Thursday, July 12, 2012

မြန်မာလား ဗမာလား

Posted by drmyochit Thursday, July 12, 2012, under | No comments


သခင်လား ကျွန်လား

                 ဗမာလူမျိုးကြီးဝါဒ ဆိုတာ ပြည်ထေင်စုသားလူမျိုးကြီးဝါဒလို့ ပြောတာလား
(၁) ကျည်လာရောင်းသူများ ကျေးဇူးပါ။

ကျွန်တော့်လက်ထဲ ညူကလီယာဗုံးတစ်လုံးကို တိုင်းပြည်နာမည်ဟာ Burma ပါလို့ တစာ စာ စောဒကတက်နေသူတွေကိုယ်တိုင် လာထည့်ပေးသွားတာပါ။ ကျွန်တော်ထင်တယ် ၅ ရက်လောက် ရှိသွားပြီ။ ကျွန်တောလဲ ဗာဟီရလေးတွေ များနေတာနဲ့ ကဲကဲ ခမြာများ နောက်ဆုံးအီးတစ်ချက် မထွက်ခင် စိတ်ကူးယဉ်ကြပါစေဆိုပြီး လွှတ်ပေးထားလိုက်ပါတယ်။ ခုတော့ ဒီဗုံးကြီးကို ကျွန်တော့်ဆီမှာလဲ မထား ချင်တဲ့အတွက် သူတို့ဖက်ကိုပဲ လှမ်းပစ်ပေးလိုက်ပါပြီ။ ဗုံးကြီးကို သေသေချာချာကြည့် နီနီရဲရဲ ကြီး၊ လေဘယ်က သုံးကြောင်းနဲ့။ ပေါက်မယ် တကဲကဲ၊ အဲဒါက

ဗမာပြည်သည် ဒို့ပြည်
ဗမာစာသည် ဒို့စာ
ဗမာစကားသည် ဒို့စကား

က။    ဗမာပြည်သည် ဒို့ပြည်လို့မယုံတဲ့အတွက် ကရင်က လက်နက်စွဲကိုင် ပုန်ကန်တယ်၊ ခုထိမပြီးသေး။
ခ။ ဗမာပြည်သည် ဒို့ပြည်လို့မယုံတဲ့အတွက် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ခွဲထွက် ခွင့်ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ရတယ်။ ရှမ်းနိုင်ငံတော်ဆိုတာတောင် လွန်ခဲ့သော ၄ / ၅နှစ်က ထောင် ကြသေးတယ်။
ဂ။ ရခိုင်တွေကလဲ တစ်လျောက်လုံး လက်နက်ကိုင်သူရော မကိုင်သူပါ မြန်မာတွေ ဗမာတွေအောက်က လွတ်မြောက်ရေး၊ ရခိုင်ဘုရင့်သမတနိုင်ငံတော်ထူထောင်ရေး လုပ်နေ ပြောနေကြတယ်။
ဃ။ ကချင်ကော ထူးပါသလား။ မထူးပါ။ ဗမာနဲ့ စကားကော ယဉ်ကျေးမှုကော ကိုးကွယ်မှုပါမတူပါ၊ ခွဲထွက် ရမယ်ဆိုတဲ့သူတွေ ရှိပါတယ်။
င။ မွန်ဆိုတာ မြန်မာတွေ/ဗမာတွေ စာပီပီပြင်ပြင်မရှိခင်က သူတို့ဘာသာစကားကိုငှားပြီး သုံးရတာ အသိ ဆုံးသူတွေပါ။ သူတို့က လူနည်းစုမို့ ခွဲစကားမပြောပေမဲ့ သူတို့ကိုယ်သူတို့ ဗမာလို့ မခံယူပါ။ ဗမာစကားကို မွန်စကားလို့ လုံးဝလက်မခံပါ။
စ။ ဗမာစာသည် ဒို့စာမဟုတ်တဲ့အတွက် တိုင်းရင်းသာလူဦးရေများပြီး စာစကားဖွံ့ဖြိုးသူကော မဖွံ့ဖြိုးသူပါ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသား ဘာသာစကားနဲ့ သင်ကြားခွင့်ပြုရေး ချက်ခြင်းပေး တောင်းေ နတာ ကြာပြီ။

