Friday, July 06, 2012

တောင်ကိုရီးယားလျှပ်စစ်စွမ်းအင်ပြတ်လပ်မှုအတွက်နျူကလီးယားဓာတ်ပေါင်းဖို လည်ပတ်မည်ဆိုခြင်း

Posted by Anonymous Friday, July 06, 2012, under | No comments


NHK.or.jp;July-4(Wed)
           
တောင်ကိုရီးယား နိုင်ငံသည် လျှပ်စစ်ဓာတ်အားပြတ်လပ်မှုအား ရင်ဆိုင်ဖြေရှင်း ရန်အလို့ငှာ ရပ်ဆိုင်း ထားသော နျူကလီးယား ဓာတ်ပေါင်းဖို ၁ လုံးအာပြန်လည်စတင်ရန် အတည်ပြုခဲ့ပါသည်။တောင်ကိုရီးယား အရှေ့တောင်ပိုင်း ဘူဆန်မြို့ရှိ ဂိုရီ နျူကလီးယား ဓာတ်အားပေးစက်ရုံမှ အမှတ်(၁)ဓာတ်ပေါင်းဖို၏ဘေးကင်း လုံခြုံမှုအပေါ် အတည်ပြုခဲ့ကြောင်း တောင်ကိုရီးယား နျူကလီးယားဘေးကင်းမှုနှင့် လုံခြုံရေးကော်မရှင်က ဇူလိုင်လ ၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဒေသခံများသည် ဓာတ်ပေါင်းဖို ပြန်လည်စတင် လည်ပတ်မှု အပေါ် ကန့်ကွက်သည့် အနေဖြင့် ဆိုးလ်မြို့တော်နှင့် ဘူဆန်မြို့တို့၌ ဇူလိုင်လ ၄ ရက်နေ့တွင် ဆန္ဒပြမှုများပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပြန်လည်စတင် လည်ပတ်မှုအပေါ် တောင်ကိုရီးယားနိုင်ငံ အာဏာရ ပါတီ၏ ဥပဒေပြု လွှတ်တော်အမတ် အခိျု့ကသတိပေး တားမြစ်လျက်ရှိပါသည်။ တောင်ကိုရီးယား အစိုးရသည် နျူကလီးယား စက်ရုံ၏ဘေးကင်းလုံခြုံမှုအား မည်သို့ဆောင်ရွက်ထားသည်ကို ရှင်းပြရန် ဒေသခံများအတွက် အစည်းအဝေး တစ်ရပ် ပြုလုပ်သွားရန် စီစဉ်ထားပါသည်။ ၂ဝ၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံမြောက်ပိုင်းရှိ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား ဓာတ်အားပေးစက်ရုံ ထိခိုက်ပျက်စီးခဲ့ပြီးနောက် တောင်ကိုရီးယား နိုင်ငံတွင်လည်ပတ် လျက်ရှိသော နျူကလီးယား ဓာတ်ပေါင်းဖို ၁၆ လုံး၏ ဘေးကင်းလုံခြုံမှုအပေါ် တောင်ကိုရီးယား ပြည်သူလူထုက စိုးရိမ်ပူပန် လျက်ရှိပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်