ ဆူညံနေပါတယ်။ အစကတည်းက ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မေး ရင်းမေးရင်း အလိုလိုဒေါသ ပိုထွက် လာပါတယ်။ အဲဒီနောက် တစ်ဦးက စ ပြီး ပါလာတဲ့ ရဲဒင်း နဲ့ စခုတ်လိုက်ချိန်မှာ နောက်လူတွေကလည်း ဓားနဲ့ ဝိုင်းခုတ်ကြပါတယ်။ မသေမရှင် ဖြစ်နေချိန်မှ တစ်ယောက်ချင်း တံတားစွန်း တရွတ်တိုက်စွဲသွားပြီး ခေါင်းကို သေသေချာချာ လှီးဖြတ်ပါတယ်။ အဲဒီနောက် ၅ ယောက်လုံးကို တံတားပေါ်က ပစ်ချပြီး ရေထဲချလိုက်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီအလောင်း တွေထဲက အစိတ်အပိုင်းအများစုက ဒလဘက်က ကမ်းမှာ လာကပ်ပြီး ပုပ်ပွနေခဲ့ပါတယ်။

အဲဒီချိန်တုန်းက ဒလမြို့သားတွေအားလုံး ဒီဖြစ်စဉ်ကို သိကြပါတယ်။ သူတို့တွေကို ရှစ်လေးလုံး အကြောင်းမေးရင် ပြန်မပြောချင်ကြပါဘူး။ ရှစ်လေးလုံးဆိုတာ တကယ့် အနိဌာရုံတစ်ခုလို့သာ မှတ်ချက် ပေးကြပါ တယ်။ ဒီလိုဖြစ်ရပ်မျိုးကို အိပ်မက်ထဲမှာတောင် ပြန်မတွေ့လိုကြတော့ပါဘူး။ ဒီဖြစ်စဉ်မျိုးတွေဟာ အဲဒီကာလက နေရာအနှံ့မှာ ဖြစ်ခဲ့တာပါ။ အထူးသဖြင့် ရန်ကုန်တစ်မြို့ လုံးမှာ ဖြစ်ခဲ့ပါတယ်။ ရှစ်လေးလုံးကာလက ထဲထဲဝင်ဝင် လှုပ်ရှားခဲ့ဖူးသူ အားလုံးက ဒီလိုဖြစ်စဉ်တွေကို ပိုသိကြပါတယ်။ ဒီလိုမေ့ပစ်စရာကောင်းတဲ့ အတိတ်ဆိုးမျိုးကို စာစီကုံးပြီး ခမ်းခမ်းနားနား ကျင်းပနေကြတဲ့ သူတွေကိုလည်း စိတ်ပျက်ပါတယ်။ ရှစ်လေးလုံးဆိုတာ အရေးတော်ပုံပဲဖြစ်ဖြစ်၊ အရေးအခင်းပဲဖြစ်ဖြစ် ဘယ်လိုပဲ ခေါင်းစဉ်တပ်ပါစေ ၊ ဘယ်လိုပဲ ပိတ်ကားလှလှတွေ ဆင်ထားပါစေပိတ်ကားနောက် မှာတော့ သွေး သံရဲနေတဲ့ အပြစ်မဲ့ပြည်သူများရဲ့ ခေါင်းပြတ်တွေ တန်းစီပြီး ရှိနေတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရ ပါဘူး…..။

ကိုသန်းဝင်း (ဒလ)
အမေ့အိမ်

ကင်တာနား၏ ယာဉ်တန်းအား တိုက်ခိုက်ခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်း အစိုးရ၊ မျက်မြင်သက်သေများနှင့် မိတ္ထီလာ ဒေသခံများ ပြောကြား

Posted by drmyochit Thursday, August 22, 2013, under | No comments

သြဂုတ် ၂၁  ရက်က ရန်ကုန်လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကင်တားနားအား တွေ့ရစဉ်

သြဂုတ် ၁၉ ရက် ည ၁၀ နာရီခန့်က မိတ္ထီလာမြို့တွင် ၎င်းစီးနင်းလာသော မော်တော်ယာဉ်အား လူ အယောက် ၂၀၀ ခန့်က ၀ိုင်းဝန်းပိတ်ဆို့ကာ တိုက်ခိုက်ခဲ့ကြသည် ဟူသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား၏ ပြောကြားချက်မှာ မဟုတ်မှန်ကြောင်း အစိုး ရ၊ အဆိုပါ ယာဉ်တန်း ဖြတ်သန်းသွားချိန်တွင် ရှိနေခဲ့သော မျက်မြင် သက်သေများနှင့် မိတ္ထီလာမြို့ ခံများ က ငြင်းဆိုခဲ့ကြသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် သြဂုတ် ၂၁ ရက် ညပိုင်းက မြန်မာနိုင်ငံမှ မထွက်ခွာမီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သော သတင်း စာ ရှင်းလင်းပွဲတွင် မိတ္ထီလာ၌ မိမိစီးနင်းလာသော မော်တော်ကားအား လူ ၂၀၀ ခန့်က ထု ရိုက်ခြင်း၊ တံခါးနှင့် ပြတင်းပေါက်များကို ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အနားတွင်ရှိသော ရဲတပ် ဖွဲ့၏ အကာ အကွယ် လုံးဝမရှိသည့် အခြေအနေတွင် ခံစားရသော အကြောက်တရားသည် ပြီးခဲ့သော မိတ္ထီ လာ အကြမ်း ဖက်မှု၌ ဒေါသထွက်နေသော လူအုပ်က လူ ၄၃ ဦးကို ရိုက်နှက်ပြီး မီးရှို့သတ်ဖြတ် ခဲ့သည် ကို ရဲတပ်ဖွဲ့က ရပ်ကြည့်နေသည် ဆိုသော စွပ်စွဲမှုကို သွားမြင်မိသည်ဟု ထုတ်ပြန်ချက်တွင် ထည့် သွင်း ဖော်ပြသွားခဲ့သည်။

နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မိတ္ထီလာမြို့တွင် လူ ၂၀၀ ခန့်က မစ္စတာ ကင်တားနားထံ ကန့်ကွက်စာနှင့် တီရှပ်ပေးရန် ကြိုးစားခဲ့ခြင်းသာဖြစ်ပြီး ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အသက်အန္တရာယ် စိုးရိမ်ရလောက်သည့် အခြေအနေ လုံးဝမရှိခဲ့ကြောင်း အေပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ မိတ္ထီလာမြို့သို့ ဖြတ်သန်းစဉ် မစ္စတာကင်တားနား၏ မော်တော်ယာဉ်တန်းအား ရဲတပ်ဖွဲ့မှ ကားတစ်စီးက ရှေ့ပြေးအဖြစ် ဦးဆောင်ပေးခဲ့ကာ လုံခြုံရေး ယာဉ်တစ်စီး လိုက်ပါပေးခဲ့ကြောင်း ဆန္ဒပြမှုများ ရှိနိုင်သည် ဆိုသောကြောင့် ရဲတပ်ဖွဲ့ဝင် ၃၀ ကလည်း လုံခြုံရေး ဆောင်ရွက် ပေးခဲ့ကြောင်း၊ လူထုအနေဖြင့် ကင်တားနားအား နာကျင်စေရန် ရည်ရွယ် လုပ်ဆောင်မှု မရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ယာဉ်တန်းသည် လူအုပ်အား အန္တရာယ်မရှိဘဲ ဖြတ်သန်း နိုင်ခဲ့ကြောင်း ဦးရဲထွဋ်၏ ပြောကြားချက်ကို အေပီသတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းအဖြစ်အပျက် ဖြစ်ပျက်ချိန်၌ Eleven Media Group ၏ သတင်းထောက်နှင့် အစိုးရ သတင်းစာမှ သတင်းထောက်တို့ အဆိုပါ နေရာတွင် ရှိနေပြီး လူထုအနေဖြင့် မစ္စတာ ကင်တားနား စွပ်စွဲထားသလို လုပ်ဆောင်မှု လုံးဝမရှိခဲ့ကြောင်း ပြောကြားသည်။

''ညနေ ငါးနာရီ လောက်ကတည်းက ကင်တားနားကို ဆန္ဒပြဖို့ စောင့်နေကြတာ လူတစ်ထောင်လောက် ရှိတယ်။ ညမထွက်ရ အမိန့်ကြောင့် ပြန်သွားကြလို့သာ သူရောက်လာတဲ့ အချိန်မှာ ၂၀၀ လောက်ပဲ ကျန်တော့တာ။ ယာဉ်တန်း ဖြတ်သွားတာ စက္ကန့်ပိုင်းပဲ ကြာပါတယ်။ ပိုစတာတွေကိုင်ပြီး ဆန္ဒပြကြသလို သူ့လုပ်ရပ်တွေကို ကန့်ကွက်ကြောင်း ကန့်ကွက်စာနဲ့ တီရှပ်ပေးတာပဲ ရှိပါတယ်။ သူပြောသွားသလို ကားကိုထုရိုက်တာ၊ တံခါးနဲ့ ပြတင်းပေါက်ကို ကန်ကျောက်တာမျိုး လုံးဝမလုပ်ကြပါဘူး'' ဟု Eleven Media Group ၏ မိထ္ထီလာ သတင်းထောက် ကိုဝဏ္ဏစိုးက ပြောကြားသည်။

မစ္စတာ ကင်တားနား အနေဖြင့် သြဂုတ် ၂၁ ရက်က ရန်ကုန်လေဆိပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မိတ္ထီလာမြို့မှ အဖြစ်အပျက်ကို ပြောကြားရာ၌ စိတ်လှုပ်ရှားမှု လွန်ကဲသည့် ပုံစံမျိုး ဖြစ်နေကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့သည့် သတင်းထောက်တစ်ဦးက ပြောကြားခဲ့ပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ၎င်းတင်သွင်းမည့် အစီရင်ခံစာကြောင့် OIC အပါအ၀င် နိုင်ငံတကာ အစ္စလာမ် အသိုင်းအ၀ိုင်းက မြန်မာအစိုးရအပေါ် ဖိအားပေးလာမည်ကို စိုးရိမ်မိကြောင်း...

