Friday, July 06, 2012

ရုရှားမှ အီရန်သိှု့-၃ဝဝ ဒုံးပျံရောင်းချရန်ဆိုင်းငံ့ထားမှုအား ပြန်လည်သုံးသပ်မည်ဆိုခြင်း

Posted by Anonymous Friday, July 06, 2012, under | No comments


Farsnews.com;July-4(Wed)
         
 ရုရှားနိုင်ငံသည် အရှေ့အလယ်ပိုင်း ဒေသရှိ ၎င်း၏မဟာမိတ် ဆီးရီးယားနိုင်ငံအား လက်လွှတ်ရမည့် အခြေအနေသို့ ရောက်ရှိလာပါက အီရန်နိုင်ငံသို့ S-300 ဒုံးပျံစနစ်များ ရောင်းချရန် ဆိုင်းငံ့ထားရေးအတွက် ၂ဝ၁ဝပြည့်နှစ်တွင် ချမှတ်ခဲ့သော ၎င်း၏ဆုံးဖြတ်ချက အပေါ်ပြန်လည် စဉ်းစားသွားမည်ဖြစ်ကြောင်း ရုရှား သတင်း အရင်းအမြစ်များက ပြောကြားခဲ့ပါသည်။ ၂ဝဝ၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သော သဘောတူ စာချုပ်အရ ရုရှားနိုင်ငံ သည် အီရန်နိုင်ငံသို့ S-300 ပဲ့ထိန်းဒုံး လေကြောင်းရန် ကာကွယ်ရေးစနစ် ၅ ခုထက်မနည်းရောင်းချပေးရမည်ဖြစ်ပါသည်။  သို့သော် အဆိုပါ ကာကွယ်ရေးစနစ်များ လွှဲပြောင်းပေးရန် ရုရှားနိုင်ငံ၏ အချိန်ဆွဲထားမှုအပေါ် အီရန်နိုင်ငံကပြစ်တင် ဝေဖန်ခဲ့ပါသည်။ ရုရှားနိုင်ငံသည် အီရန်နိုင်ငံ အပေါ် ဆန့်ကျင်သော စတုတ္ထအကြိမ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များတွင် အကျုံးဝင်သည့် ၎င်းစနစ်အား အီရန်နိုင်ငံသို့ လွှဲပြောင်းပေးရန်ငြင်းဆိုလျက်ရှိပါသည်။


အီရန်အပေါ် ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီးနောက် အီရန်နိုင်ငံသို့ S-300 ဒုံးပျံစနစ်များ အပါအဝင် ရုရှားလက်နက်များရောင်းချမှု ပိတ်ပင်တားမြစ်ရေးအမိန့် တစ်ရပ်အား ၂ဝ၁ဝ ပြည့်နှစ်တွင် ရုရှားသမ္မတ  ဒီမီထရီမက်မီဒက်ဗ်လက်ထက်၌ လက်မှတ်ရေးထိုးခဲ့ပါသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၁၉၂၉)အရ အီရန်နိုင်ငံသို့ S-300  ဒုံးပျံစနစ် လွှဲပြောင်းပေးအပ်မှုအပေါ် ပိတ်ပင်တားမြစ်ခဲ့သည့် ရုရှား၏ ဆုံးဖြတ်ချက်အား အီရန်က အလေးမထားကြောင်း၊ S-300 ဒုံးပျံစနစ်သည် ဆုံးဖြတ်ချတ်အမှတ် (၁၉၂၉) တွင် မပါဝင်သောလေကြောင်းရန် ကာကွယ်ရေး စနစ်တစ်ရပ်သာဖြစ်ကြောင်း အီရန်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အီရန်သို့ S-300 ဒုံးပျံစနစ် တင်ပို့ရောင်းချမှု ပိတ်ပင်တားမြစ်ချက်အရ ရုရှားအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် လက်လွှတ် ဆုံးရှုံးခဲ့ရကြောင်း၊ ၂ဝဝ၉ ခုနှစ်တွင် S-300 ဒုံးပျံစနစ်ရောင်းချမှုအား ရပ်တန့်ထားခဲ့ပြီးနောက် အီရန်သည် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံခန့်တန်ဖိုးရှိ TU-204 ခရီးသည်တင်လေယာဉ် ၄ဝ စင်း ဝယ်ယူရေး ဆွေးနွေးပွဲများအား ဖျက်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်