Thursday, July 12, 2012

ဆော်ဒီအာရေဗျနိုင်ငံတွင် ဆန္ဒပြမှုပြင်းထန်နေစဉ် CIA ညွှန်ကြားရေးမှူးက ဆော်ဒီအာရေဗျဘုရင်နှင့် တွေ့ဆုံခြင်း

Posted by drmyochit Thursday, July 12, 2012, under | No comments

ရီယာ့ဒ်မြို့၌ အစိုးရ ဆန့်ကျင်သူများအား ပြင်းထန်စွာနှိမ်နင်းနေချိန်၌ အမေရိကန် ဗဟိုထောက် လှမ်း ရေးေ အ ဂျင်စီ (CIA) ညွှန်မှူး ဒေးဗစ်ပက်ထရပ်စ်သည် ဖျားနာနေသည့် ဆော်ဒီအာရေဗျဘုရင် အဗ်္ဗဒူ လာနှင့် ဂျက်ဒါ့ရှ်မြို့၌တွေ့ဆုံခဲ့ကြောင်း အာရပ်သတင်းများက ထုတ်ပြန်ခဲ့ပါသည်။ ၎င်းတို့နှစ်ဦးသည် မည်သည့် အကြောင်းအရာများဆွေးနွေးခဲ့သည်ကို သတင်းထုတ်ပြန် ခဲ့ခြင်းမရှိပါ။ ရှီးယွိုက်ဘာ သာရေးခေါင်းဆောင် Sheikh Nemr al-Nemr အား ဖမ်းဆီးအကျဉ်းချထားမှုနှင့် ပတ်သက်၍ ရေနံကြွယ်ဝသည့် ဆော်ဒီအာရေဗျ အရှေ့ ဘက်စီရင်စုတွင် တင်းမာမှုမြင့်မားလျက်ရှိကာ ဇူလိုင်လ ၉ ရက်နေ့က ဆော်ဒီလှုပ်ရှားရေးဝါဒီများသည် ၎င်းစီရင်စုအနှံ့ အစိုးရအားဆန့် ကျင်ဆန်္ဒပြရန်အတွက် ခေါ်ယူလျက်ရှိပါသည်။ မကြာသေးမီက ရီးယာ့ဒ်၌ ဆန္ဒ ပြမှုနှိမ်နင်းရာ တွင် သေဆုံးခဲ့မှုများအား ရှုတ်ချရန်အတွက် Qatif ? Awamiyah? Tarut ?Safwa နှင့် Sihat မြို့များတွင် ဆန္ဒပြမှုများပြုလုပ်ရန် လှုပ်ရှားပြောင်းလဲရေးဝါဒီများက လှုံ့ဆော်ခဲ့ကြပါသည်။ ဘာရိန်းလှုပ် ရှား ရေးဝါဒီ များက ဘာရိန်းနိုင်ငံ Sar မြို့နှင့် Daih မြို့များတွင် ဆော်ဒီဆန့်ကျင်သူများနှင့် ပူးပေါင်း၍ကန့်ကွက် ဆန္ဒပြမှုပြုလုပ် သွား မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။  ဘာသာရေးခေါင်းဆောင် al-Nemr အား ဖမ်းဆီးအကျဉ်းချထားမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၈ ရက် နေ့တွင် Qatif မြို့၌ ဆန့်ကျင်ဆန္ဒပြမှုပြုလုပ်ရာ လုံခြုံရေးအဖွဲ့များ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် အနည်းဆုံး ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့ပါသည်။ ၎င်းအစောပိုင်းရက်တွင်လည်း Awamiyah မြို့၌ al-Nemr စီးလာသည့်ကားအား အစိုးရတပ်ဖွဲ့မှ ပစ်ခတ်ခဲ့သဖြင့် al-Nemr မှာ ဒဏ်ရာရရှိသွားပြီး မည်သည့်နေရာတွင် ချုပ်ထားကြောင်း၊ မည်သို့အခြေအနေရှိကြောင်းကိုမူ မသိရှိရသေးပေ။ ၂၀၁၁ခုနှစ် နိုဝင်ဘာလတွင် အရှေ့ ဘက်စီရင်စု၌ အစိုးရအား ဆန့်ကျင်ဆန်္ဒပြကြရာ လုံခြုံရေးတပ်ဖွဲ့များ၏ပစ်ခတ်မှုကြောင့် ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ချိန်မှစ၍ နောက်ပိုင်းတွင် ဆော်ဒီဘုရင်အစိုးရအား ဆန့်ကျင်ဆန်္ဒပြမှုများ ဖြစ်ပွား လာခြင်းဖြစ်ပါသည်။

                                                                                                             Press TV.com;July-10(Tue)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်