Thursday, July 12, 2012

ရခိုင်တွင် အကြမ်းဖက်ခံရသူများ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးရန် လိုအပ်ဟု လူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်

Posted by drmyochit Thursday, July 12, 2012, under | No comments


ရခိုင်တွင် အကြမ်းဖက်ခံရသူများ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးရန် လိုအပ်ဟု လူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်
ရခိုင် ဒုက္ခသည်တဦးအားတွေ့ ရစဉ်
ဆူပူ အကြမ်းဖက်မှုများကြောင့် လူမျိုးစု နှစ်စုကြား ယုံကြည်မှုများ ပျက်စီးနေသော ရခိုင်ပြည်နယ်တွင် အ ကြမ်းဖက်ခံရသူများကို ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ပေးရုံ သာမက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရရှိစေရေး အတွက်ပါ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

အကြမ်းဖက် ခံရသူများသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးရုံ သာမက စိတ်ပိုင်းဆိုင်ရာများပါ လွန်စွာ ထိခိုက်ဆုံးရှုံး သွားကြောင်း၊ ယင်းအကြမ်းဖက် ခံရသူများကို ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေး နှင့်အတူ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးများကို လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ယင်းထုတ်ပြန်ချက် အရ သိရှိရသည်။

အဆိုပါ အကြမ်းဖက်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ပျက်စီး ဆုံးရှုံးမှုထက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုက ပိုမို ဆိုးရွား သွားကြောင်း၊ ယင်းစိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ပပျောက်နိုင်ရန် ပညာပေး အစီအစဉ်များ၊ Workshop များ ပြု လုပ်ပေးရန် လိုအပ်ပြီး နိုင်ငံတော် သာမက လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့် နိုင်ငံတကာကပါ အကူအ ညီ ပေးရန် လိုအပ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော က ပြောကြားသည်။

ရခိုင် ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုကြောင့် လူ ၆၀ ကျော် သေဆုံးခဲ့ပြီး နေအိမ် ၂၅၀၀ ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း၊ လက်ရှိ ဒုက္ခသည် သောင်းဂဏန်းထိ ရှိနေသေးကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရှိရသည်။

                                                                                                           The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်