ကျွန်တော် ကာတွန်းမဆွဲတတ်လို့ ဆွဲတတ်သူတွေ ကူညီချင်ရင် ဟောဒီပုံကလေး ဆွဲတင်ပေးစမ်းပါ။ တိုင်းရင်းသားဝတ်စုံတွေနဲ့ ပြည်ထောင်စု ကျောက်တိုင်ကို ရံလိုက်ပါ။ ပြီးရင် မြန်မာလူမျိုးက ဗမာစာသည် ဒို့စာလို့ တိုင်သံပေးလိုက်ပါ၊ လက်သီးလက်မောင်းတန်းပြီးပေါ့။ တိုင်းရင်းသားတွေက သူ့ကိုဝိုင်းကြည့်ပြီး တုံ့ဆိုင်းနေတဲ့ပုံ၊ နောက်တစ်ပုံမှာ ကျန်တဲ့ပြည်ထောင်စုသားတွေက ရှမ်းဆိုရင် ရှမ်းစာသည် ဒို့စာ၊ မွန်က မွန်စာသည် ဒို့စာ၊ ရခိုင်က ရခိုင်စာသည် ဒို့်စာ၊ ချင်းက ချင်းစာသည် ဒို့စာ၊ ကရင်က ကရင်စာသည် ဒို့စာ ကယားက၊ ပလောင်က၊ ပအိုဝ်းက . . . . . .စသည် . . . . စသည် လက်သီးလက်မောင်းတန်း အော်တဲ့ပုံ။

(၂) ဘယ်လိုဖြစ်လို့ Burma ရတာပ။

ကျွန်တော်တို့တိုင်းသူပြည်သားတွေထဲမှာ ကုလားကို အဖေခေါ်ချင်သူ တော်ချင်သူ ဒီလောက် များလိမ့်မယ်လို့ အစက ကျွန်တော်မထင်မိ၊ မတွက်မိဘူးဗျာ။ ကျွန်တော်က အားလုံး ကျွန်တော်တို့လို သခင် စိတ်ကလေးတော့ ရှိလိမ့်မယ်အောက်မေ့တာ။ Burma ကို တရားဝင်အောင်လုပ်ချင်တော့ကာ ဗမာကို တိုင်းရင်းသားအားလုံးနဲ့ဆိုင်အောင်လုပ်ကြရတယ်။ ဒီမှာတင် ကုလားပြည်ရဲ့ အရှေ့ခြမ်း ဗြဟ္မပုတြမြစ် အရှေ့ဖက်မှာနေတဲ့သူတွေကို အနောက်ဖက်ခြမ်းမှာနေတဲ့ ကုလားတွေက ဘရမာ (ဗြဟ္မာ) လို့ ခေါ်သတဲ့။ ဒီတော့ မြန်မာပြည်ဟာ ဆွဲဆန့်ကြည့်ရင် ပဝေသဏီကတည်းက ကုလားပိုင် ရပ်ကွက်တစ်ကွက်၊ တစ်ခရိုင်၊ တိုင်းတစ်တိုင်းပုံရောက်သွားပါလေရော။ သြော် ဖြစ်မှဖြစ်ရလေနော်၊ ကုလားပေး တဲ့နာမည်ကြိုက် လိုက်ပုံများတော့၊ အဲဒီကနေ ဆက်လိုက်တော့ ကုလားဖြူကပေးတဲ့နာမည်က ပိုမပစ်နိုင်စရာ ချည်းဖြစ်သွားတာပေါ့ဗျာ။ အင်း၊ နားလည်ပါတယ် နာလည်ပါတယ်။ ဆက်စပ်ကြည့်လိုက်တော့ ရှင်းသွား ပါတယ်။ ဟဲ ဟဲ။

