Friday, July 06, 2012

ဘိုလီဗီးယားနိုင်ငံ၏ံH1N1 တုပ်ကွေးရောဂါဖြစ်ပွားမှု

Posted by Anonymous Friday, July 06, 2012, under | No comments

CNA.com;July-4(Wed)
  
ဘိုလီဗီးယား နိုင်ငံတွင် H1N1 တုပ်ကွေး ပြန်လည် ဖြစ်ပွားမှုသည် လူ ၉ဝဝ ကျော်ကို ကူးစက်စေခဲ့ပြီး၊ ၁၁ ဦးသေကြေပျက်စီးစေခဲ့ကြောင်း ကျန်းမာရေး အရာရှိများကပြောကြားခဲ့ပါသည်။လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်ကရောဂါဖြစ်ပွားမှု အများစုကို တွေ့ရှိခဲ့ရသော်လည်း ရောဂါပြန်လည် ဖြစ်ပွားမှုသည် အမျိုးသား ကပ်ရောဂါ အဆင့်သို့ မရောက်ရှိခဲ့ကြောင်း အရာရှိများကပြောကြားခဲ့ပါသည်။ တရားဝင်စာရင်း ဇယားများအရ နိုင်ငံ တစ်ဝန်းလုံးတွင် ၈၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး La Paz ၏ အနောက်ပိုင်းဌာနတွင် ၆ဝ၆ကြိမ်၊ တောင်ပိုင်း ဌာနတွင်  ၆ဝကြိမ်၊ ဆန်တာခရုစ်ဇင် အရှေ့ပိုင်းဌာနတွင် ၁၆၇ ကြိမ်နှင့် အလယ်ပိုင်း Cochabamba ဌာနတွင် ၃၆ ကြိမ်တို့ဖြစ်ပါသည်။ အမျိုးသား အဆင့်တွင်မူ အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ အနောက်ပိုင်းဒေသသည်ဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကပ်ရောဂါဌာနမ Johnny Rade  သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ La Paz နှင့် La Pazဒေသများတွင် ကျန်းမာရေး တပ်လှန့်မှုများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်မှု ပမာဏကိမြှင့်တင်၍ ခွင့်ပြုထားကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်