Farsnews.com;July-4(Wed)
အစ္စလာမ္မစ်
တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) သည် ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခ၏အစောပိုင်း မိနစ်များ အတွင်းတွင်
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် အခြေစိုက်စခန်း ၃၅ ခုအား တိုက်ခိုက်ရန် အရေးပေါ် အစီအစဉ်များအား
ရေးဆွဲပြီးဖြစ်ကြောင်း IRGC ၏ လေကြောင်းနှင့် အာကာသဆိုင်ရာ တပ်ဖွဲ့ တပ်မှူးဗိုလ်မှူးချုပ် Amir Ali Hajizadeh ကပြောကြားခဲ့ပါသည်။ မိမိတို့ အနေဖြင့်
တိုက်ခိုက်ခံရပြီး မိနစ်အနည်းငယ် အတွင်းတွင် အဆိုပါ အခြေစိုက်စခန်းအားလုံး ဖျက်ဆီးရေးအတွက်
ဒုံးကျည်များ တပ်ဖြန့် ချထားရန်နှင့် အခြေစိုက်စခန်းများ ဖွဲ့စည်းတည်ဆောက်ရန်ပြုလုပ်ထားကြောင်း၊
အမေရိကန်နှင့်ဖြစ်ပေါ် လာနိုင်သည့် ထိပ်တိုက် ရင်ဆိုင်မှုများ အတွက် အီရန်၏ အရေးပေါ် အစီအစဉ်များအား
ကိုးကား၍ Hajizadeh ကဇူလိုင်လ
၎ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံ၏ ဝန်းကျင်တွင် အမေရိကန် အခြေစိုက်စခန်း
၃၅ ခုရှိကြောင်း၊ အဆိုပါ အခြေစိုက် စခန်းအားလုံးသည် မိမိတို့၏ ဒုံးကျည်များဖြင့် ပစ်ခတ်နိုင်သော
အကွာအဝေး အတွင်းတွင် ရှိကြောင်း၊ ပါလက်စတိုင်း နယ်မြေများအား သိမ်းပိုက်ထားသော အစ္စရေးနိုင်ငံသည်
မိမိတို့ အတွက် ကောင်းမွန်သော ပစ်မှတ်များဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
Time in Rangoon

0 comments:
Post a Comment