Friday, July 20, 2012

ဆီးရီးယားသမ္မတ အာဆတ်အနေဖြင့် ဓာတုလက်နက်များကို အသုံးပြုမည်ဖြစ်ကြောင်း ထွက်ပြေးလာသော ထိပ်တန်းအရာရှိကြီးတစ်ဦးမှ ပြောကြားခဲ့ခြင်း

Posted by Anonymous Friday, July 20, 2012, under | No comments

Xinhuanet.com;July-17(Tue)
ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ်အနေဖြင့် အတိုက်အခံများအား ဓာတုလက်နက်များဖြင့် အသုံးပြုတိုက်ခိုက်မည်ဖြစ်ကြောင်းနှင့် ၎င်းလက်နက်များကိုဖြန့်ဝေပီးဖြစ်နိုင်ကြောင်း ဆီးရီးယားသံအမတ်ကြီး များအနက် ပြည်ပသို့ပထမဆုံးထွက်ပြေးတိမ်းရှောင်လာခဲ့သူ ကပြောကြားခဲ့ပါသည်။ အာဆတ်အား ဆန့်ကျင်၍ ထွက်ပြေးလာသော အရေးပါသည့်နိုင်ငံရေးသမားဖြစ်သူ  Nawaf Fares က အာဆတ်၏ သမ္မတနေ့ရက်များ သည် ပြီးဆုံးတော့မည်ဖြစ်ကြောင်း၊ သို့သော် အာဆတ်အနေဖြင့် အာဏာကိုဆက်လက်ချုပ်ကိုင်နိုင်ရေးအတွက်  ဆီးရီးယားပြည်သူအားလုံးကို ချေမှုန်းသုတ်သင်ရန် ပြင်ဆင်နေလိမ့်မည်ဖြစ်ကြောင်း Fares  က သတိပေးခဲ့ပါသည်။  အစိုးရအနေဖြင့် ချောင်ပိတ်မိသောအခြေအနေတွင် ဓာတုလက်နက်များကိုအသုံးပြုလိမ့်မည်ဖြစ်ကြောင်းနှင့် အတည်မပြုနိုင်သေးသောသတင်းများအရ ဟုမ်းစ်မြို့တွင် ဓာတုလက်နက်များကို အသုံးပြုခဲ့ပြီးဖြစ်ကြောင်း Fares က ပြောကြားခဲ့ပါသည်။
Nawaf Fares


ဆီးရီးယားနိုင်ငံတွင် ကြီးမားသောဓာတုလက်နက်များသိုလှောင်ရုံရှိပြီး အစိုးရပြိုလဲခဲ့ပါက ၎င်းဓာတု လက်နက်များပံျ့နှံ့သွားမည့်အခြေအနေနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများ၏စိုးရမ်ပူပန်မှုများတိုးပွားလျက် ရှိပါသည်။ အစိုးရပြိုလဲခဲ့ပါက ပေါ်ထွက်လာမည့်ရလဒ်ကို ရှောင်လွှဲမရကြောင်း Fares က ပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် အချိန်တိုအတွင်းတွင် ပြုတ်ကျတော့မည်မှာသေချာကြောင်း၊ စွန့်လွှတ်ခဲ့ရမှုများလျော့နည်းစေရန် အတွက် ၎င်းအချိန်ကို ပိုမိုတိုတောင်းစေရန်ဆန္ဒရှိပါကြောင်း၊  Fares အား အစိုးရသဘောထားတင်းမာသူ တရားသေသမားတစ်ဦးအဖြစ် ရှုမြင်ခြင်းခံခဲ့ရပြီး ၎င်းးစွန့်ပြေးမှုကို ပြုပြင်ပြောင်းလဲရေးဝါဒီများက သံသယများ ရှိနေခဲ့ပါသည်။ Fares  သည် အနောက်နိုင်ငံများ၏လက်သပ်မွေးမြူမှုကိုခံယူပြီး အသွင်ကူးပြောင်းရေးအစိုးရ တွင် နေရာယူလိုသည်ဟု ထင်မြင်ရကြောင်း အစိုးရဆန့်ကျင်သူအခိျု့က ပြောကြားခဲ့ပြီး အခိျု့သော အစိုးရဆန့်ကျင် သူများက ၎င်း၏ပြစ်မှုကျုးလွန်မှုများရှိခဲ့သော အတိတ်ကာလအကြောင်းကို ပြောကြားခဲ့ကြပါသည်။ ရဲဝန်ထမ်း ဟောင်းဖြစ်သည့် Fares  သည်ကြောက်ရွံ့ဖွယ်ရာကောင်းသည့်ထောက်လှမ်းရေးအဖွဲ့အစည်းနှင့် ရင်းနှီးသည့် ဆက်ဆံမှုများရှိ၍ ဆီးရီးယားရှိအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ဆီးရီးယားနိုင်ငံ၏ ပထမဆုံးသော အီရတ်နိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းခံခဲ့ရပါသည်။
ဆီးရီးယားစစ်ဘက်သည် မြို့တော်နှင့်အနီးတစ်ဝိုက်တွင် သူပုန်တပ်ဖွဲ့များအခြေချလျက်ရှိသောကြောင့် သံချပ်ကာအမြောက်ယာဉ်များကို ဒမတ်စကတ်အလယ်ပိုင်းအနီးတဝိုက်တွင် ဇူလိုင်လ ၁၆ ရက်နေ့က တပ်ဖြန့်ထား ခဲ့သည်။ ၁၆ လတာ ကြာမြင့်ခဲ့သောအခြေအနေအတွင်း အလှည့်အပြောင်းကာလဖြစ်နိုင်ကြောင်း လှုပ်ရှားပြောင်း လဲရေးဝါဒီများက ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်