Friday, July 06, 2012

ပါကစ္စတန်နှင့် အမေရိကန်နိုင်ငံတို့သည် မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်မှုများကို ဖြေရှင်းရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး လျက်ရှိခြင်း

Posted by Anonymous Friday, July 06, 2012, under | No comments


ပါကစ္စတန် နိုင်ငံသည် နိုင်ငံ၏ မျိုးနွယ်စုဒေသများအတွင်းမောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက် ခံရမှုများနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဘက် လက်ခံနိုင်စွမ်းရှိသော ဖြေရှင်းချက် ရရှိရန်အတွက် အမေရိကန် နိုင်ငံနှင့် အတူတွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မို့ဇမ်ခမ်က ဇူလိုင်လ ၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ပါကစ္စတန်နိုင်ငံက ကန့်ကွက်လျက် ရှိသော်လည်း အမေရိကန်နိုင်ငံကလေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဟီနာရတ်ဘာနီခါနှင့် တယ်လီဖုန်းဖြင့်ဆွေးနွေးစဉ်အတွင်း တပ်ဖွဲ့ဝင်များ အပေါ်မှားယွင်းစွာ တိုက်ခိုက်ခဲ့မှု အတွက် စိတ်မကောင်းပါကြောင်းနှင့် ပါကစ္စတန်နိုင်ငံ၏ အချုပ်အခြာအာဏာကိုလေးစားပါကြောင်း ပြောကြား ခဲ့ပါသည်။ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဟီနာရတ်ဘာနီခါသည် ဇူလိုင်လ ၈ ရက်နေ့တွင် အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာ ညီလာခံတက်ရောက်ရန် အတွက်ဂျပန်နိုင်ငံ တိုကျိုမြို့သို့ သွားရောက်မည်ဖြစ်ကြောင်းနှင့် အဆိုပါ ညီလာခံသို့ အစိုးရအဖွဲ့ အစည်းများနှင့် နိုင်ငံပေါင်း ၇ဝ မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်