ကိုဝဏ္ဏစိုးသည် မတ်လအတွင်းက ဖြစ်ပွားခဲ့သော မိတ္ထီလာ အကြမ်းဖက်မှု ဖြစ်စဉ်များတွင် နေ့စဉ်သတင်း ပေးပို့ခဲ့သူဖြစ်ပြီး အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ရပ်တန့်သွားစေရန် Eleven Media Group ၏ ကြိုးစားဖော်ပြခဲ့သော သတင်းများတွင် ၎င်း၏ဆောင်ရွက်ချက်များမှာ အရေးပါသော နေရာမှ ပါဝင်ခဲ့သည်။ ယခုဖြစ်စဉ်တွင်လည်း ည နေ ၅ နာရီခန့် ကတည်းက လူစုလူဝေးရှိသည့် နေရာတွင် ရောက်ရှိနေခဲ့ပြီး သတင်းရယူရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ မစ္စတာ ကင်တားနား အနေဖြင့် ၎င်းအား ဆန္ဒပြမည့်သူများ စောင့်နေသည့်လမ်းမှ မြို့တွင်းသို့ ၀င်ခဲ့ခြင်းကြောင့်သာ ယခုကဲ့သို့ ကန့်ကွက် ဆန္ဒပြသူများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ် အခြားလမ်း တစ်လမ်းဖြစ်သည့် သီးကုန်းလမ်းမှသာ မြို့တွင်းသို့ ၀င်ရောက်ခဲ့မည် ဆိုပါက ဆန္ဒပြသူများနှင့် တွေ့ရမည် မဟုတ်ကြောင်း ကိုဝဏ္ဏစိုးက ပြောကြားသည်။

''မိတ္ထီလာ တံတားထိပ်ကို ရောက်လာတဲ့ အချိန်မှာ ကင်တားနားကို ကန့်ကွက် ဆန္ဒပြနေတဲ့လူ ၁၅၀ ကျော်လောက် ရှိပါတယ်၊ ပထမဆုံး ဖြတ်လာတဲ့ကားမှာ မစ္စတာ ကင်တားနား ပါလာတယ် ထင်ကြတယ်။ နောက် မစ္စတာကင်းတားနားကား ဖြတ်သွားတဲ့ အချိန် မှာ ဆန္ဒပြနေတဲ့ လူအုပ်က သူတို့ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေကို မြင်စေချင်လို့ ရှေ့တိုးလာတယ်။ ဒါပေမဲ့ ယာဉ်ထိန်းရဲနဲ့ မြို့ခံတွေက လမ်းရှင်းပေးလိုက်တယ်။ တံတားထိပ်မှာ သုံးမိနစ်တောင် မကြာပါဘူး။ လူအုပ်က ဆန္ဒပြတဲ့ ဆိုင်းဘုတ်ကို မြင်စေချင်တာရယ်၊ ကန့်ကွက်တဲ့ အသံကို ကြားစေချင်တာရယ်ပဲ ရှိပါတယ်။ အန္တရာယ် တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပါဘူး။ ကားတန်းက တစ်မိနစ်လောက် တုံ့ဆိုင်းသွားပြီး ဆက်လက် ထွက်ခွာသွားပါတယ်။ နောက်ပိုင်း ဆက်သွယ်ရေးရိပ်သာကို မြို့ခံသုံးယောက် လိုက်သွားပြီး အိတ်ဖွင့် ပေးစာတစ်စောင် ပေးခဲ့ပါတယ်။ အဆင့်ဆင့် သတင်းပို့ပြိးတော့ ခရိုင်အုပ်ချုပ်ရေးမှူးက သူတို့ ပေးလိုက်ပါမယ်ဆိုလို့ စာကို သူတို့လက်ထဲ အပ်ခဲ့ပါတယ်။ သူ့ကိုပေးတဲ့ ကန့်ကွက်စာထဲမှာ ကုလသမဂ္ဂကို တင်သွင်းတဲ့ သူရဲ့အစီရင် ခံစာတွေကို သဘောမတူကြောင်းနဲ့ မတ်လအတွင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုက သံဃာတော် တစ်ပါးကို အစ္စလာမ် ဘာသာဝင်တွေက သတ်ဖြတ်လိုက်လို့ စတင်ခဲ့ရခြင်း ဖြစ်တယ်။ နောက်မင်္ဂလာဇေယုံထဲက အစ္စလာမ် ဘာသာဝင်တွေက တစ်ညလုံး အော်ဟစ်ကြိမ်းမောင်းပြီး ရန်စခဲ့တဲ့အတွက် အခြေအနေက ပိုဆိုးသွားတယ် ဆိုတဲ့ အကြောင်းတွေ ပါပါတယ်'' ဟု ကိုယ်တွေ့ကြုံခဲ့သူ မိတ္ထီ လာမြို့ခံ ဒေါ်မေသက်ဦးက ပြောကြားသည်။

မိတ္ထီလာမြို့ခံ တစ်ဦးဖြစ်သူ ကိုဒီမောဆိုးကလည်း ''ဆန္ဒပြတဲ့ ဆိုင်းဘုတ်ကို မြင်စေချင်တာရယ်၊ ကန့်ကွက်တဲ့ အသံကို ကြားစေချင်တာရယ်ပဲ ရှိပါတယ်။ အန္တရာယ် တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပါဘူး။ ကားတန်း တစ်မိနစ်လောက် တုံ့သွားတာဘဲ ရှိပါတယ်။ ဘာမှ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တာ မရှိပါဘူး'' ဟု ပြောကြားသည်။

''ကိုမယ်ပ၊ ကိုဒီမောဆိုးနဲ့ ဒေါ်မေသက်ဦးတို့က ဆက်သွယ်ရေး ရိပ်သာကိုသွားပြီး ကန့်ကွက်စာ ပေးခဲ့ကြပါတယ်။ တစ်မြို့လုံးရဲ့ ခံစားချက်ကို သိစေချင်လို့ အခုလို ဆန္ဒပြကြတာ ဖြစ်ပေမယ့် သူ့အသက် အန္တရာယ်ကို ထိခိုက်အောင်လုပ်ဖို့ ဘယ်သူမှ ရည်ရွယ်ချက် မရှိကြဘူး။ ဆိုင်ဘုတ်တွေကလွဲလို့ ဘာလက်နက်မှလည်း ကိုင်ဆောင် မထားကြပါဘူး'' ဟု မိတ္ထီလာမြို့ခံ တစ်ဦးဖြစ်သည့် ကိုထိန်ဝင်းမွန်ကလည်း ပြောကြားသည်။

သြဂုတ် ၁၉ ရက်က မိတ္ထီလာမြို့တွင်းသို့ ၀င်လာသော မစ္စတာ ကင်တားနား၏ ယာဉ်တန်းနှင့် ကန့်ကွက်သူ အချို့ကို တွေ့ရစဉ်

''ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားလာမယ့် နေ့ခင်းပိုင်းထဲက မိတ္ထီလာ တံတားထိပ်မှာ လုံခြုံရေး ချထားပါတယ်။ ညနေ ၆ နာရီကစပြီး အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ကို တံတားထိပ်မှာ လုံခြုံရေး ထပ်ချပါတယ်။ တံတားနားမှာတင် နောက်ထပ် ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ရှိပါတယ်။ တံတားနဲ့ မနီးမဝေးမှာ ကားနဲ့အသင့် နေရာယူထားတဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးရှိပါတယ်။ ကားပေါ်မှာပါတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖွဲ့စည်းပုံအပြည့် လက်နက်တပ်ဆင် ထားပါတယ်။ ဖောင်တော်ဦး တံတားထိပ်မှာ ယာဉ်ထိန်းနှစ်ယောက် လမ်းရှင်းပေးနေပါတယ်။ မစ္စတာ ကင်တားနားလာတဲ့ ယာဉ်တန်းမှာ နယ်/လုံဝန်ကြီး ဗိုလ်မှုးကြီး အောင်ကျော်မိုးကိုယ်တိုင် လိုက်ပါလာပါတယ်။ နောက် မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေလည်း လိုက်ပါလာပါတယ်။ ယာဉ်တန်းမှာ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစပ်နေလင်း ကိုယ်တိုင် လိုက်ပါလာပါတယ်။ ခရိုင်ရဲတပ်ဖွဲ့မှုးရဲ့ ကားပေါ်မှာ ဖွဲ့စည်းပုံအပြည့် လက်နက် တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ခုနှစ်ဦး လိုက်ပါလာပါတယ်။ ကားတန်းက မိတ္ထီလာ တံတားထိပ်ကို ည ၁၀ နာရီ ၃၅ မိနစ်မှာ ရောက်ပါတယ်။ မိုင်ဝက်ကျော်ဝေးတဲ့ ဆက်သွယ်ရေး ရိပ်သာကို နောက်ငါးမိနစ် အတွင်းမှာ ရောက်ရှိပါတယ်။ ဆက်သွယ်ရေး ရိပ်သာကနေ ည ၁၀ နာရီ ၅၅ မိနစ်မှာ ပြန်လည် ထွက်ခွာသွားပါတယ်။ ကားပေါ်က ဆင်းတဲ့အချိန်က ၁၀ မိနစ်တောင် မရှိပါဘူး။ ကျန်တဲ့အချိန်က ကားပေါ်မှာ ထိုင်နေပါတယ်။ တစ်စုံတစ်ရာလည်း အန္တရာယ် မဖြစ်ပေါ်ခဲ့ပါဘူး'' ဟု မိတ္ထီလာမြို့မှ လုံခြုံရေး တာဝန်ရှိသူ တစ်ဦးမှ ပြောကြားသည်။

