အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည်
နှစ်နိုင်ငံဆက်ဆံရေးများ တိုးတက်ကောင်း မွန် စေရန်ရည်ရွယ်၍ လာအိုနိုင်ငံသို့ ဇူလိုင်လ
၁၁ ရက်နေ့က အလည်အပတ်သွားရောက်ခဲ့ကြောင်း Xinhua သတင်းတစ်ရပ်အရ သိရှိရပါသည်။ အဆိုပါခရီးစဉ်သည်
၁၉၅၅ ခုနှစ်မှစ၍ အမေရိကန်နိုင် ငံခြားရေးဝန်ကြီး၏ လာအိုနိုင်ငံသို့ ပထမဆုံး အကြိမ်လာရောက်သောခရီးစဉ်ဖြစ်ပါသည်။
၎ နာရီကြာ အဆိုပါ အလည်အပတ် ခရီးစဉ်အတွင်း ဟီလာရီ ကလင်တန်သည် လာအိုနိုင် ငံခြားရေး ၀န်ကြီး
သောင် လွန်ဆိုင်ဆိုလစ်နှင့်တွေ့ဆုံ ပြီးနောက် လာအိုဝန်ကြီးချုပ် သွန်ဆင်းသမာမောင်းနှင့်တွေ့ဆုံ ခဲ့ကြောင်း၊
နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးများ တိုးတက်ခိုင်မာအောင် ဆောင်ရွက်ရေး အတွက် ကတိပြု ခဲ့ကြကြောင်း
သိရှိရပါသည်။ ထို့အပြင် နှစ်နိုင်ငံအနေဖြင့် ဗီယက်နမ်စစ်ပွဲအတွင်း မပေါက်ကွဲသေးသော ဗုံးများအားဖယ်ရှားရေးနှင့်
စစ်အတွင်းကပျောက်ဆုံးသွားခဲ့သော အမေရိကန်စစ်သည်များအား ဆက်လက် ရှာဖွေရေးတို့အတွက်လည်း
သဘောတူညီခဲ့ပါသည်။ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့အနေဖြင့် အာဆီ ယံဦးဆောင်သော
ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွင် လာအိုနိုင်ငံ၏ အခန်းကဏ္ဍနှင့် ထောင် စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအတွက်
ရှေ့ဆက်လုပ်ဆောင်မည့် လာအို နိုင်ငံ၏ လုပ်ငန်းစဉ် များနှင့်ပတ်သက်၍လည်း အဓိကထားဆွေးနွေးခဲ့ပါသည်။
အမေရိကန်အစိုးရသည် မပေါက်ကွဲ သေးသည့် ဗုံးများဖယ်ရှားရေးအတွက် ၁၉၉၃ ခုနှစ်မှစ၍ လာအိုနိုင်ငံထံသို့
အထောက်အပံ့အကူအညီအဖြစ် အမေရိ ကန်ဒေါ်လာ ၆၈ သန်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
0 comments:
Post a Comment