Friday, July 20, 2012

ဆီးရီးယားနိုင်ငံအပေါ် ချမှတ်မည့်ဆုံးဖြတ်ချက်မူကြမ်းအား တရုတ်နှင့်ရုရှားနိုင်ငံတို့က ဗီတိုအာဏာသုံး၍ပယ်ချခဲ့ခြင်း

Posted by Anonymous Friday, July 20, 2012, under | No comments

 ဆီးရီးယားနိုင်ငံအားအရေးယူပိတ်ဆို့ရေး အနောက်အုပ်စုကအဆိုပြုရေးဆွဲထားသည့် ဆုံးဖြတ်ချက် မူကြမ်းအား ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဇူလိုင်လ ၁၉ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၁ မဲ၊ ကန့်ကွက်မဲ ၂ မဲနှင့် ကြားနေမဲ ၂ မဲရရှိခဲ့သော်လည်း တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ဗီတိုအာဏာသုံး၍ ပယ်ချခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဆုံးဖြတ်ချက်မူကြမ်းတွင် ဆီးရီးယားနိုင်ငံရှိ ကုလသမဂ္ဂကြီးကြပ်ရေး မစ်ရှင် (UNSMIS) အား သက်တမ်း  ၄၅ ရက်တိုးရန်နှင့် ဆီးရီးယားအစိုးရအနေဖြင့် လူနေထူထပ်ရာနေရာများမှ လက်နက်ကြီးများနှင့် တပ်ဖွဲ့ဝင်များပြန်လည်မရုပ်သိမ်းလျှင် ကုလသမဂ္ဂပဋိညာဉ်၏အခန်း ၇ အရ စစ်ရေးနှင့် မဆိုင်သောအရေးယူပိတ်ဆို့မှုများပြုလုပ်ရန် ဖော်ပြပါရှိပါသည်။ ဆီးရီးယားအတိုက်အခံများအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအနေဖြင့် လက်နက်ကိုင်တိုက်ခိုက်မှုများ ချက်ချင်းရပ်ဆိုင်းပြီး နိုင်ငံရေးအရ အသွင်ကူးပြောင်းနိုင်ရေးဆောင်ရွက်ရန်၊ ဆီးရီးယားအစိုးရက အထက်ဖော်ပြပါသတ်မှတ်ချက်များအား ၁ဝ ရက်အတွင်းမလိုက်နာလျှင် ကုလသမဂ္ဂပဋိညာဉ်၏အခန်း ၄၁ အရ လုံခြုံရေးကောင်စီက အရေးယူပိတ်ဆို့မှု ချက်ချင်းချမှတ်မည်ဟုလည်း အဆိုပါဆုံးဖြတ်ချက်မူကြမ်းတွင် ဖော်ပြထားကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်