''ကျွန်တော် မြင်တာကတော့ ပထမဆုံး ကားဝင်တဲ့ အချိန်မှာ လူအုပ်က လမ်းပေါ်တိုးလာပြီး ဆန္ဒပြကြပါတယ်။ အဲဒီကားပေါ်မှာ မစ္စတာကင်တားနား မပါလာပါဘူး။ ချက်ချင်းပဲ ယာဉ်ထိန်းနဲ့ မြို့ခံတွေက လမ်းရှင်းပေးလိုက်ပါတယ်။ နောက်ကားတွေကျတော့ လူအုပ်က ဆိုင်းဘုတ်ကို မြင်စေချင်လို့ ရှေ့တိုးနေပေမယ့် ယာဉ်ထိန်းရဲ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြို့ခံတွေက ရှေ့ကနေ လမ်းရှင်းပေးလိုက်တဲ့ အတွက် ချက်ချင်း ဆက်ထွက်သွား နိုင်ပါတယ်။ ကားတန်းနောက်ကို မော်တော်ဆိုင်ကယ်တွေနဲ့ လိုက်သွားပြီး ဆက်သွယ်ရေး ရိပ်သာနားမှာ ''ကင်တားနား အလိုမရှိ၊ အလိုမရှိ'' ဆိုတာ အော်ကြပါတယ်။ ဆိုင်ကယ်အစီး ၂၀ လောက်နဲ့ လူ ၄၀ လောက်ရှိမယ် ခန့်မှန်းပါတယ်။ အန္တရာယ် တစ်စုံတစ်ရာ မဖြစ်ပေါ်ခဲ့ပါဘူး။ ကားဖြတ်သွားတဲ့ အချိန်မှာ ကားကိုလက်နဲ့ လှမ်းပုတ်တာ အနည်းအကျဉ်း ရှိပေမယ့် အန္တ ရာယ် တစ်စုံတစ်ရာ ဖြစ်အောင် ပုတ်တာ မဟုတ်ပါဘူး။ ကိုင်ထားတဲ့ ဆိုင်းဘုတ်ကို မြင်စေချင်တာရယ်၊ ကန့်ကွက်ဆန္ဒပြနေကြတဲ့ အသံကို ကြားစေချင်လို့ ပုတ်ကြတဲ့ သဘောပါပဲ။ လူအုပ်က ကန့်ကွက်တာကို မြင်စေချင်လို့ ရှေ့ကိုတအား တိုးနေတာပဲ ရှိပါတယ်။ အန္တရာယ် ပြုချင်လို့ မဟုတ်ပါဘူး။ နောက်ပြီးတော့ မန္တလေးကလာတဲ့ အချိန်မှာ မိတ္ထီလာကို ကံကောင်း လမ်းခွဲကနေဆင်းပြီး ၀င်လာတဲ့အတွက် တံတားထိပ်ကိုဖြတ်ရလို့ လူအုပ်နဲ့ တွေ့ရတာပါ။ မိတ္ထီလာမြို့ကို သီးကုန်းလမ်းခွဲကနေ ၀င်လာရင် တံတားထိပ်ကို ဖြတ်စရာ မလိုပါဘူး။ တံတားထိပ်ကို မဖြတ်ရရင် လူအုပ်နဲ့လည်း တွေ့စရာမရှိပါဘူး။ လူအုပ်က ညနေ ၆ နာရီထဲက တံတားထိပ်ကို ရောက်တာပါ။ ည ၁၀ နာရီကျော်မှ ကားတန်းက မိတ္ထီလာကို ရောက်တာပါ။ အခြားလမ်းက လာခဲ့ရင် ဆက်သွယ်ရေး ရိပ်သာကို တန်းရောက်ပါတယ်။ လူအုပ်နဲ့ တွေ့စရာ မလိုပါဘူး။ ခရီးအကွာအဝေးလည်း အတူတူ လောက်ပါပဲ'' ဟု Eleven Media Group သတင်းထောက် ကိုဝဏ္ဏစိုးမှ ပြောကြားသည်။

မြန်မာနိုင်ငံသို့ ရှစ်ကြိမ်မြောက်အဖြစ် လာရောက်သော မစ္စတာ ကင်တားနား အနေဖြင့် သြဂုတ် ၂၁ ရက်က ရန်ကုန်လေဆိပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မိတ္ထီလာမြို့မှ အဖြစ်အပျက်ကို ပြောကြားရာ၌ စိတ်လှုပ်ရှားမှု လွန်ကဲသည့် ပုံစံမျိုး ဖြစ်နေကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့သည့် သတင်းထောက်တစ်ဦးက ပြောကြားခဲ့ပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ၎င်းတင်သွင်းမည့် အစီရင်ခံစာကြောင့် OIC အပါအ၀င် နိုင်ငံတကာ အစ္စလာမ် အသိုင်းအ၀ိုင်းက မြန်မာအစိုးရအပေါ် ဖိအားပေးလာမည်ကို စိုးရိမ်မိကြောင်းလည်း ပြောကြားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကင်တားနားသည် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် ပြောကြားထားသူဖြစ်ပြီး ယင်းဥပဒေသာ မရှိတော့ပါက ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်မှ ခိုးဝင်နေသူများ၏ အန္တရာယ်ကို ရင်ဆိုင်ရမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများ အကြားတွင် ကင်တားနားအား ယုံကြည်သူ နည်းပါကြောင်း သိရသည်။

From: Eleven

မီးသင်္ဂြိုလ်စက် စည်ပင်ကသိမ်းမည်ဟု သတင်းထွက်ပေါ်သောကြောင့် အဆင်မပြေနိုင်ကြောင်း မြို့မိမြို့ဖများ ဆွေးနွေး

Posted by drmyochit Thursday, August 22, 2013, under | No comments


မိုးညှင်း၊ သြဂုတ် ၂၂။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံဃနာယက ဆရာတော် ဘဒ္ဒစန္ဒိမာ ဦးစီး၍ ဒေသခံ ပြည်သူများထံမှ အလှူငွေ ကောက်ခံ၍ လူသေအလောင်းများ မီးသင်္ဂြိုလ်ရန် မီးသင်္ဂြိုလ်စက်ကို တည်ဆောက်ခဲ့ပြီး အခမဲ့ မီးသင်္ဂြိုလ်ပေးလျက်ရှိရာ ယခုအခါ မြို့တော်စည်ပင်မှ သိမ်း၍ အခကြေးငွေဖြင့် သင်္ဂြိုလ်ရမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိရာ မြို့တွင်းရှိ အခြေခံ လူတန်းစားများအတွက် အဆင်မပြေမည်ကို မြို့မိမြို့ဖများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

သြဂုတ်လ (၁၉)ရက်နေ့ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ကြော်ငြာစာအမှတ်(၁၁/၂၀၀၁၃)ဖြင့် အများသိစေရန် ကြေညာခဲ့သည်။ မြိုနယ်စီမံ ခန့်ခွဲရေး ကော်မီတီ၏ လုပ်ငန်းညှိနှိုင်း အစည်းဝေး တင်ပြချက်အရ ကချင်ပြည်နယ် စည်ပင်ဥပဒေပုဒ်မ၁၄၊ ပုဒ်မခွဲ(၁၁)၊ ပုဒ်မ၆၉၊ ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ)အရ မြို့နယ်စည်ပင်နယ်နမိတ်အတွင်း သုဿာန်များနှင့် ပတ်သက်သော အုပ်ချုပ်မှုဆိုင်ရာ(ByLaws)အား ရေးဆွဲထုတ်ပြန်ခဲ့သည်။ ကန့်ကွက်လိုလျှင်(၁၅)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ စည်ပင်(By Laws)ထဲတွင် (၃၀၀၀၀)ကျပ် ပေးရမည်ဟု ဆိုထားခြင်းဖြစ်သည်။

“ပြည်နယ်ဝန်ကြီး ဦးညွန့်အောင်ဆီတော့ ဆရာတော်က ဖုန်းဆက်ထားတယ်။ ခယက၊ မယက၊ စည်ပင်အရာရှိတွေနဲ့တွေ့ပြီး ပြန်ညှိနှိုင်းရဦးမယ်”ဟု မြို့မိမြို့ဖတစ်ဦးက ပြောသည်။

“ကျမတို့ကို ဆရာတော်သံဃာတော်တွေ ဦးဆောင်ပြီး ကိုယ်ထူကိုယ်ထ အလှူခံ၊ အလှူရှင်တွေရှာပြီး မြို့အတွက် အဆင်ပြေအောင် မီးသင်္ဂြိုလ်စက်ကို ဆောက်ပေးထားတာ။ လူသေပိုင်ရှင်ဆီမှာ ဘာမှမတောင်းဘဲ မီးသင်္ဂြိုလ်ပေးတာ။ ဆရာတော်ကြီးရဲ့ မေတ္တာကြောင့် အလှူရှင်တွေက ပေါပါတယ်။ ဆရာတော်တွေ ဦးဆောင်ကြလို့သာ အလှူငွေတွေ ရကြတာ။ စည်ပင်ကမီးသင်္ဂြိုလ်စက်ကို ကိုင်တွယ်မယ်ဆိုရင် အလှူရှင်တွေက မလှူကြတော့ဘူးလို့ ပြောကြတယ်။ စည်ပင်က သိမ်းယူလိုက်ရင် သေဆုံးသူ ဆင်းရဲသားတွေအတွက် အဆင်ပြေပါ့မလား” ဟု မြို့မိမြို့ဖ အမျိုးသမီးတစ်ဦးက ပြောသည်။

