Thursday, July 12, 2012

ထိုင်ဝမ်နှင့်ပတ်သက်သည့်ကိစ္စရပ်များအား ချင့်ချိန်ဆောင်ရွက်ရန် တရုတ်နိုင်ငံက ဂျပန်နိုင်ငံအားတိုက်တွန်းခဲ့ခြင်း

Posted by Anonymous Thursday, July 12, 2012, under | No comments


          ဂျပန်အစိုးရသည် နိုင်ငံအတွင်းနေထိုင်ခွင့်နှင့်ပတ်သက်၍ ဇူလိုင်လ ၉ ရက်နေ့တွင် ပြန်လည်သုံးသပ်မှုများစတင်ပြုလုပ်လျက်ရှိပြီး ဂျပန်နိုင်ငံတွင်နေထိုင်သော ထိုင်ဝမ်သား များအနေဖြင့် နေထိုင်ခွင့်ပုံစံများတွင် နိုင်ငံသား၊ သို့မဟုတ် ဒေသဟူသောအချက်ကို ဖြည့်စွက်ရာ၌ ထိုင်ဝမ်ဟုသုံးနှုန်းဖြည့်စွက်နိုင်ကြောင်း Global Times သတင်းတွင်ဖော်ပြ ထားရာ ဂျပန်အစိုးရအနေဖြင့် ထိုင်ဝမ်နှင့်ဆက်နွှယ်ပတ်သက်သောကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရာ၌ ချင့်ချိန်၍စဉ်းစားဆင်ခြင်ဆောင်ရွက်ရန် တရုတ်အစိုးရက ဇူလိုင်လ ၁ဝ ရက်နေ့တွင် တိုက်တွန်းပြောကြားခဲ့သည်ဟု Xinhua သတင်းတစ်ရပ်အရ သိရှိရပါသည်။ ၁၉၇၂ ခုနှစ် တရုတ်-ဂျပန်ပူးတွဲကြေညာချက်အရ ထိုင်ဝမ်သည် တရုတ်နိုင်ငံ ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟူသော တရုတ်အစိုးရ၏ရပ်တည်ချက်ကို ဂျပန်အစိုးရကလည်း နားလည်လက်ခံထားသည်ဖြစ်ရာ အဆိုပါကြေညာချက်ပါစည်းမျဉ်းများနှင့်အညီ ဂျပန် အစိုးရအနေဖြင့် ဆောင်ရွက်သင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လူဝေမင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်