နောက်တစ်ယောက်ကလဲ ပြောသေးတယ်၊ ဗမာ ဆိုတာ ကုလားပေးတဲ့နာမည်ဖြစ်ကြောင်း၊ သူက Burma ကို ပိုသဘောကျတဲ့လူဗျာ၊ နာမည်မေ့သွားတယ်ဗျာ၊ အဲ၊ သူ ပြောတာက အင်္ဂလိပ် လက်အောက် ကို မြန်မာပြည် တစ်ဝက်လောက်ရောက်သွားတော့ အလုပ်သမားလိုအပ်မှုအရ အိန္ဒိယကနေပြီး သောက်ေ သာက်လဲ ကုလားတွေကို ခေါ်သွင်းရတယ်။ အောက်ပြည်အောက်ရွာမှာ ကုလားတွေ မဲမဲလှုပ် (သဲသဲမလှုပ်) ဆိုပဲ။ အဲဒီကုလားတွေက မြန်မာတွေကို ဗရမာလို့ ခေါ်တယ်။ ဒါနဲ့ ဒီအသုံးဟာ ခပ်ြ မန်မြန်ပဲ ပေါက်သွားတယ်၊ မြန်မာဝေါဟာရကိုတောင် လွှမ်းမိုးသွားတယ်။ အဲဒီကနေ နေ့တ ဓူဝအသုံးဖြစ်လာတယ်။ မြန်မာနဲ့ အလဲအလှယ် သုံးလာတယ်။ ဒါပေမဲ့ တရားဝင်သုံးတဲ့အခါမှာ ခန့်ငြား တဲ့ မြန်မာဆိုတာကိုပဲ အသုံးများတယ် စသဖြင့် ရှင်းထားတယ်ဗျ။

(၃) အလာပ သလာပနဲ့ မင်္ဂလာစကား တရားဝင်စကား မတူ

မှတ်ထားပါ၊ ကိုယ့်နိုင်ငံကနေ တခြားသူများရဲ့နိုင်ငံကို ကိုယ်အာတွေ့သလို ခေါ်ကြတယ်၊ ဒါကို ဘယ်သူမှ မကန့်ကွက်ဘူး။ သာမာန်အားဖြင့်ပေါ့။ ဒါပေမဲ့ တရားဝင်အခန်းအနားတွေ၊ တိုင်းပြည်ကို ကိုယ်စာြး ပုပြီးပြောပြီဆိုရင်တော့ အဲဒီနိုင်ငံကတရားဝင် ပြဋ္ဌာန်းထားတဲ့ နာမည်သာလျှင် တရားဝင်နာ မည်ဖြစ်ကုန်ကြရတာပါပဲ။ အင်္ဂလိပ်ပဲခေါ်ခေါ်၊ ဗြိတိန်ပဲ ခေါ်ခေါ် ယူကေ ယူနိုက်တက်ကိးန်ဒမ် ဘာ ပဲခေါ်ခေါ် တရားမဝင်ပြောတဲ့အခါ ကြိုက်တာနဲ့ ခေါ်ပြော၊ ကုလားဖြူ၊ မျောက်ဖြူ (နှိမ့်ချ) ပဲ ခေါ်ခေါ် ခေါ်နိုင်တယ်။ တရားဝင်ပြောရင် ကုလမှာ စာရင်းပေါက်တဲ့နာမည်နဲ့ ခေါ်ပေါ့။ ဟုတ်ဖူးလား။ အဲဒီနိုင် ငံတွေကလဲ မြန်မာနိုင်ငံကို ပြောတဲ့အခါ သူတို့နိုင်ငံမှာ သူတို့ အာ လျှာနဲ့ သဟဇာ တဖြစ် သလို ခေါ်ကြပေါ့။ တရားဝင်အခန်းအနားဆိုရင်တော့ ကုလမှာ မှတ်ပုံတင်ထားတဲ့နာမည်ကို သုံးကြ။

ဂျပန်တွေက အမေရိကန်ကို ဘေးကိုကု၊ တရုပ်ကို ချူးကိုကု၊ ကိုးရီးယားသမတနိုင်ငံကို ခန်းကိုကု၊ ဒီမို ခရက်တစ် ကိုးရီးယား ကိုတော့ ခိတချိုဆင်တဲ့။ ကာယကံရှင်တိုင်းပြည်တွေကတော့ မသုံးဘူး၊ ဂျပန်တွေက ကိုယ့်တိုင်းပြည်ထဲမှာ အဲလိုခေါ်တယ် သုံးတယ် ပြဿနာမရှိပါဘူး။

