ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် မွန်ဒီမိုကရေစီပါတီ အား နိုင် ငံရေးပါတီအဖြစ်
မှတ်ပုံတင်ခွင့်ပြုခြင်း၊ ကြေညာချက်အမှတ် (၃၄/၂၀၁၂) ကို၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၀
ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊
မြိုင်သာယာရပ်ကွက်၊ ရာဇာဓိရာဇ် လမ်းအမှတ် (၁၈၁)တွင် ပါတီရုံးချုပ်
ဖွင့်လှစ်ထားရှိသော မွန်ဒီမိုကရေစီပါတီအား ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့မှစ၍
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ
မှတ်ပုံတင်ခွင့်ပြု လိုက်ကြောင်း ကြေ ညာအပ်ပါသည်။ မွန်ဒီမိုကရေစီပါတီ၏
မှတ်ပုံတင်အမှတ်မှာ (၅၈) ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ ထုတ် မြဝတီ
သတင်းစာတွင် ဖော်ပြထားပါသည်။
From : ခေတ်လူငယ်
0 comments:
Post a Comment