သီဟ(ကချင်)
မြန်မာ့ခေတ်

ဗီဇာသက်တမ်းကိစ္စ အလုပ်သမားတွေသိအောင် ဥပဒေ ထုတ်ပြန်ဖို့ တောင်းဆို

ထိုင်းနိုင်ငံတွင်းမှာ ​တရားဝင်အလုပ်လုပ်ကိုင်ခွင့် ​ဗီဇာ ​သက်တမ်း ​၄နှစ်ပြည့်သွားတဲ့ ​ရွှေ့ ​ပြောင်း အလုပ် သမားတွေ အတွက် ​ရှင်းလင်းပြတ်သားတဲ့ ​ဥပဒေတရပ်ထုတ်ပြန်ပေးဖို့ ​အလုပ်သမားအဖွဲ့အ ​စည်းတွေက ​ထိုင်းနဲ့ ​မြန်မာ အစိုး ရတွေ ကို ​တောင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမား တချို့ (Credit: ABC)

ထိုင်းအစိုးရရဲ့ ​ထုတ်ပြန်ချက်အရ ​၄နှစ်ဗီဇာပြည့်သွားတဲ့ ​အလုပ်သမားတွေအနေနဲ့ ​နေရပ်မှာ ​၃နှစ် ​ပြန်နေပြီးမှ ​ထိုင်းနိုင်ငံအတွင်း ​အလုပ်လုပ်ခွင့် ​ဗီဇာ ​ထပ်ထုတ်ပေးမယ်လို့ ​ပြောခဲ့တဲ့အတွက် ​အကယ်လို့ ​ဒီအတိုက် ​ဆက်သတ်မှတ်မယ်ဆိုရင် ​အားလုံး ​သိအောင် ​ထုတ်ပြန်ပေးဖို့ ​တောင်းဆိုတာလို့ ​ရွှေ့ပြောင်းအလုပ်သမား ​အခွင့်အရေး ​ကွန်ယက်အဖွဲ့  ​ဥက္ကဌ ​ဦးအောင်ကျော်က ​ပြောပါတယ်။

မြန်မာအစိုးရနဲ့ ​ထိုင်းအစိုးရ ​သဘောတူလက်မှတ်ရေးထိုးပြီးမှ ​ယာယီနိုင်ငံကူးလက်မှတ်တွေ ​ထုတ်ပေးတဲ့ ​အစီအစဉ်ကို ​ကျနော်တို့လုပ်ခဲ့တဲ့အခါမှာ ​ထိုင်းနိုင်ငံအစိုးရက ​၄နှစ်ပဲ ​နေထိုင်ခွင့်ပြုမယ်လို့ ​ဥပဒေမှာသတ်မှတ် ​ထားပါတယ်၊ ​အခုက ​၄နှစ်ပြည့်သွားပြီးတဲ့အချိန်မှာ ​ရှေ့ဆက်ပြီးအသစ်မှတ်ပုံတင်ဖို့အတွက် ​ဘယ်လိုလုပ်ရမယ်၊ ​ရှင်းလင်းပြတ်သားတဲ့အကြောင်းအရာတွေကို ​ထိုင်းနိုင်ငံအစိုးရက ​ဥပဒေတရပ်အနေနဲ့ ​သတင်းမထုတ်ပြန်တဲ့ ​အတွက်ကြောင့် ​ကျနော်တို့ ​အလုပ်သမားအဖွဲ့ ​၄ဖွဲ့ ​ပေါင်းပြီး ​ထုတ်ပြန်လိုက်ခြင်း ​ဖြစ်ပါတယ်။ 

လောလောဆယ်မှာတော့ ​ဗီဇာသက်တမ်းပြည့်သွားတဲ့ ​အလုပ်သမားတွေ ​သိန်းဂဏန်းလောက်ရှိနိုင်ပြီး ​တချို့က ​နောက်ထပ်စာအုပ် ​အသစ်လုပ်ဖို့ ​ကြိုးစားနေ ​တာတွေရှိသလို ​တချို့ကလည်း ​အိမ်ပြန်သွားတာ ​တွေရှိတဲ့အတွက် ​နောက်ထပ်ဗီဇာ ​ရရှိဖို့ ​ဘယ်လိုလုပ်ဆောင် ​ရမယ်ဆိုတာကို ​ အလုပ်သမား၊ ​အလုပ်ရှင်တွေ ​အားလုံးသိအောင် ​တရားဝင် ​ကြေညာပေးမှသာ ​ပွဲစားတွေရဲ့ ​လိမ်ညာမှု ​မခံရမှာဖြစ်တယ်လို့ ​ပြောပါတယ်။

ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုနဲ့ ​ပတ်သက်ပြီး ​ထိုင်းအလုပ်သမားတွေနဲ့ ​မြန်မာလို ​တခြားနိုင်ငံက ​အလုပ်သမားတွေအကြား ​အခွင့်အရေးတန်းတူရရှိမှာ ​ဖြစ်တယ်လို့ ​ပြောပေမဲ့ ​တကယ်ခံစားခွင့်ရရှိတဲ့သူက ​အနည်းအကျဉ်းပဲ ​ရှိတယ်လို့ ​ကိုအောင်ကျော်က ​ပြောခဲ့တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။ 

Radio Australia

အသက်မပြည့်သည့် မိန်းကလေးကို ခိုးယူပေါင်းသင်းသူ တရားစွဲခံရ

Posted by drmyochit Thursday, August 22, 2013, under | No comments

အသက်မပြည့်သေးသည့် မိန်းကလေးငယ်ကို ခိုးယူပေါင်းသင်းသည်ဟု စွပ်စွဲကာ လူငယ်တစ်ဦးကို တိုင်တန်းလာ သည့် အမှုတစ်ခုကို ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းက သြဂုတ် ၂၀ ရက်၌ အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်သည်။

မိန်းကလေးငယ် ပျောက်ဆုံးသွားသည်မှာ ငါးရက်ကြာမ...ှ သူမကို အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးက ခိုးယူပေါင်းသင်းနေသည်ကို မိဘများကသိရှိပြီး ယခုလို ရဲစခန်း၌ အမှုဖွင့်တိုင်တန်းလိုက်ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင်
ဖော်ပြထားသည်။

မိန်းကလေးငယ်သည် စာအုပ်ငှားထွက်သွားရာမှ ပြန်မလာသဖြင့် သူမ၏အမဖြစ်သူက မိဘများကို ဖုန်းဆက် တိုင်ကြားရာ မိဘများက လိုက်လံရှာဖွေခဲ့ပြီး သူမကို အဆိုပါ လူငယ်က ပေါင်းသင်းရန် ခိုးယူထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်ဟု တရားလိုများက ရဲစခန်း၌ ထွက်ဆိုကြသည်။

အရွယ်မရောက်သေးသည့် မိန်းကလေးကို ပေါင်းသင်းမိသူအဖြစ် စွပ်စွဲပြီး ရဲစခန်း၌ တိုင်တန်းခံထားရသူမှာ ကိုကျော်သန့်ဇင်ဆိုသည့် လူငယ်ဖြစ်ပြီး ယခုအမှုကို မိန်းကလေး၏ မိခင်ဖြစ်သူက တရားလိုပြုလုပ် တိုင်တန်း ထားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

ယင်းအမှုကို ဒဂုံဆိပ်ကမ်း ရဲစခန်းက အမှုအမှတ်(ပ) ၂၈၄/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူ လူငယ်ကို ဖမ်းဆီးစစ်ဆေးလျှက်ရှိရာ အမှုမြောက်ကြောင်း တွေ့ရှိလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၃ ဖြင့် တရားစွဲမည်ဟု ရဲဌာနက သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


ဝန်ကြီးချုပ်နဲ့ အတိုက်အခံပါတီ ခေါင်းဆောင်တို့ ဒု-အကြိမ် စကားနိုင်လု

Posted by drmyochit Thursday, August 22, 2013, under | No comments

သြစတြေးလျနိုင်ငံမှာ ​ရွေးကောက်ပွဲမကျင်းပခင် ​အဓိက ​နိုင်ငံရေးပါတီ ​နှစ်ခု ​ခေါင်းဆောင်တွေ ​တကြိမ်ထက် ​မနည်း ​စကားနိုင်လုကြမယ်လို့ ​ပြောဆိုကြတဲ့အတိုင်း ​မနေ့ညက ​ဒုတိယအကြိမ်မြောက် ​စကားနိုင်လုပွဲ ​ကျင်းပခဲ့ကြပါတယ်။


လက်ရှိဝန်ကြီးချုပ် ကယ်ဗင်ရဒ် (ဝဲ) နဲ့ အတိုက်အခံပါတီခေါင်းဆောင် တိုနီအာဘော့တ် (Credit: AAP)

စကားနိုင်လုပွဲအတွင်း ​အတိုက်အခံပါတီ ​ခေါင်းဆောင် ​တိုနီအာဘော့တ် ​ပြောသမျှကို ​ဝန်ကြီးချုပ်က ​မေးခွန်းတွေ ​ဆက်တိုက်မေးခဲ့တာကို ​အတိုက်အခံပါတီ ​ခေါင်းဆောင်က ​Does ​this ​guy ​ever ​shut ​up? ​ဒီလူ့နှယ် ​ပါးစပ်ပိတ်တတ်ရဲ့လား ​လို့ ​အဓိပ္ပာယ်ရတဲ့ ​တုန့်ပြန်ချက်နဲ့ ​တုန့်ပြန်ခဲ့တဲ့အတွက် ​ဝန်ကြီးချုပ်ကို ​ထောက်ခံသူတွေက ​အတိုက်အခံပါတီခေါင်းဆောင်ကို ​ဝေဖန်နေကြပါတယ်။

