Friday, July 20, 2012

လူမှုရေးသတင်းတစ်ခုတွင် မဟုတ်မမှန်အသရေဖျက်မှုကြောင့် ထောင်ဒဏ်ချမှတ်

Posted by drmyochit Friday, July 20, 2012, under | No comments

 Aljazeera.com;July-17(Tue)
အိုမန်နိုင်ငံ လူမှုရေးသတင်းတစ်ခုတွင် အိုမန်ဆူလတန်အစိုးရအပေါ် မဟုတ်မမှန်လုပ်ကြံ၍ အသရေ ဖျက်ဝေဖန်ရေးသားသူ ၆ ဦးအား ထောင်ဒဏ် ၁၂ လမှ ၁၈ လအထိ တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ ယမန်နှစ်က ဆန့်ကျင်မှုအား နှိမ်နင်းခဲ့ပြီးနောက် အသစ်တဖန်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ဇူလိုင်လ ၁၆ ရက်နေ့ စီရင်ချက်သည် သဘောထားကွဲလွဲမှုအပေါ်တွင် နှိမ်နင်းခြင်းဖြစ်ကြောင်း ခုခံကာကွယ်ပေးသူရှေ့နေမှ ဇူလိုင်လ ၁၇ ရက်နေ့က ပြောကြားခဲ့ပါသည်။ တရားခံများအား ဒဏ်ငွေနှင့် အာခမခံငွေအဖြစ် အိုမင်ငွေရီယယ် ၁ဝဝဝ (ဒေါ်လာ ၂၆ဝဝ)စီ ပေးဆောင်စေခဲ့ကြောင်း ရှေ့နေ  Badr al-Bahn က ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်မေလ နောက်ပိုင်းကလည်း နိုင်ငံတော်အခွန်ဘဏ္ဍာများနှင့်ပတ်သက်၍ ရေနံလုပ်ကွက်များတွင် သပိတ်များဖြစ်ပေါ်ခဲ့ပြီး  ၎င်းဆန္ဒပြမှုပြုလုပ်စဉ်အတွင်း အိုမန်အစိုးရဆူလတန်ကာဘူးအား ဦးတည်၍ ဆန့်ကျင်ဝေဖန်ပြောဆိုခဲ့သူ အခြား ၄ ဦးအား ပြီးခဲ့သည့်အပတ်က ထောင်ဒဏ် ၁ နှစ်ကျော်စီချမှတ်ခဲ့ပါသည်။

 အိုမန်နိုင်ငံသည် ပင်လယ်ကွေ့ လမ်းကြောင်းပေါ်တွင် ခွ၍ထိုင်ထားသည့်နိုင်ငံဖြစ်ပြီး ၎င်းပင်လယ်ကွေ့လမ်းကြောင်းမှာ ကမ္ဘာ့ရေနံ ကူးသန်းရောင်းဝယ်ရေးအတွက် တတိယမြောက်အများဆုံးကူးသန်းသွားလာသည့် လမ်းကြောင်းဖြစ်ပါသည်။ တရားဝင်အချက်အလက်များအရ အိုမန်နိုင်ငံ၏ လူဦးရေ ၄ ပုံ ၁ ပုံမှာ အလုပ်လက်မဲ့များဖြစ်ပါသည်။ အစိုးရမှ သောင်းပေါင်းများစွာသော လူများအလုပ်ရရှိရေးဖန်တီးပေးမည်ဟု ကတိပေးထားမှုအပေါ် ပျက်ကွက်ခဲ့သဖြင့် လူထုမှဆန္ဒပြလျက်ရှိပြီး အလုပ်လက်မဲ့များအတွက် ထောက်ပံ့ငွေပေးရန်တောင်းဆိုခဲ့ကြပါသည်။ လူထု၏ ဒေါသသည် အစိုးရအပေါ်ဦးတည်လျက်ရှိပြီး အစိုးရအနေဖြင့်လည်း အထိမခံဘဲ ဆန္ဒပြသူများအား နှိမ်နင်းရန် ကြိုးပမ်းလျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်နှင့် လူ့အခွင့်အရေးအုပ်စုမှ အိုမန်အာဏာပိုင် များအား ပြစ်ဒဏ်စီရင်ခြင်းများကိုပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ပါသည်။ ပြစ်ဒဏ်စီရင်ခြင်းမှာ နောက်ဆုံးအဆင့် သာဖြစ်ကြောင်း၊ လွတ်လပ်စွာထုတ်ဖော်ခြင်းနှင့် စုရုံးခြင်းတို့အား အိုမန်အစိုးရမှ စည်းဝါးရိုက်နှိမ်နင်းနေခြင်းဖြစ်ပြီး ၎င်းမှာအောက်လမ်းနည်းဖြစ်ကြောင်း အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဆိုင်ရာ နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အစီအစဉ်ညွှန်ကြားရေးမှူး ဖိလစ်လူသာက ပြောကြားခဲ့ပါသည်။ တရားဝင်သတင်းဌာနတစ်ခုက ပြစ်ဒဏ်ကျခံရသူများဓာတ်ပုံများကို ပုံနှိပ်ထုတ်ဝေပြီး အမည်အပြည့်အစုံဖော်တပ်ကာ အခြားသူများကိုသတိပေး ဖော်ပြခဲ့ပါသည်။ အမည်မဖော်လိုသူ ဆန္ဒပြလှုပ်ရှားသူတစ်ဦးက ၎င်းတို့သည် တရားမဝင်မူးယစ်ဆေးဝါးရောင်းချသူ၊ ရာဇဝတ်မှုကျူးလွန်သူများကဲ့သို့ခံစားနေရကြောင်းနှင့် အာဏာရအစိုးရအဖွဲ့အစည်းမှာ အခွင့်ထူးခံလူတန်းစားများ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်