Friday, July 20, 2012

တူရကီနိုင်ငံအနေဖြင့် အီရတ်နိုင်ငံ၏ မြေပြင်နှင့်ဝေဟင်ပိုင်နက်များအား ထိပါးကျူးကျော်မှုမပြုလုပ်ရန် အီရတ်အစိုးရက သတိပေးပြောကြားခဲ့ခြင်း

Posted by Anonymous Friday, July 20, 2012, under | No comments

Xinhuanet.com;July-17(Tue)
တူရကီနိုင်ငံအနေဖြင့် အီရတ်နိုင်ငံ၏ မြေပြင်နှင်ဝေဟင်ပိုင်နက်များအား ထိပါးကျူးကျော်မှုမပြုလုပ်ရန် အီရတ်အစိုးရက ဇူလိုင်လ ၁၇ ရက်နေ့တွင် သတိပေးပြောကြားခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ၎င်းအရေးကိစ္စအား လုံခြုံရေးကောင်စီသို့တင်သွင်းမှုပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း အစိုးရ၏ပြောရေးဆိုခွင့် ရှိသူ အလီအယ်လ်ဒါဘတ်က ပြောကြားခဲ့ပါသည်။ အီရတ်နိုင်ငံ၏မြေပြင်နှင့်ဝေဟင်အား တူရကီနိုင်ငံက ကျူးကျော်ထိပါးမှုအပေါ် အီရတ်အစိုးရက သတိပေးပြောကြားခဲ့ကြောင်း ဝန်ကြီးများကောင်စီအစည်းအဝေး ကျင်းပပြုလုပ်ပြီးနောက် ဒါဘတ်က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ကန့်ကွက်စာတစ်စောင်တင်သွင်းရန်ဝန်ကြီး များကောင်စီက အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနအား အကြောင်းကြားခဲ့ကြောင်း၊ နိုင်ငံ၏အချုပ်အခြာအာဏာ အပေါ် စော်ကားခံရခြင်းများမှကာကွယ်ရန် နည်းလမ်းတကျ ဆောင်ရွက်ချက်အားလုံးကို အီရတ်နိုင်ငံအနေဖြင့် ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Dabbagh  ကပြောကြားခဲ့ပါသည်။ အီရတ်နိုင်ငံမြောက်ပိုင်းရှိ တောင်ကုန်း-တောင်တန်းထူထပ်သောဒေသများတွင် ခြေကုပ်ယူထားသည့်ဟု ယုံကြည်ရသော ကာ့ဒ်အလုပ်သမားပါတီ (PKK)  သူပုန်များအား ထိန်းချုပ်ရန်အတွက် အီရတ်နိုင်ငံ၏ ကာဇစ်စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ တူရကီနိုင်ငံက တိုက်လေယာဉ်များအမြောက်အမြားဖြင့် မကြာခဏပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်