Thursday, July 12, 2012

ထိုင်းဝန်ကြီးချုပ်နှင့်တရုတ်နိုင်ငံတော်ကောင်စီဝင်တို့တွေ့ဆုံဆွေးနွေးခဲ့ခြင်း

Posted by drmyochit Thursday, July 12, 2012, under | No comments


ထိုင်းဝန်ကြီးချုပ် ယင်လပ်သည် အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံတော်ကောင်စီ ၀င်နှင့် ပြည် သူ့လုံခြုံရေးဝန်ကြီး မန်ကျန်ကျူးနှင့် ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ဆုံ၍ လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရန်ကတိပြုခဲ့ကြောင်း သိရှိရပါသည်။ ထိုင်းနိုင် ငံသည် တရုတ်နိုင်ငံ၏ ယုံကြည် အားထားရသောမိတ်ဖက်နိုင်ငံဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား ကျယ်ပြန့် သော မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း မန်က ကတိပြု ပြောကြား ခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့်ကျယ်ပြန့်သော မိတ်ဖက်ပူးပေါင်း ဆောင် ရွက် မှုများကိုတန်ဖိုးထားပြီး လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယင်လပ်က ကတိပြု ပြောကြားခဲ့ပါသည်။ မန်သည် ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး ပရာယုဒ်ချန်အိုချာနှင့် ဇူလိုင်လ ၁၁ ရက်နေ့ကတွေ့ဆုံ၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး မဲခေါင်မြစ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ၂၀၁၁ ခုနှစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦး အသတ် ခံရမှုကို စုံစမ်းဖော်ထုတ် ရေးပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်