စကားနိုင်လုပွဲအတွင်း ​ခုလို ​ပြောဆိုခဲ့တာကို ​ကြည့်ခြင်းအားဖြင့် ​အတိုက်အခံပါတီ ​ခေါင်းဆောင်ဟာ ​စိတ်ထင်ရာ ​လုပ်မယ့် ​ပုဂ္ဂိုလ်၊ ​အနိုင်ပိုင်းချင်စိတ်သာ ​ရှိတဲ့ ​ပုဂ္ဂိုလ်လို့ ​ဝေဖန်ကြပါတယ်။

စကားနိုင်လုပွဲအတွင်း ​ဝန်ကြီးချုပ် ​ကယ်ဗင်ရဒ်က ​သူဦးဆောင်တဲ့ ​ပါတီကို ​မရွေးချယ်ပဲ ​အတိုက်အခံပါတီကို ​ရွေးချယ်မယ်ဆိုရင် ​အတိုက်အခံ ​ပေါ်လစီအရ ​လူတွေရဲ့ ​အနာဂတ်ကို ​ထိခိုက်မယ့်အကြောင်း၊ ​အလုပ်လက်မဲ့ ​ဦးရေ ​ပိုများလာပြီး၊ ​မရှိဆင်းရဲသားတွေ ​ကူညီထောက်ပံ့မှု ​ရရှိတာ ​နည်းပါးသွားမယ်လို့ ​ထိုးနှက် ​ပြောဆိုခဲ့ပါတယ်။

အတိုက်အခံပါတီကတော့ ​သူတို့သာ ​အာဏာရမယ်ဆိုရင် ​စီးပွားရေး ​ကောင်းမွန်အောင် ​ပြုလုပ်မှာဖြစ်ပြီး ​လုပ်ငန်းခွင်က ​သားဖွားမိခင်တွေ ​အိမ်မှာ ​ကလေးငယ်တွေနဲ့ ​အတူအချိန်အကြာကြီး ​နေထိုင်နိုင်အောင် ​ဒေါ်လာ ​သန်းထောင်ချီတဲ့ ​ကူညီထောက်ပံ့မှုမျိုး ​ပြုလုပ်မယ်လို့ ​ပြောခဲ့ပါတယ်။

အဲဒီလို ​သန်းထောင်ချီတဲ့ ​ငွေကြေးကို ​ဘယ်က ​ရအောင် ​လုပ်မလဲလို့ ​ဝန်ကြီးချုပ်က ​မေးခွန်းထုတ်ရာမှာ ​အတိုက်အခံပါတီက ​ကုမ္ပဏီကြီးဆီက ​ရတဲ့ ​အခွန်ငွေတွေနဲ့ ​ရရှိအောင် ​လုပ်မယ်လို့ ​ပြောခဲ့ပါတယ်။

တခါ ​ဝန်ကြီးချုပ်က ​အဲဒီအခွန်က ​ကုန်ကျစရိတ်ရဲ့ ​တစ်ဝက်လောက်ကိုသာ ​ကာမိမှာ ​ဖြစ်တဲ့အတွက် ​ငွေတွေရရှိအောင် ​ဘယ်လို့ ​လုပ်မလဲလို့ ​မေးခွန်းထုတ်ရာမှာ ​အတိုက်အခံဖက်က ​လူတွေ ​ဘဏ်မှာ ​စုထားတဲ့ ​အတိုးနှုန်းကရတဲ့ ​အခွန်တွေနဲ့ ​ပေးမယ်လို့ ​ပြောပါတယ်။

ဒါကို ​ဝန်ကြီးချုပ်က ​ဒီအခွန်တွေနဲ့လည်း ​လုံလောက်မှာ ​မဟုတ်ဘူးလို့ ​ထပ်ပြောတဲ့အခါ ​အတိုက်အခံပါတီက ​ခေါင်းဆောင်က ​ဒီလူ့နှယ် ​ပါးစပ်ပိတ်ထားတတ်ရဲ့လား ​ဆိုပြီး ​ပြောလိုက်ပါတယ်။

ဒီလို ​ကလေးဆန်ဆန် ​ပြောလိုက်တဲ့အတွက် ​ဝေဖန်ခံရပြီးနောက် ​အတိုက်အခံ ​ခေါင်းဆောင်က ​မီဒီယာတွေနဲ့ ​တွေ့ဆုံစဉ်မှာ ​သူခုလို ​ပြောလိုက်ရတာဟာ ​ဝန်ကြီးချုပ်ဖက်က ​ပြောဆိုမှု ​လေသံတွေက ​ရန်လိုတဲ့ ​လေသံတွေ ​ဖြစ်နေတာကြောင့် ​အဲလို ​ပြောဆိုတာလို့ ​တုန့်ပြန်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံမှာ ​စက်တင်ဘာလ ​၇ ​ရက် ​ကြရင် ​အထွေထွေ ​ရွေးကောက်ပွဲ ​ကျင်းပမှာ ​ဖြစ်ပါတယ်။

Radio Australia

အောက်ပါရောဂါရှိသူ မိမိချစ်သူကို ကိုယ်ဝန်တားဆေးမတိုက်ပါနှင့်

Posted by drmyochit Thursday, August 22, 2013, under | No comments


ရောဂါရှိသူများ ပဋိသန္ဓေ တားဆေး မစားသင့်ကြောင်း ကျန်းမာရေး သုတေသီများ၏ လေ့လာတွေ့ရှိချက် များအရ သိရှိရသည်။ အောက်တွင် ဖော်ပြရေးသားမည့် ရောဂါရှိသူများ ပဋိသန္ဓေတားဆေး သုံးစွဲရန် မသင့်ပေ။

(၁) သွေးပြန်ကြော ပိတ်ရောဂါ၊ ဦးနှောက် သွေးကြောကျဉ်း ရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊
(၂) သားမြတ်ကင်ဆာ ရောဂါရှိသူ
(၃) ဟိုမုန်း(Esirogen)မတည့်သော အကျိတ်ကင်ဆာရောဂါ၊
(၄) အကြောင်းမဲ့ မကြာခဏ သွေးဆင်းရောဂါ၊
(၅) ကိုယ်ဝန်ရှိသည်ဟု သံသယ ဖြစ်နေသူ၊
(၆) အသည်းရောဂါ အမျိုးမျိုးရှိနေသူ ဖြစ်နေသူများသည် ပဋိသန္ဓေ တားဆေးကို သုံးစွဲရန် မသင့်ကြောင်း သတိပြုစေချင် ပါသည်။

ဆေးအန္တရာယ် အကြောင်း

(၁) ပဋိသန္ဓေ တားဆေးကြောင့် သွေးပြန်ကြော ပိတ်ခြင်း၊ သွေးပြန် ကြောအတွင်း သွေးခဲခြင်းတို့ ဖြစ်တတ်သည်။ ဆေးသုံးစွဲ သူများတွင် ဤကဲ့သို့ ဖြစ်ရန် ၂ ဆမှ ၁၁ ဆအထိ အန္တရာယ် ပိုမိုကြောင်း သိရသည်။ ဦးနှောက်တွင်း သွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းမှာ သုံးစွဲသူများတွင် ၂ ဆပိုမိုဖြစ်တတ်သည် နှလုံးသွေးကြောကျဉ်း ရောဂါနှင့် နှလုံးသွေးကြော ပိတ်ရောဂါများလည်း ဆေးသုံးစွဲသူများတွင် ပိုမိုဖြစ်တတ်သည်။ အထူးသဖြင့် အသက်(၃၅)နှစ် ကျော်ပြီး ဆေးလိပ် သောက်သူ၊ သွေးတိုးရှိသူ၊ ဝလွန်းသူနှင့် ဆီးချိုရောဂါ ရှိသူများတွင် ပိုမိုအန္တရာယ်များ ပါသည်။ တားဆေးကို အသက် ၃၅ နှစ်ကျော် အထက် အမျိုးသမီးများ တွင် ဆေးကို ၅ နှစ်ဆက် တိုက်စား လာပါက သွေးကြောကျဉ်းရောဂါ များကြောင့် သေဆုံးမှုမှာ ၁၀ ဆကျော် များပြားလာကြောင်း တွေ့ရသည်။

(၂) မျက်စိအတွင်း ခံအာရုံကြောကို ရောင်စေသည်။ ဆေးသောက် နေစဉ် မျက်စိမှုန်လာခြင်း၊ မျက်ခွံကျခြင်းတို့ ဖြစ်ပေါ်လာပါက ဆေးကို ရပ်ပြီး မျက်စိစမ်းသပ်ရန် လိုအပ်သည်။
(၃) ပဋိသန္ဓေတားဆေးကို ကြာရှည်စွာ သောက်သုံးက ရင်သား၊သား အိမ်၊သားဥ အိမ်နှင့် သားအိမ်ခေါင်းကင်ဆာဖြစ်ရန် အလားအလာ ရှိသည်။
(၄) ပဋိသန္ဓေ တားဆေးကြောင့် အသည်း၊ အကျိတ်လုံး ပေါက်ခြင်း၊ အသည်းရောင်ခြင်း၊ အသည်းမာခြင်းနှင့် အသည်းကင်ဆာ ဖြစ်တတ်ခြင်း။
(၅) သည်းခြေအိတ်ရောင်ခြင်းနှင့် သည်းခြေအိတ် ရောဂါအမျိုးမျိုး တို့ဖြစ်တတ်ကြောင်း တွေ့ရသည်။
(၆) ဆေးသုံးစွဲသူများတွင် သွေးတိုးရောဂါ ဖြစ်နှုန်း များပြားလာကြောင်း သိရသည်။ ပဋိသန္ဓေ တားဆေးကို ၅ နှစ်ဆက်တိုက် သုံးစွဲပါက သွေးတိုး ဖြစ်နှုန်းမှာ ၃ ဆပိုမိုများပြား နိုင်ကြောင်း သိရသည်။
(၇) သွေးဆင်းများခြင်း၊ အနည်းငယ် ဆက်တိုင်ဆင်းခြင်း၊ ရာသီသွေး မလာခြင်းစသော ရာသီသွေးမမှန်သည့်ရောဂါလက္ခဏာများ ပေါ်တတ်။

