Thursday, July 12, 2012

ဆီးရီးယားအတိုက်အခံများအနေဖြင့်အစိုးရနှင့်ဆွေးနွေးမှုများပြုလုပ်ရန် ရုရှားနိုင်ငံကတိုက်တွန်းခြင်း

Posted by drmyochit Thursday, July 12, 2012, under | No comments


ဆီးရီးယားအတိုက်အခံအဖွဲ့များအနေဖြင့် စုစည်းညီညွတ်ကြရန်နှင့် အစိုးရနှင့်ဆွေးနွေးမှုများ ပြုလုပ်ရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်က ဇူလိုင်လ ၁၁ ရက်နေ့တွင် တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆာဂျီလက်ရော့ဗ်သည် ရုရှားနိုင်ငံသို့အလည်အပတ်ရောက်နေသည့် ဆီးရီးယားအမျိုးသားကောင်စီ (SNC) ဥက္ကဋ္ဌသစ် အဗ်္ဗဒူလ်ဘာဆတ်ဆီဒါနှင့်တွေ့ဆုံဆွေးနွေးစဉ် ထိုကဲ့သို့တိုက်တွန်းခဲ့ခြင်းဖြစ်ပါသည်။ ကိုဖီ အာနန်၏ ငြိမ်းချမ်းရေးအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအနေဖြင့် အကြမ်းဖက်မှုများအမြန် ဆုံးအဆုံးသတ်သွားရ န်နှင့်  နိုင်ငံရေးဆွေးနွေး ပွဲများ စတင်ရန်  ဆာဂျီလက်ရော့ဗ်ကတောင်းဆိုခဲ့ပါသည်။ ဆီးရီးယားနိုင်ငံအတွင်းပဋိပက္ခများ အဆုံး သတ်နိုင်ရေးအတွက် လုံခြုံရေးကောင်စီအနေဖြင့်ကြားဝင်ကူညီဖြေရှင်းပေးရန်ဆီဒါကတောင်းဆိုခဲ့ပြီး သမ္မ တအဆတ်ရာထူးမှ မနုတ် ထွက်မချင်း အတိုက်အခံများ အနေဖြင့်အစိုးရနှင့်ဆွေးနွေး မှုပြုလုပ်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်