Thursday, July 12, 2012

ဟီလာရီကလင်တန်သည် အာဆီယံဖိုရမ်သို့ တက်ရောက်မည်

Posted by drmyochit Thursday, July 12, 2012, under | No comments


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် (၁၉)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ  ဖို ရမ်နှင့် ဆက်စပ်ဆွေးနွေးပွဲများသို့တက်ရောက်ရန် ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ကမ္ဘောဒီး ယား နိုင်ငံ မြို့တော်ဖနွမ်းပင်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ဖနွမ်းပင်ရှိ အမေရိကန်သံရုံးမှ ဇူလိုင်လ ၁၀ ရက်နေ့ တွင် သတင်းတစ်ရပ်ထုတ်ပြန်ခဲ့ပါသည်။ ကလင်တန်သည် ဖနွမ်းပင်ရှိ အာဆီယံတွေ့ ဆုံဆွေးနွေးပွဲသို့ တက်ရောက် မည့်အပြင် ဇူလိုင်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းတွင် Siem Reap ပြည်နယ် တွင်ပြုလုပ်မည့် အာဆီယံ-အမေရိကန်စီးပွားရေးဖိုရမ်တွင် ပါဝင်မည်ဖြစ်ပါသည်။ ၎င်းဖိုရမ်တွင် ကမ္ဘောဒီး ယားဝန်ကြီးချုပ် ဟွန်ဆန်က သဘာပတိအဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ် ထရာလည်း တက်ရောက်မည်ဖြစ် ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံနှင့် ဆက်စပ်လျက်ရှိသည့် ဖနွမ်းပင်မှ ၃၁၅ ကီလိုမီတာ ကွာဝေးသည့် အနောက်မြောက်ဘက်ဒေသသည် ကမ္ဘောဒီးယား၏အကြီးဆုံးသော ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သည့် အန်ကော ၀ပ် ဘုရားကျောင်းတည်ရှိပြီး နိုင်ငံခြားဧည့်သည် အများဆုံး လာရောက်ရာဒေသဖြစ်ပါသည်။ 
                                                                                                                  Xinhuanet.com;July-11(Tue)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်