(၈) ကိုယ်လက်ရောင်ခြင်း၊ ဖောခြင်း၊ ဆေးဖြတ်လိုက်သော်လည်း မြုံသွားခြင်း၊ ရာသီလာစဉ်နာကျင် ကိုက်ခဲခြင်း၊ သားမြတ်ရောင်ခြင်း၊ ကိုယ်အလေးချိန် တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားယားနာပေါက်ခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်လှုပ်ရှား လွယ်ခြင်း၊ မျက်စိ တိမ်ကွယ်ခြင်း၊ ဖိုမစိတ်ဆန္ဒ အပြောင်းအလဲ ရှိခြင်း၊ အစားအသောက် ပျက်ခြင်း၊ ခြေလက် ထုံကျဉ်ခြင်း၊ ခေါင်းမူးခြင်း၊ နှာမွှန်ခြင်း၊ မောပန်းလွယ် ခြင်း၊ခါးကိုက်ခြင်း၊ နှုတ်ခမ်းမွေးများ ပေါက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ယားယံ ခြင်း၊ အရေပြားအောက်သွေးယိုခြင်း၊ သွေးအားနည်းခြင်း၊ ဝမ်းကိုက်ခြင်း၊ သွားဖုံးရောင်ခြင်းနှင့် အဆစ်အမြစ် ရောင်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

By ရိုးရာလေး

မူဆလင်ဘရားသားဟုဒ်ခေါင်းဆောင် ဖမ်းဆီးခံရ

Posted by drmyochit Thursday, August 22, 2013, under | No comments


အီဂျစ်နိုင်ငံ၏မူဆလင်ညီအစ်ကိုတော်များအဖွဲ့ အဓိကခေါင်းဆောင်မိုဟာမက်ဘာဒီ၇၀နှစ်
အားအီဂျစ်အာဏာပိုင်များမှဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်းသိရသည်။ရဲများ၏ဖမ်းဆီးထိန်း
သိမ်းမှုအောက်တွင်ရှိသောမူဆလင်ညီအစ်ကိုတော်များအဖွဲ့ မှ အကျဉ်းသား၃၇ဦးသေဆုံး
ပြီးနောက် မတည်မငြိမ်ဇြစ်နေသော ဆိုင်းနိုင်းကျွန်းဆွယ်တွင် စစ်သွေးကြွများကရဲ၂၅ဦး
အားပစ်သတ်ခဲ့ ကြောင်းသိရသည်။


မော်စီဆန့်ကျင်သူများဆန္ဒပြစဉ် သေဆုံးမှုများအပေါ်ရာဇ၀တ်မှုဖြင့်စွဲဆိုကာမူဆလင်
ဘရားသားဟုဒ်များကိုဖမ်းဆီးခဲ့ရာအများအပြားဖမ်းဆီးထိန်းသိမ်းခံရပြီးအချို့ ထွက်ပြေး
လွတ်မြောက်သွားခဲ့ သည်ဟုဆိုသည်။ဘာဒီ၏ ရုပ်ပုံအားရုပ်သံမှ ထုတ်လွှင့်ပြသခဲ့ သည်
ဟုဆိုသည်။လုံခြုံရေးတပ်များနှင့် ဖြုတ်ချခံသမ္မတမော်စီထောက်ခံသူများအကြားရုန်းရင်း
ဆန်ခတ်ဖြစ်မှုကြောင့်ယနေ့ အထိလူပေါင်း၉၀၀နီးပါးသေဆုံးခဲ့ပြီးဖြစ်သည်။လောလော
လတ်လတ်အုံကြွမှုသည် အီဂျစ်စစ်ဘက်အကြီးအကဲဗိုလ်ချုပ်ကြီးအယ်လ်စီစီကအကြမ်းဖက်
ဆူပူအုံကြွသူများအပေါ်အင်အားသုံးဖြေရှင်းတော့မည်ဟုထုတ်ဖော်ပြောကြားအပြီးပေါ်ထွက်
လာခဲ့ ခြင်းဖြစ်သည်။


ထိုစဉ်အတွင်း ယခင်သမ္မတဟောင်း မူဘာရက်အပေါ်စွဲချက်တင်မှုလေးခုတွင် တတိယမြောက်
စွဲချက်မှခြွင်းချက်ဖြင့်လွတ်မြောက်ခဲ့သော်လည်းစတုတ္ထစွဲချက်တစ်ခုကျန်ရှိနေသေးကြောင်း
သိရသည်။အီဂျစ်နိုင်ငံခြားရေးဝန်ကြီးကအီဂျစ်နိုင်ငံသည်လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိ
နေကြောင်းဆူဒန်တွင်ပြောကြားခဲ့သည်။ဆန္ဒပြသူများအားကျည်ဆံအစစ်များရဲကအသုံးပြုနေ
မှုများအပေါ်အလျင်အမြန်ပယ်ဖျက်ပေးရန် Human Right Watch မှတောင်းဆိုခဲ့ သည်။
အီဂျစ်နိုင်ငံတွင် အဓိကအချက်မှာ ဒီမိုကရေစီမဟုတ်ဘဲအစိုးရယန္တရားလည်ပတ်ရန်သာ
ဖြစ်ကြောင်းအုပ်ချုပ်ရေးအရာရှိတစ်ဦးကပြောကြားခဲ့ပြီးအီဂျစ်စစ်တပ်အား ၀ါရှင်တန်မှထောက်ခံ
ရန်ဂျေရုဆလင်ပို့ စ်အားထုတ်ဖော်ပြောဆိုခဲ့ သည်။


Ref_AFP/ACSP

From: Opp

တရုတ်တွင် ဘတ်စ်ကားပေါ် ဓားဖြင့် ရမ်းကားတိုက်ခိုက်

Posted by drmyochit Thursday, August 22, 2013, under | No comments


တရုတ်နိုင်ငံတွင် ဘတ်စ်ကား တစ်စင်းကို ဓားဖြင့် ရမ်းကား တိုက်ခိုက်မှုကြောင့် သေဆုံးသူ ကလေးငယ် အရေအတွက်သည် (၃)ဦးထိ မြင့်တက်လာကြောင်း သိရသည်။ တနင်္လာနေ့က ဟီနန်တွင် ဖြစ်ပွားသော ရမ်းကား အကြမ်းဖက်မှုအတွင်း လူတစ်ဦးသည် ဓားတစ်လက်ဖြင့် ဘတ်စ်ကားပေါ် ပါလာသူများကို ရန်ပြုခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားသည့်နေ့က (၂)ဦး သေဆုံးခဲ့ပြီး အင်္ဂါနေ့တွင် နောက်ထပ် ကလေး(၁)ဦး ဆေးရုံပေါ်တွင် ထပ်မံ သေဆုံးကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။

အန်ယန်းမြို့တော် အုပ်ချုပ်ရေး ဌာနက သေဆုံးသူ အားလုံးသည် ငယ်ရွယ်သူများချည်း ဖြစ်ကြပြီး အသက်အငယ်ဆုံးမှာ (၁၀)လသာ ရှိသေးသည့် မိန်းကလေးဟု အတည်ပြု ပြောကြားခဲ့သည်။ ကျန်သေဆုံးသူ (၂)ဦးသည် (၁၀)နှစ်နှင့် (၁၈)နှစ် အသီးသီး ရှိနေကြသည်။ ဓားကိုင်လူရမ်းကားသည် ဘီဂူအိုသို့ ဦးတည်နေသော ဘတ်စ်ကားပေါ်တွင် ရမ်းကားခဲ့ခြင်းဖြစ်ပြီး လူ(၁၅)ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှု အပြီးတွင် တရားခံသည် ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်သည်။ တနင်္လာနေ့က တိုက်ခိုက်မှုအပြီး ဒဏ်ရာရသူများကို ဆေးရုံ ပို့ဆောင်စဉ်မှာပင် (၂)ဦး သေဆုံးသွားသည်။

ဒဏ်ရာရသူများအနက် အသက်အကြီးဆုံးသည် (၆၇)နှစ်အရွယ်ဖြစ်ပြီး အသက်အငယ်ဆုံးသည် (၁၈)နှစ်ဟု ဆေးရုံနှင့် နီးစပ်သူများက ဆိုသည်။ အန်ယန်းမြို့တော် အုပ်ချုပ်ရေး ဌာနသည် အဆိုပါ ရမ်းကားတရားခံကို ရှာဖွေရန် ရဲဝန်ထမ်း (၄၀၀)ကို ဖြန့်ကျက် တာဝန်ပေးထားသည်။ ဓားသမားသည် လမ်းဘေးရှိ ပြောင်းခင်းတစ်ခုထဲ ဝင်ရောက် လွတ်မြော်ကခဲ့ကြောင်း သိရသည်။ အန်ယန်းရဲတပ်ဖွဲ့သည် အဆိုပါ လူသတ်သမားအကြောင်း သတင်းပေးသူကို ဆုငွေ ယွမ်တစ်သိန်း ပေးအပ်မည်ဟုလည်း ကြေညာထားသည်။

From: Planet

လူကုန်ကူး ခံရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖမ်းဆီး ရမိ …….

