ရန်ကုန်တိုင်း
ဒေသကြီး လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်အား ခန့်အပ်လိုက်ကြောင်း
နိုင်ငံပိုင် ရုပ်သံမီဒီယာများ၏ ယနေ့ ည ၈ နာရီသတင်း၌ ကြေညာသွားသည်။
ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ် ကြီး ဝေ လွင်ကို ဒုတိယ သမ္မတလောင်း အဖြစ် တင်သွင်းခြင်း ခံရသော ရန်ကုန် တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ နေရာတွင် အစားထိုး ခန့်အပ်ဖွယ် ရှိသည်ဟု The Voice Weekly ၏ သတင်းရင်းမြစ်များက ဆိုသည်။

၎င်းသည် ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူး၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကာ ကွယ်ရေး ဝန်ကြီးဌာန စစ်ထောက်ချုပ် အဖြစ် အသီးသီး တာဝန် ထမ်းဆောင်ခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို သက်ဆိုင် ရာ တိုင်းဒေသနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှသာ ခန့်အပ်ရမည် ဖြစ်သောကြောင့် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် တင်သွင်းခြင်း ဖြစ်ဖွယ်ရှိကြောင်း အစိုးရ အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။
From
: The Voice
Time in Rangoon

0 comments:
Post a Comment