ဒါပေမဲ့ ဂျပန်တွေ အမေရိကားရောက်တဲ့အခါ ဘေးကိုကုလို့မသုံးပါဘူး၊ အမေရိကားလို့ ပြောတယ်၊ ယူနိုက်တက်စတိတ်အော့ဖ်အမေရိကားသုံးတယ်၊ သူ့နေရာနဲ့သူပေါ့။ သူတို့နိုင်ငံကိုလဲ သူတို့လက်ခံထားတဲ့ ဂျပန်လို့ပဲပြောတယ်။ ပြင်ပမှာပေါ့။ ကိုယ့်ပြည်ကို ပြန်ရောက်ရင်တော့ ဘယ်ရမလဲဗျာ၊ နိဟွန်းပေါ့။ သံပြိုင် အားပေးတဲ့ တိုင်သံတွေမှာကျတော့ မြန်မာတွေက ဗမာကို ရွေးသလိုပေါ့ဗျာ၊ နိဟွန်းကလဲ နိပွ န်းတဲ့ဗျ။ အော်ကြည့်ဗျာ၊ နိဟွန်း နိဟွန်း . . .နိဟွန်း က မမိုက်ဘူး၊ ဒါ့ကြောင့် အသံမာတဲ့ နိပွန်း နိပွန်း ဆိုတဲ့ နိပွန်းလုပ်ထဲ့လိုက်တယ်။

(၄) မြန်မာဆိုတာ ဖိုးဖွားအမွေ
မြန်မာတွေက ဗမာလုပ်ပြီး မြန်မာကို အားလုံးကို လှူဒါန်းတာ



မြန်မာဆိုတာကတော့ ကျွန်တော်တို့ အဖိုးအဖွားတွေ ကျွန်တော်တို့လက်ထဲအရောက် သယ်ဆောင် အမွေပေးသွားတဲ့ နာမည်ပါ။ ကာလတစ်လျောက် သမိုင်းဆရာကြီးတွေပြောတဲ့ ̔မိယင် ̔ ̔မရမာ ̔ ̔မြန်မာ ̔ အပြောင်းအလဲတွေကတော့ ဘာသာဗေဒသမိုင်းပညာရှင်များရဲ့အရာဖြစ်တဲ့အတွက် ထားခဲ့ပါမယ်။ ဒါပေမဲ့ မ နဲ့ ဗ က ဝဂ်တစ်ခုထဲမှာပါတဲ့အတွက် ကာလရွှေ့လျောတဲ့အခါမှာ မ က ဗ ဖြစ်သွားနိုင်တယ် ဆိုတာ ကလေးကိုတော့ မျှထားပါရစေ။ တကယ်လို့ ဗမာကို တိုင်းရင်းသားလူမျိုးစုတစ်ခု နာမည်နဲ့ ယူရမယ်ဆိုရင် ကျွန်တော်က ကုလားပေးလို့မဟုတ် ကာလရွေ့လျောလို့ မ က ဗဖြစ်သွားတဲ့ ဆင်းသက်ပုံကိုပဲ နှစ်သက်စွာ လက်ခံမှာဖြစ်ပါတယ်။

မြန်မာပဲပြောပြော ဗမာလို့ပဲညွှန်းညွှန်း လူမျိုးက တစ်မျိုးထည်းပါ၊ တိုင်းရင်းသားပေါင်းစုံ တလျောက်လုံး လက်ခံယုံကြည်တဲ့အတိုင်း၊ မြန်မာနဲ့ ဗမာဟာ အတူတူပါ။ အဲလို နာမည် ၂ မျိုးစ လုံးပိုင်ထားတဲ့အတွက် ပြည်ထောင်စုကို ပိုပြီး သမိုင်းရှိ (ကျောက်စာ) တဲ့ မြန်မာကိုပေးပြီး၊ ဗမာကိုတော့ ဒို့က တိုင်းရင်းသားအမည်အနေနဲ့ သုံးကြတာပေါ့ဆိုတာဟာ ဘာ ကောက်ကျစ်မှုမှမပါပါဘူး။ ဗိုလ်ချုပ်လဲ ဒီလိုပဲ သုံးသလို ဦးနုလဲ ဒီနောက်ကို လိုက်ခဲ့တယ်၊ ဦးနေဝင်းလဲ ဆက်လက်အမွေခံတယ်။ မြန်မာဟာ တိုင်းရင်းသား အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်ရှိတဲ့အပြင် ခန့်ငြားတဲ့သမိုင်း (အရှေ့တောင်အာရှမှာ သြဇာလွှမ်းခဲ့တယ်၊ မဏိပူ၊ ကသည်းကို ပိုင်ခဲ့တယ်) ရှိခဲ့တဲ့အတွက် ဒီတိုင်းပြည်ရဲ့နာမည်ကို တခြား နာမည်သစ်မရှာပဲ မြန်မာလို့ခေါ်တာကို ဘယ်တိုင်းရင်းသားကမှလဲ မကန့်ကွက်ခဲ့ပါဘူး။

