Friday, July 06, 2012

တရုတ်နိုင်ငံက ဆီးရီးယားအစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ဟုဆို

Posted by Anonymous Friday, July 06, 2012, under | No comments

တရုတ်နိုင်ငံသည်ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ဇူလိုင်လ ၆ ရက်နေ့တွင် ပြုလုပ်မည့် ဆီးရီးယား မိတ်ဆွေများ အစည်းအဝေးသို့ တက်ရောက်ရန်ပြင်သစ်၏ဖိတ်ခေါ်မှုကို လက်ခံရရှိသော်လည်း ၎င်းအစည်းအဝေးသို့ တက်ရောက်ရန် အစီအစဉ်မရှိကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လူဝေမင်းက ဇူလိုင် လ ၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ ဇွန်လ ၃ဝ ရက်နေ့က  ဂျီနီဗာတွင် ပြုလုပ်ခဲ့သော အစည်းအဝေး၌ ဆီးရီးယားနိုင်ငံအတွင်း ၁၆ လကြာဖြစ်ပွားနေသော ပဋိပက္ခများ အဆုံးသတ်စေရန်အတွက် သမ္မတ အာဆက် နုတ်ထွက်ပေးရန်ပြဌာန်းချက်များ မပါသော်လည်း အသွင် ကူးပြောင်းရေး အစိုးရသစ်တစ်ရပ် ဖွဲ့စည်းသင့်ကြောင်း သဘောတူညီခဲ့ကြသည်။ ဇူလိုင် ၆ ရက်နေ့ တွင်ကျင်းပမည့် ဆီးရီးယားမိတ်ဆွေများ အစည်းအဝေးသည် ၂ဝ၁၂ နှစ်အတွင်း တတိယအကြိမ်ပြုလုပ်သော အစည်းအဝေးဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့်ဖေဖော်ဝါရီလက တူနီးရှားတွင်ပြုလုပ်သော အစည်းအဝေးနှင့် ဧပြီလက တူရကီတွင်ပြုလုပ်ခဲ့သော ယခင်အစည်းအဝေး နှစ်ခုစလုံးအား တက်ရောက်ခဲ့ခြင်း မရှိကြောင်းသိရှိရ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်