Friday, July 06, 2012

ထိုင်းအစိုးရက ရေလွှမ်းမိုးမှုထိန်းချုပ်ရန် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများအား ဖိတ်ခေါ်ငှားရမ်း သွားမည်ဆိုခြင်း

Posted by Anonymous Friday, July 06, 2012, under | No comments

Xinhuanet.com
          ထိုင်းအစိုးရအဖွဲ့သည် နိုင်ငံ၏ရေစီမံခန့်ခွဲရေးနှင့် ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး စီမံကိန်းများအတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီများအား ငှားရမ်းရန် အသုံးစရိတ်အဖြစ် ထိုင်းဘတ် ၃ဝဝ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁ဝ ဘီလီယံ) အား အတည်ပြုခဲ့ကြောင်း  ထိုင်းသိပံ္ပနှင့် နည်းပညာဝန်ကြီး Plodprasop Suraswadi ကဇူလိုင်လ ၃ ရက်နေ့တွင်ပြောကြားခဲ့ ပါသည်။ အစိုးရအဖွဲ့သည် ငှားရမ်းရေးဆိုင်ရာ စည်းကမ်း သတ်မှတ်ချက် များကိုလည်း အတည်ပြုခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရေး ကမ်းလှမ်းမည့်သူများအား ဆွဲဆောင် စည်းရုံးရန်အတွက် သတင်း အချက်အလက်များအား လူသိရှင်ကြား ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ပါသည်။ရေစီမံခန့်ခွဲရေး ဆိုင်ရာခေတ်မီ နည်းပညာများ စတင်ဆောင်ရွက်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့်ပြည်ပကုမ္ပဏီများအား ဖိတ်ခေါ် သွားမည်ဖြစ်ကြောင်း Suraswadi က ပြောကြားခဲ့ပါသည်။  အဆိုပါ ဘတ်ဂျက်၌ ဘန်ကောက်မြို့တော် တစ်လျှောက် စီးဆင်းနေသော Chao Phraya မြစ်တွင် စီမံကိန်း ၈ ခု အပါအဝင် စီမံကိန်းစုစုပေါင်း ၁၄ ခု ပါဝင်ပါသည်။ အခြားစီမံကိန်း ၆ ခုမှာ နိုင်ငံတစ်ဝန်းရှိ မြစ်များတွင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ၎င်းးစီမံကိန်းများတွင်ရေလှောင်ကန်များ၊ တူးမြောင်းများ၊ရေလွှဲပေါက်များ၊ အရေးပေါ် တုံ့ပြန်ချက်အစီအစဉ်များ၊ ရေထိန်းချုပ်ခြင်း ရေလွှဲခြင်းများ၊ မြို့ပြစီမံကိန်းနှင့် အခြားကိစ္စရပ်များ ပါဝင်ပါသည်။ 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်