အင်္ဂလိပ်က မြန်မာပြည်ကို သိမ်းစဉ်က အခုထက်တောင် အနည်းငယ်ကျယ်ဝန်းတဲ့ မြို့ပြနိုင်ငံ (ကုန်းဘောင်ရွှေပြည်) ကို မြန်မာတွေ လက်လွှတ်ခဲ့ရတာပါ။ လွတ်လပ်ရေး ခရီးတစ်လျောက်လုံး လဲ မြန်မာတွေကပဲ တိုင်းရင်းသားတွေထဲက မျိုးချစ်တွေကို စည်းရုံးပြီး ဦးဆောင်ဦးရွက်ပြုခဲ့ပါတယ်။ အင်္ဂလိ ပ်လက်အောက်က လွတ်လပ်ရေးအတွက် တိုက်ကြတော့ အင်္ဂလိပ်ဖက်ကနေတိုက်ခဲ့တဲ့ တိုင်းရင်းသားတွေ မနည်းပါဘူး။ ဒါပေမဲ့ တိုင်းရင်းသားတွေထဲမှာလဲ အိမ်ကြက်ခြင်း အိုးမဲသုတ်ပြီး အတိုက်ခံ ခဲ့ရတာကို ကောင်းကောင်းနားလည်တဲ့ ညီအစ်ကို မောင်နှမတွေရှိပါတယ်။ နောက်ဆုံးတော့ မပီပြင်သေး တာအပထား (ဒါက ဆက်လုပ်ရမှာ) ပြည်ထောင်စုဘဝနဲ့သွားဖို့ ကျနော်တို့ရဲ့ ဖိုးဖွားတွေက မမျှော်အမြင်ရှိရှိ ရွေးချယ်ပေးခဲ့ပြီးဖြစ်တယ်။

ဒါကို မကျေနိုင်မချမ်းနိုင်နဲ့ ဗမာကမှ အားလုံးကို ကိုယ်စားပြုတယ်ဆိုရင် ဗိုလ်ချုပ်တို့ ရေးသွားတဲ့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာလဲ ပြည်ထောင်စု သမတ ဗမာနိုင်ငံတော် ဖြစ်သင့်တာပေါ့။ ဒါမှလဲ Burma နဲ့ လိုက်ဖက်မယ်မဟုတ်ပါလား။ အင်း မတော်လို့များ လွှတ်တော်ထဲမှာ အများစုဖြစ်ရင် အဲလိုအကုန်ပြန်ပြောင်းမလားမသိဘူး။ အခုတော့ ဖခင်အရှိန်၊ ခင်ပွန်းသည်အရှိန်နဲ့ တားဆီးမရအောင် နာမည်ကြီးလာတာကို သုံးပြီး ပြည်သူတွေ တွေဝေအောင် လမ်းလွဲအောင် အမျိုးမျိုးပြောနေတာပဲ စိတ်မချမ်းသာစရာကြားနေတယ်ဗျာ။

