Friday, July 06, 2012

အစ္စလာမ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း

Posted by drmyochit Friday, July 06, 2012, under | No comments


OIC ခေါ် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က အမျိုးသား ဒီမို ကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်က ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရမှု အဆုံးသတ်ရေးအတွက် ကူညီပါရန် တိုက်တွန်းလိုက် ပါတယ်။
OIC အဖွဲ့အကြီးအကဲ မစ္စတာ အစ်ကမက်လဒင်း  အီစားနို (Ekmeleddin Ihsanoglu)  က  ဒေါ်အောင်ဆန်းစုကြည်ကို  စာနဲ့ရေးသား မေတ္တာ ရပ်ခံ ရမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တဦးအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်း   ရေး အတွက်လုပ် ငန်းတွေကို မြန်မာပြည်ထဲရေး   ပြဿနာတွေ   ဖြေရှင်း ရာကနေ စတင်ဆောင်ရွက် လိမ့်မယ်လို့ မိမိတို့ ယုံကြည် ပါကြောင်း ဖော်ပြပါရှိပါတယ်။

အဖွဲ့ဝင် ၅၇ နိုင်ငံ ပါရှိတဲ့ OIC အဖွဲ့ရဲ့ ညွန်ကြားရေးမှူးချုပ် မစ္စတာ အစ်ကမက်လဒင်း အီစားနိုက ဒုက္ခသည်တွေ မိမိတို့ နေရာကို မြန်မြန်ဆန်ဆန် ပြန်နိုင်ရေးအတွက်လည်း တိုက်တွန်း ပြောကြားလိုက်ပြီး ရိုဟင်ဂျာများရဲ့ အခွင့်အရေးတွေ ဖောက်ဖျက်ခံရမှု အပေါ်လည်း စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် သူ့ရဲ့စာထဲမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျက်ဒါမြို့က OIC ဌာနာချုပ်ကို လာရောက်လည် ပတ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ထားပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်