Thursday, July 12, 2012

အင်ဒိုနီးရှားနိုင်ငံ ကျွဲ၊ နွားမွေးမြူရေးတွင် သြစတြေးလျမှဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှပ်နှံမည်

Posted by drmyochit Thursday, July 12, 2012, under | No comments


အင်ဒိုနီးရှားနိုင်ငံ၏ ကျွဲ၊ နွားတိရစ်္ဆာန်မွေးမြူရေးလုပ်ငန်းတွင် သြစတြေးလျနိုင်ငံမှ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည်ဟု ကတိပေးပြောကြားပြီးနောက် အင်ဒိုနီးရှားအစိုးရသည် ၎င်းနိုင်ငံ အတွင်းရှိ ဒေသ ၄ ခုတွင် ကျွဲ၊ နွားမွေးမြူရေး ခြံကြီးများ ကို ပြင်ဆင်လျက် ရှိကြောင်း ဒေသသ တင်းမီဒီယာများက ဇူလိုင်လ ၁၀ ရက်နေ့ တွင်ပြောကြားခဲ့ပါသည်။ ၎င်းဒေသ ၄ ခုမှာ အနောက် နူဆာ တန်ဂရာရှိ ဆုမ်ဘာဒေသ၊ အရှေ့ နူဆာတန်ဂရာရှိ ၀င်ဂါပူဒေသ၊ အနောက်ပါပူဝါဒေသနှင့် ပါပူ ၀ါဒေသတို့ဖြစ်ကြောင်း၊ ၎င်းဒေသများမှာ တိရစ္ဆာန် မွေးမြူရေး၊ အထူးသဖြင့် ကျွဲ၊ နွား၊ မြင်းများေ မွးမြူရေးနှင့် ပတ်သက်၍ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်ကြောင်း၊ မွေးမြူရေးခြံအတွက် ဟက်တာ ၁၀၀,၀၀၀ ခွဲဝေသတ်မှတ်ပေးသွားမည်ဖြစ်ပြီး ပထမဦးစွာဝင်ဂါပူနှင့် ပါပူဝါ ဒေသတို့တွင် ယခုနှစ်အတွင်း ဟက်တာ ၁၀၀,၀၀၀ အား စတင်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ရကြောင်း အင်ဒိုနီးရှား စီးပွားရေး ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးက ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ သြစတြေး လျနိုင်ငံမှရရှိမည့်ရန်ပုံငွေများအား မွေးမြူရေးခြံအတွက် အခြေခံအဆောက်အအုံများတွင် ဦးစားပေး အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဘရာဇီးနိုင်ငံမှာ အင်ဒိုနီးရှား ကျွဲ၊ နွားမွေးမြူရေး လုပ်ငန်း တွင် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားလျက်ရှိသည်ဟုပြောကြားခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအတိုင်း အတာ အတွက် တိတိကျကျ အဖြေမရရှိသေးကြောင်း၊ အင်ဒိုနီးရှားအစိုးရအနေဖြင့် ၎င်းင်းဒေသများ၏ စီးပွားရေး တိုးတက်မှုကို အထောက် အကူဖြစ်စေရန်အတွက် ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းတွင် ဘရာဇီးရင်းနှီြး မှုပ်နှံသူများအား တိုက်ရိုက် လာရောက် လုပ်ကိုင်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း ၀န်ကြီးမှ ပြော ကြားခဲ့ပါသည်။ 
                                                                                        Xinhuanet.com;July-10(Tue)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်