Posted by drmyochit Thursday, August 22, 2013, under | No comments


နေပြည်တော် သြဂုတ် ၂၁    

၂ဝ၁၃ ခုနှစ် သြဂုတ် ၁၉ရက် ညနေ ၅နာရီခွဲက ဧရာဝတီတိုင်း ဒေသကြီး ငရုတ်ကောင်း မြို့နယ်ခွဲ နံ့သာပု ကျေးရွာ ဂိုရန်ကြီးကျွန်း ကမ်းခြေတွင် ဘင်္ဂါလီ လူမျိုး ၅၃ဦးအား တာဝန် ရှိသူများမှ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ သူများအား စစ်ဆေးမေးမြန်းရာ ဘူးသီးတောင်၊ မောင်တောနေ ဘင်္ဂါလီ ၁၇ဦးက ၎င်းတို့အား မောင်တော မြို့နယ် ငါးခူရ ကျေးရွာနေ လူပွဲစား ဘင်္ဂါလီလူမျိုး အာယု ၃၅နှစ်မှ လူတစ်ဦးလျှင် ငွေတစ်သိန်းခွဲ၊ နှစ် သိန်း ရယူပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟု ဆိုကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ ခေါ်ဆောင်သွားပြီး ဘင်္ဂလား ဒေ့ရှ်နိုင် ငံသား ၂ဝဝကျော် ခန့်တို့နှင့် အတူ သြဂုတ် ၁၃ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အုန်းကျွန်းမှ စက်လှေဖြင့် ထွက်ခွာခဲ့ကြောင်း၊ သြဂုတ် ၁၉ ရက် ညနေ ၅နာရီခန့်က ဧရာဝတီတိုင်း ဒေသကြီး ငရုတ်ကောင်းမြို့နယ် ခွဲရှိ ဂိုရန်ကြီး  ကျွန်းအနီး သို့ ရောက်ရှိစဉ် ရာသီဥတု ဆိုးရွားပြီး လှိုင်းလေ ထန်သောကြောင့် ကမ်းခြေအနီး စောင့်ဆိုင်းစဉ် အဆိုပါ ဖမ်းဆီးရမိ ၅၃ ဦးမှာ အစာနှင့် ရေရိက္ခာ ပြတ်လပ်၍ စက်လှေပေါ်မှ ခုန်ချလျက် နံ့သာပု ကျေးရွာသို့ ကူးခတ်ခဲ့ရာ ကမ်းခြေ၌ သက်ဆိုင်ရာ အဖွဲ့များမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိ တရားခံများအား သက်ဆိုင်ရာမှ လိုအပ်သလို စစ်ဆေး မေးမြန်းလျက် ရှိကြောင်း သတင်း ရရှိသည်။      

From: မြ၀တီ

မြန်မာသံရုံးဗုံးခွဲဖို့ သံသယရှိသူ ၄ဦး ထပ်မံဖမ်းဆီးခံရ

Posted by drmyochit Thursday, August 22, 2013, under | No comments


အကြမ်းဖက်သမားတွေကို လက်လံနှိမ်နင်းဖမ်းဆီးနေတဲ့ အင်ဒိုနီးရှားရဲတွေ (Credit: Reuters)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်မှုနဲ့ သံသယဖြစ်နေတဲ့ အမျိုးသား လေးဦးကို အင်ဒိုနီးရှားရဲတွေဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

သံသယဖြစ်ဖွယ်ရာ လူလေးဦးကို စနေနေ့ကနေ အင်္ဂါနေ့အထိ လိုက်လံဖမ်းဆီးမိခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ ဖမ်းမိတဲ့ အမျိုးသားနှစ်ဦးဟာ အကြမ်းဖက်မှုနဲ့ ထောင်ဒဏ်ရှစ်နှစ် ကျခံရဖူးသူတွေဖြစ်ပြီးတော့ ၂၀၀၈ ခုနှစ်က မှ ပြန်လွတ်လာတာဖြစ်တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ronny Sompie က ပြောပါ တယ်။

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ မွတ်စလင်တွေကြားက ပဋိပက္ခတွေဟာ အင်ဒိုနီးရှား နိုင်ငံမှာရှိတဲ့ မွတ်စလင်လူမျိုးတွေကို အမျက်ဒေါသ ပိုမိုတိုးပွားစေခဲ့ပြီး အခုဖမ်းဆီးမိတဲ့ အမျိုးသားလေး ဦးဟာ မြန်မာသံရုံးကိုဗုံးခွဲဖို့ ကြံစည်မှုမှာ ပါဝင်တယ်လို့ သံသယဖြစ်ခံထားရသူတွေ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် က ပြောပါတယ်။

မေလ ၂ရက်နေ့တုန်းက မြန်မာသံရုံးကို ဗုံးခွဲဖို့အတွက် ကျောပိုးအိတ်ထဲမှာ လက်လုပ်ဗုံး ငါးလုံးသယ် ဆောင်လာတဲ့ အမျိုးသား ၂နှစ်ဦးကို အင်ဒိုနီးရှားရဲတွေကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အကြာသေးခင်ကပဲ ဂျာကာတာမှာရှိတဲ့ အက္ကယာန ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို မွတ်စလင် စစ်သွေး ကြွအဖွဲ့တဖွဲ့ကနေ ဗုံးခွဲတိုက်ခဲ့ပြီး လူတဦးအနည်းငယ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ABC Radio Australia

နိုင်ငံ ၅ဝ ကျော်မှ မိုဘိုင်းဖုန်းများ မြန်မာ၌ အသုံးပြုနိုင်ပြီ

Posted by drmyochit Thursday, August 22, 2013, under | No comments


ရန်ကုန်၊ သြဂုတ် ၂ဝ

မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၅ဝ ကျော်မှ မိုဘိုင်းဖုန်းများ သယ်ဆောင် အသုံးပြုခွင့်ရရှိနေပြီဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။

”နိုင်ငံတွေ တော်တော်များနေပါ ပြီ။ အာရှ၊ ဥရောပ၊ အရှေ့ဖျားနိုင်ငံတွေ များပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှအရာရှိတစ်ဦးက ပြောသည်။

ယင်းသို့ ပြည်ပဖုန်းများ မြန်မာ၌ သုံးစွဲခွင့်ပေးရာတွင် မြန်မာ့ဆက်သွယ် ရေးနှင့် ချိတ်ဆက်လုပ်ကိုင်သည့် ကုမ္ပ ဏီများမှ ဖုန်းများသာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

”ပြောချင်တာက နိုင်ငံငါးဆယ် သုံးစွဲခွင့်ရတယ်ဆိုတာကRoaming   ချိတ်ထားတဲ့ နိုင်ငံတစ်နိုင်ငံလုံးက ဖုန်း တွေလာသုံးလို့ရတာ မဟုတ်ဘူး။ ဥပမာ စင်ကာပူနိုင်ငံနဲ့ ချိတ်ဆက်ထားရင် စင် ကာပူမှာအော်ပရေတာအဖြစ် လုပ်ကိုင် နေတဲ့ ကုမ္ပဏီသုံးခုထဲက ကုမ္ပဏီ တစ် ခုနဲ့ပဲ ချိတ်ထားတဲ့ပုံစံမျိုးပေါ့။ ကုမ္ပ ဏီတစ်ခုပဲချိတ်ထားရင်ကျန်တဲ့ ကုမ္ပဏီ နှစ်ခုက ဖုန်းတွေ လာသုံးလို့မရဘူး။ ဒီသဘောပါ”ဟု ၄င်းကရှင်းပြသည်။

အဆိုပါ ဆောင်ရွက်ချက်များကို ၂ဝ၁၂ ခုနှစ်ဆန်းမှ စတင်အကောင်အ ထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကျင်းပပြီးစီး ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့ အာရှ)တွင် စတင်သုံးစွဲခွင့်ပေးခဲ့ခြင်းဖြစ် ကြောင်း၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်ပ နိုင်ငံများမှ ဖုန်းများသုံးစွဲနိုင်ပြီဖြစ် သော်လည်း မြန်မာဖုန်းများအား ပြည်ပ နိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင် မည်မဟုတ်သေးေ ကြာင်း ငွေကြေး ဖြတ် တောက်မှုနှုန်းထားများ ကျန်ရှိနေသည့် အတွက် အသုံးပြုခွင့် မပေးခြင်းဖြစ် ကြောင်း ၄င်းကဆက်ပြောသည်။

”စမ်းသပ်မှုတွေတော့ ပြုလုပ်နေ ပါတယ်။ ဘယ်အချိန်အသုံးပြုခွင့်ပေး သွားမလဲဆိုတာတော့ ခန့်မှန်းလို့ မရ သေးပါဘူး။ ရတာနဲ့ ကြေညာပေးသွား မှာပါ”ဟု ၄င်းက ဆက်ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း သည် ယခင်က မြန်မာ့ဖုန်းများ နိုင်ငံ တကာနှင့် အပြန်အလှန်သယ်ဆောင်အ သုံးပြုခွင့်ကို ၂၇ ကြိမ်မြောက် ဆီးဂိမ်း တွင် ဆောင်ရွက် မည်ဟု ပြောဆိုထား မှုများရှိခဲ့သော်လည်း လက်ရှိတွင်Inbound Roaming အဆင့်သာ ရှိပြီး Outbound Roaming မရောက် ရှိသေးကြောင်း သိရသည်။

PN-052
Popular Myanmar News Journal

"မွတ်ဆလင်တို့အား အထင်ကြီးနေသူ အမြှောင်မယားများ သိစေရန်"

Posted by drmyochit Thursday, August 22, 2013, under | No comments


ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် မျိုးရိုးအစဉ်အဆက်က ရိုးသားကြ၏။ ပွင့်လင်းကြ၏။ အေးအေးဆေးဆေး နေတတ်ကြ၏။ အမှုမဲ့နေနိုင်လွန်း၏။ ဘဝရှေ့ရေးကို တွေးတောဆင်ခြင်မှု မရှိကြပေ။ လူတစ်ဖက်သားကို ကောင်းတဲ့သူဖြစ်စေ၊ မကောင်းတဲ့သူဖြစ်စေ၊ ကိုယ့်ကိုအန္တရာယ်ပေးမည့်သူဖြစ်စေ၊ အန္တရာယ်မပေးမည့်သူ ဖြစ်စေ၊ ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ၊ လူမိုက်ဖြစ်စေ၊ လူကောင်းဖြစ်စေ၊ လူယုတ်ဖြစ်စေ၊ လူမြတ်ဖြစ်စေ၊ ဘာသာတူဖြစ်စေ၊ ဘာသာခြားဖြစ်စေ၊ သနားကြင်နာတတ်၏။

