Friday, July 06, 2012

နေပြည်တော် ဇူလိုင် ၆ ကြေငြာချက်

Posted by drmyochit Friday, July 06, 2012, under | No comments


လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်သည့် လွှတ်တော် ကိုယ်စားလှယ် အမျိုးသားများ သည် ခေါင်းပေါင်း၊ ပုဆိုး၊ တိုက်ပုံဖြင့် လည်းကောင်း၊ အမျိုးသမီးများသည် ရင်ဖုံးအင်ကျီ လက်ရှည်နှင့် ပုဝါခြုံ၍လည်းကောင်း၊ တိုင်းရင်းသားများသည် တိုင်းရင်းသား ၀တ်စုံဖြင့် လည်းကောင်း၊ တပ်မတော်သားများသည် ကာကွှယ်ရေးဝန်​ကြီးဌာနမှ သတ်မှတ်ထား သည့် ၀တ်စုံဖြင့်လည်းကောင်း၊ ဧည့်သည်တော်များသည်လည်း လွှတ်တော်ကိုယ်စားလှယ်များ နည်းတူ သတ်မှတ်ဝတ်စုံများဖြင့် လည်းကောင်း စနစ်တကျ ၀တ်ဆင်၍ တက်ရောက်လျက်ရှိကြကြောင်း၊



ထို့အတူ လွှတ်တော်အသီးသီးတွှင် တာဝန် ထမ်းဆောင်နေကြသည့် ၀န်ထမ်းများသည်လည်း သက်ဆိုင်ရာ ဌာန အသီးသီးမှ သတ်မှတ် ၀တ်စုံများကို ၀တ်ဆင်၍ တာဝန်ထမ်းဆောင်လျင်ရှိကြကြောင်း၊ သို့သော် လွှတ်တော် အစည်းအဝေးများသို့ တက်ရောက် သတင်းရယူသည့် ပုဂဂိုလ်အချို့၏ ၀တ်စား ဆင်ယင်မှုများမှာ လွှတ်တော်အတွှင်း လိုက်လျောညီထွှေမှု မရှိသည်ကို တွှေ့ရှိရသဖြင့် လွှတ်တော်အတွှင်း ၀င်ရောက်၍ သတင်းရယူကြသည့် နိုင်ငံသား၊ နိုင်ငံခြားသားများအား တီရှပ်ကဲ့သို့သော အင်ကျီ စပို့ရှပ်နှင့် 3 quartr ကဲ့သို့သော ဘောင်းဘီ (ဒူးဖုံး) ပုံစံမျိုးများ ၀တ်ဆင်မှု မပြုရေးနှင့် လွှတ်တော်အတွှင်း ပတ်ဝန်ကျင်အခြေအနေနှင့် လိုက်လျောညီထွှေမှု ရှိပြီး သင့်တင်စွှာ ၀တ်ဆင်မှုပြုရေးကို ကြပ်မတ်ဆောင်ရွှက်ရန် လိုကြောင်း ပြည်ထောင်စုသမမတ မြန်မာနိုင်ငံတော် လွှတ်တော် အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီက ဇူလိုင်လ ၅ ရက်နေ့တွှင် စာအမှတ် ၁/ပထ(စည်းဝေး) ၁/၂၀၁၂-၈၉ ဖြင့် ပြန်ကြားရေးကော်မတီသို့ အကြောင်းကြား ခဲ့ပါသည်။

ပြန်ကြားရေးကော်မတီအနေဖြင့်လည်း ပထမအကြိမ်လွှတ်တော် စတုတထပုံမှန် အစည်းအဝေး များတွှင် သတင်းရယူ နေသည့် သတင်းထောက်များအား ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ လိုက်နာ ၀တ်စားဆင်ယင်မှုပြုကြရန် ဇူလိုင်လ ၆ ရက်နေ့တွှင် စာအမှတ် ၇ သတ ၂၀၁၂ (၁၉၄)ဖြင့် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းဥကကဋဌနှင့် ပြည်တွှင်း သတင်းဌာန များသို့ ဆက်လက် အကြောင်းကြားထားပြီး ဖြစ်ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်