Thursday, July 12, 2012

ဂျပန်ရေတပ်သည် ဆိုမာလီကမ်းရိုးတန်း၌ ပင်လယ်ဓားပြကာကွယ်ရေးဆောင်ရွက်လျက်ရှိခြင်း

Posted by drmyochit Thursday, July 12, 2012, under | No comments


ဆိုမာလီကမ်းရိုးတန်းတစ်လျှောက်တွင် ပင်လယ်ဓားပြနှိမ်နင်းရေးနှင့် သတင်းရရှိရေးအတွက် ဂျပန် တပ်ဖွဲ့ (SDF) သည် ဖျက်သင်္ဘောများ၊ ကင်းလှည့်လေယာဉ်များဖြင့် နိုင်ငံပေါင်းစုံ၏တစိတ်တပိုင်းအဖြစ် အခြား နိုင်ငံများနှင့်အတူ ၎င်းင်းဒေသတွင်ကင်းလှည့်လျက်ရှိကြောင်း သတင်းဌာနများသို့ဖွင့်ပြောခဲ့ပါသည်။ ဧဒင် ပင်လယ်ကွေ့တွင် လေယာဉ် ၃ စီးကင်းလှည့်လျက်ရှိပြီး ကုန်တင်သင်္ဘော ၃ စီးအား ဂျပန် ဖျက်သင်္ဘော    ၂ စီး မှ ပင်လယ်ကွေ့ ဖြတ်ကျော်သည်အထိ လိုက်ပါစောင့်ကြပ် လျက်ရှိသည် ကို မြ င်တွေ့ခဲ့ရကြောင်း ဇူလိုင်လ ၉ ရက်နေ့ တွင် NHK သတင်းထောက်မှ ပြောကြားခဲ့ပါသည်။ ပင်လယ် ဓားပြကာကွယ်ရေးတပ်ဖွဲ့များတွင် ဂျပန်၊ တရုတ်နှင့် အိနိ္ဒယတပ်ဖွဲ့များသည် အလှည့် ကျကင်း လှည့်လျက်ရှိကြောင်း၊ ၎င်းင်းနိုင်ငံများသည် ပိုင်နက် နယ်မြေအငြင်းပွားမှုများကြောင့် ၎င်းတို့အကြား ဆက်ဆံရေးထိခိုက်နိုင်သော်လည်း ပင်လယ်ဓားပြ ကာကွယ်ရေး Mission တွင် အတူတကွ ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။ မိမိတပ်ဖွဲ့များအနေဖြင့် တရုတ်၊ အိနိ္ဒယ၊ အမေရိကန်ဟူ၍မခွဲခြားဘဲ Mission အတွင်း လုပ်ငန်းတာဝန်များကို အပြန်အလှန်ထိတွေ့ဆက်ဆံဆောင်ရွက် သွားကြမည် သာဖြစ်ကြောင်း ဂျပန်ရေတပ်အုပ်စု တပ်မှူးဖြစ်သူ Hirokazu Yamazaki မှပြောကြားခဲ့ပါသည်။
                                                                                                                      NHK .or.jp;July-10(Tue)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်