Friday, July 20, 2012

စင်ကာပူနှင့် အမေရိကန်ရေတပ်တို့သည် CARAT ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်လျက်ရှိခြင်း

Posted by Anonymous Friday, July 20, 2012, under | No comments

စင်ကာပူရေတပ်နှင့် အမေရိကန်ရေတပ်တို့သည် (၁၈)ကြိမ်မြောက် CARAT  ပူးတွဲရေတပ်စစ်ရေး လေ့ကျင့်ခန်းအား ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၇ ရက်နေ့အထိ တောင်တရုတ်ပင်လယ်အတွင်း လေ့ကျင့် လျက်ရှိကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု Xinhua  သတင်းတစ်ရပ်အရသိရှိရပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းတွင် စင်ကာပူလေတပ်၊ အမေရိကန် လေတပ်၊ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့နှင့် အမေရိကန်မရိန်းတပ်ဖွဲ့တို့ ပါဝင်လေ့ကျင့်ခဲ့ကြပြီး နှစ်နိုင်ငံစလုံးမှ တပ်ဖွဲ့ဝင်စုစုပေါင်း ၁၄ဝဝ ခန့်ပါဝင်ကြောင်းသိရှိရပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းတွင် ဝေဟင်၊ ရေပြင်နှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးကဲ့သို့သော သမားရိုးကျပင်လယ်ရေကြောင်းစစ်ဆင်ရေးများနှင့် ပင်လယ် ရေကြောင်းဆိုင်ရာဝေဟင်စစ်ဆင်မှုကို အလေးထားလေ့ကျင့်မည်ဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါ လေ့ကျင့်ခန်းတွင် စင်ကာပူရေတပ်နှင့် လေတပ်တို့မှ စစ်သင်္ဘော ၇ စီး၊ ရေငုပ်သင်္ဘောတစ်စီး၊ ရေတပ် ရဟတ်ယာဉ်တစ်စင်းနှင့် လေယာဉ် ၇ စင်းတို့ ပါဝင်ပြီး အမေရိကန်နိုင်ငံမှ စစ်သင်္ဘော ၄ စီး၊ ရေငုပ်သင်္ဘော တစ်စီး၊ ရေတပ်ရဟတ်ယာဉ် ၃ စင်းနှင့် လေယာဉ် ၆ စင်းတို့ပါဝင်ကြပါသည်။ အဆိုပါ CARAT  ပူးတွဲစစ်ရေး လေ့ကျင့်ခန်းအား ၁၉၉၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်