တစ်ချိန်တုန်းက တိုင်းပြည်ရဲ့နာမည်ကို ပြင်ပကမ္ဘာက Burma ခေါ်ဖို့ ကျွန်တော်တို့ကိုယ်တိုင် ရွေးခဲ့ပေမဲ့ သမိုင်းဖြစ်ပေါ်တိုးတက်မှုအရ အခု အတွင်းကော အပြင်ပါ တစ်မျိုးထည်း ခေါ်ကြဖို့ လုပ်လာတယ်၊ ကိုယ်တိုင်ကလဲ အမျိုးသားရင်ကြားစေ့ရေးတို့၊ ဆွေးနွေးရမယ်၊ ညှိနှိုင်းရမယ်တို့ မေတ္တာတို့ သစ္စာတို့ ဖောင်လောက်အောင် ပြောနေတဲ့ကြားကဗျာ၊ အများကြားချင်တာထက် ကိုယ်ပြောချင်တာပဲ စွပ်ပြောနေတာ နားထောင်တတ်ရင် ကြားရပါတယ်ဗျာ။ အဲဒီတော့ နည်းမှန်မှန် မမှန်မှန် အခု ၂၃ နှစ်လောက် ရှိခဲ့ပြီ။ အနောက်နိုင်ငံအချို့ကလွဲရင် တစ်ကမ္ဘာလုံးက သုံးနေကြပြီ။ မီဒီယာထဲက နာမည်ကြီးတွေဖြစ်တဲ့ စီအင်အင်၊ ဝေါလ်စထရိဂျာနယ်၊ နယူးရော့ခါတိုင်းမ်စ် စတာတွေကလဲ သုံးနေပြီ။ အဓိကပြဿနာလုပ်နေတာက ကဲ ထင်းထင်းကြီး ဖြစ်နေပါရော။

(၅) ချုပ်လိုက်ကြရအောင်၊

တိုင်းပြည်ရဲ့ နာမည်ဟာ မြန်မာ ဖြစ်တယ်။
မြန်မာနဲ့ ဗမာဟာ မူလက လူမျိုးစုတစ်ခုကိုပဲ ညွှန်းခဲ့တဲ့ နာမည်ဖြစ်တယ်။
မြန်မာဟာ ဖိုးဖွားအမွေဖြစ်တယ်၊
ဗမာဟာ ပြင်ပက (ကုလား) က မြန်မာတွေကို ခေါ်တဲ့ ဗရမာကနေ ဆင်းသက်လာတယ်။

အံ့သြတာတစ်ခုကတော့ဗျာ၊ ဒါလေးလောက်မှမသိတဲ့ လူတွေထဲမှာ ဝက်ခေါင်းထိုး ဦးဝင်းတင် တို့၊ မျိုးချစ်ကြီးပါလို့ အားလုံးလေးစားနေကြရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဥိးတင်ဦးတို့ ပါနေတာပဲ ခင်ဗျ။

ဘယ်ပြည်ထောင်စုသားကမှ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား လို့ တစ်ခါမှကို မယုံကြဘူးခင်ဗျ။ တစ်ခါ ဗမာလူမျိုးကြီးဝါဒဆိုတာ ဗကပ နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ တွင်တွင်သုံးတဲ့စကားဗျ။ တိုင်းရင်းသားတွေက ကိုယ့်ကိုယ်ကို ပြန်ရှုံ့ချနေတယ်လို့များ ထင်သူရှိကြသလားဗျာ။ အဲဒါ မြန်မာလူမျိုးစုကို ပြောတယ်ဆိုတာလဲ မှတ်ဦးဗျ။

ထပ်ပြီး ချုပ်လိုက်ကြဦးစို့၊

မိတ်ဆွေတို့အနေနဲ့၊

ကိုယ့်နိုင်ငံကို ဘိုးစဉ်ဘောင်ဆက်ပေးထားတဲ့ နာမည် မြန်မာ နဲ့ အခေါ်ခံချင်သလား၊
ကုလားပေးတဲ့ ဗမာနဲ့ အခေါ်ခံချင်သလား

ဒီမိုကရေစီအောက်မှာ ခင်ဗျားတို့ကြိုက်တာ ရွေးကြပေတော့။

ဒါပေမဲ့၊ ဒီမိုကရေစီအရ နိုင်ငံသားတစ်ယောက်ဟာ ကိုယ့်နိုင်ငံကို ကိုယ်ခေါ်ချင်တဲ့ နာမည်နဲ့ ခေါ်နိုင်တယ်ဆိုတာကတော့ဗျာ မိုးကြိုးပစ် ထန်းလက်နဲ့ကာ၊ ဇွတ်ကြီးပါဗျာ။

သနားသဖြင့်
From : မောင်ညွန့်(မင်းကျောင်း) (ခေါ်) ညွန့်ရွှေ (ခေါ်) မြသန်းညွန့်



                                                                                                Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်