အမေရိကန် ပြည်ထောင်စုကနေ မြန်မာနိုင်ငံကို လူသားချင်း စာနာတဲ့ ကူညီထောက်ပံ့ငွေ အမေရိကန် ၃သန်းဒီကနေ့ပေးအပ်လိုက်ပါတယ်။ ဒီ ကူညီ ထောက်ပံ့ငွေကို USAID အဖွဲ့က တဆင့် ပေးအပ် သွားမှာ ဖြစ်တဲ့ အကြောင်းနဲ့ ဒီငွေတွေဟာ ပြည်တွင်းစစ်နဲ့ သဘာဝ ဘေးအန္တရာယ် တွေကြောင့် ဒုက္ခ ရောက်နေသူတွေ အတွက် ထောက်ပံ့ ကူညီတာ ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးတာဝန်ခံ Micheal Thurston က ပြောပါတယ်။ ရန်ကုန်မြို့ အင်ယားလိပ် ဟိုတယ်မှာ ကျင်းပတဲ့ ဒီ အလှူငွေ ပေးအပ်ပွဲ အခမ်းအနား ကို မြန် မာနိုင်ငံ အခြေစိုက် UNDP ရုံး ဌာနေ ကိုယ်စားလှယ် Ashok Nigam ၊ ကုလသမဂ္ဂ ရန်ကုန်ရုံး ဒါရိုက် တာ Barbara Manzi, သီတဂူ နိုင်ငံတကာ ဗုဒ္ဓ တက္ကသိုလ်က ဆရာတော် ဦးပညာသီဟနဲ့ ဦးဟန်တို့ တက်ရောက် ခဲ့ပါတယ်။
http://www.pnsjapan.org/
Time in Rangoon

0 comments:
Post a Comment