သို့သော် မြန်မာလူမျိုးတို့သည် လူတစ်ဖက်သားကို ကဲ့ရဲ့သန်၍ အပြစ်တင်မြန်ကြ၏။ ယခုအခါ မြန်မာတစ်မျိုးသားလုံး၌ မွတ်ဆလင်တို့၏ ဘာသာအန္တရာယ်ကျရောက်လာခြင်းကို မြန်မာလူမျိုးအများစုသည် မသိရှိကြသေး၊ “ထိပ်ချတာတောင် ဓားပြမှန်းမသိကြသေး” အမျိုးဘာသာ သာသနာ့အရေးကို အမျှော်အမြင်ရှိကြသော ရဟန်း သံဃာတို့နှင့် လူပုဂ္ဂိုလ်အချို့တို့သည် အမိမြေအတွက် လူမျိုးအတွက် ဘာသာ သာသနာအတွက် ရှေ့တန်းက မားမားမတ်မတ်ဆောင်ရွတ်နေတာကို နောက်ကနေ အားပေးကူညီရမည့်အစား “ဘုန်းကြီးတွေ နေရာတကာပါတယ် သူတို့ကြောင့် ဆန်ဈေးတက်တယ် ဓာတ်ဆီဈေးတတ်တယ်၊ ဆန်ဈေးကျအောင် စီးပွားရေးကောင်းအောင်ကျတော့ မလုပ်ဘူး၊ အဓိပ္ပါယ်မဲ့တွေကိုလိုက်လုပ်တယ်။ ဝိနည်းနဲ့မညီဘူး၊ မြတ်စွာဘုရားဟောတဲ့အထဲမှာ ဒါတွေမပါဘူး။ ကုလားပဲရန်ရှာနေတယ် ဘာဖြစ်တယ် ညာဖြစ်တယ်”ဟု အဓိပ္ပါယ်မဲ့ အမြှောင်မယားအတွေး အခေါ်နဲ့ စွပ်စွဲကြပေသည်။

သူ့လင်ကုလားအကြောင်း သိဟန်မတူ၊ မိမိတို့အမျိုး ဘာသာတည်တန့်ရေး၊ မိမိတို့မလုပ်လျှင် ဘယ်သူကလာ၍ လုပ်ပေးမည်နည်း။ မိမိတို့ အေးအေးဆေးဆေးနေလိုပါသည်။ သို့သော် မြန်မာပြည်မှာလာနေပြီး မြန်မာလူမျိုးတို့ကို စော်ကားရင် လက်ပိုက်ကြည့်နေမည်မဟုတ်ပါ။ တရားက တရားဖြစ်သလို၊ ဓားကလည်းဓားပါပဲ၊ တရားအသိရှိသလို ဓားကိုလည်း အမြဲကြည့်နေရပါတယ်။ တရားအကြောင်းကိုလည်း တွေးနေရသလို ဓားကိုလည်း သွေးနေရပါတယ်။ ဗုဒ္ဓဘာသာ သာသနာနှင့် ဗုဒ္ဓဘာသာဝင်တို့အတွက် လိုအပ်မည်ဆိုပါလျှင် အသက်ကိုပင် ငဲ့ကွက်နေမည်မဟုတ်ပါ။ ဒါကြောင့် အမြှောင်မယားတို့ သင်တို့၏ ဦးနှောက်ထဲရှိ အမြှောင်မယားအတွေးအခေါ်ကို ဖယ်ရှားပစ်လိုက်ပြီး ယနေ့မှစ၍ အမျိုး ဘာသာ သာသနာအတွက် ကြိုးစားကြပါတော့…ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ရင်းနှီးကျွမ်းဝင်သူတွေကိုသာ အင်တာဗျူးဖြေပေးတယ်လို့ ဆိုတဲ့ မိုးဟေကို

Posted by drmyochit Thursday, August 22, 2013, under | No comments



သရုပ်ဆောင် မိုးဟေကိုက သူမအနေနဲ့ မီဒီယာတိုင်းကို အင်တာဗျူး ဖြေပေးသူမဟုတ်ပဲ ရင်းနှီးကျွမ်းဝင်သူတွေကိုသာ  တလေးတစား ဖြေဆိုပေးသူဖြစ်ကြောင်း အတိအလင်း ၀န်ခံပြောဆိုလိုက်ပါတယ်။ အနုပညာ လောကမှာ ပရိသတ် စိတ်ဝင်စားခြင်း ခံရသူတွေကို သတင်းမီဒီယာတွေက အသည်းအသန် အင်တာဗျူးဖို့ ကြိုးစားကြတာနဲ့ ပတ်သက်ပြီး မိုးဟေကိုက အခုလို ဖွင့်ပြောလိုက်တာ ဖြစ်ပါတယ်။ သူမနဲ့ မိသားစုကို ခင်မင်ရင်းနှီးတဲ့ ပေါ်ပြူလာ၊ အလင်းတန်းနဲ့ နံနက်ခင်း ဂျာနယ်တွေက လာမေးရင် တလေးတစားနဲ့ သေသေချာချာ ဖြေပေးပါတယ်။ နောက်တစ်ခုက တယ်လီဖုန်းနဲ့ အင်တာဗျူးဆိုရင်လည်း မိုးဟေကိုက ဖြေဆိုလေ့ ရှိသူမဟုတ်ပါဘူး။ ဂျာနယ်အသစ်တွေဆိုရင်တော့ မိုးဟေကိုရဲ့ အင်တာဗျူးကိုရဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထားပါ။ ဒါကြောင့် မီဒီယာ စာမျက်နှာတွေပေါ်မှာ သူမကို သိပ်ပြီး မတွေ့ရတာပါလို့တောင် မိုးဟေကိုက ဖွင့်ပြောသွားပါတယ်။

မကြာသေးခင်က အိမ်ခြံမြေအရှုပ်အထွေးနဲ့ပတ်သက်ပြီး မိုးဟေကိုရဲ့ သတင်းတွေ ရေပန်းစားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သိပ်မတွေ့ရတော့ပါဘူး။

Friday(Malay)

ဆီးဂိမ်းအကြို အားကစား ပြိုင်ပွဲများ အခမဲ့ ကြည့်ရှုခွင့်နှင့် ကြိုပို့ စီစဉ်ပေးမည်

Posted by drmyochit Thursday, August 22, 2013, under | No comments


(ရန်ကုန်၊ သြဂုတ် ၁၉)

ဆီးဂိမ်း အကြိုပြိုင်ပွဲများအား အခ မဲ့ ကြည့်ရှုခွင့် အပြင် သွားလာရေး အတွက် စီစဉ်ပေးသွားမည်ဟု အားကစား ဝန်ကြီး ဌာနမှ သိရသည်။

”ဘယ်ပွဲစဉ်မဆို အခမဲ့ ကြည့်ခွင့် ပေးသွားမှာပါ။ အခြား ဝန်ဆောင်မှု အနေနဲ့ ပြိုင်ပွဲ လာကြည့်ဖို့ လွယ်ကူအောင် လိုင်းကားတွေ ပြေးဆွဲပေးမယ့် ပုံစံမျိုး ဆောင်ရွက်ပေး မှာပါ” ဟု အားကစား ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ဆီးဂိမ်း အကြိုပြိုင်ပွဲ အဖြစ် နေပြည်တော်တွင် ဗိုဗီနမ်နှင့် ကရာတေးဒို ပြိုင်ပွဲနှစ်ခု ကျင်းပရန် ရှိပြီး ဗိုဗီနမ် အားကစားနည်းကို ယခုလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ အထိလည်း ကောင်း၊ ကရာတေးဒိုကို ၂၈ ရက်နေ့မှ ၃ဝ ရက်နေ့ အထိလည်းကောင်း ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

”ရုပ်သံကတော့ ပြသမှာ မဟုတ်ပါဘူး။ အခမဲ့ လာရောက် ကြည့်ရှုခွင့်ပဲ ပေးသွားမှာပါ။ ရန်ကုန်က လာကြည့်မယ့် ပရိသတ်တွေကိုလည်း ကားစီစဉ် ပေးဖို့ မရှိပါဘူး။ ပြိုင်ပွဲကြီး ကျင်းပတော့ မှပဲ စီစဉ်ပေးသွားမှာပါ”ဟု ၄င်းက ဆက် လက်ပြောသည်။

အဆိုပါ ပြိုင်ပွဲများကို နေပြည် တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံတွင် ကျင်း ပမည်ဖြစ်ကြောင်း၊ ဆီးဂိမ်း ကျင်းပသကဲ့ သို့ စီစဉ် သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂၇ ကြိမ် မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည့် အတွက် ဆီးဂိမ်း အကြို ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပ ပြုလုပ်နေ ခြင်းဖြစ်ပြီး လက်ရှိတွင် ဆီးဂိမ်း အကြို ပြိုင်ပွဲ အဖြစ် မြင်းစီး၊ မြားပစ်၊ နပန်း၊ စက်ဘီး၊ တိုက်ကွမ်ဒို စသည့် အားကစား နည်းများကို ကျင်းပပြု လုပ် ထားကြောင်း သိရသည်။

လက်ရှိတွင် ဆီးဂိမ်း အကြို (Pre Sea Games) အဖြစ် ကျင်းပမည့် ဗိုဗီနမ်နှင့် ကရာတေးဒို ပြိုင်ပွဲများ အပြင် MFFU-16 Championship 2013 ပြိုင်ပွဲကို လည်း နေပြည်တော် တွင် ပြု လုပ်နေကြောင်း သိရသည်။

PN052
From: Popular Myanmar News Journal

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်