RIA Novosti;July-16(Mon)
၂ဝ၁၄ ခုနှစ်ကုန်ပိုင်းတွင် လုံခြုံရေးတာဝန်များကို နေတိုးဦးဆောင်သောတပ်ဖွဲ့များက အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်များသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် လုံခြုံရေးခိုင်မာမှုရှိစေရန် အာဖဂန်တပ်ဖွဲ့ဝင်များက အသင့် ရှိကြောင်း သမ္မတ ဟာမစ်ကာဇိုင်းက ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ၂ နှစ်အတွင်း လုံခြုံရေး တာဝန်အား အာဖဂန်အမျိုးသားလုံခြုံးရေးတပ်ဖွဲ့သို့လွှဲပြောင်းပေးမည်ဖြစ်ပြီး အများပြည်သူကလည်း ယုံကြည် လက်ခံလိမ့်မည်ဖြစ်ကြောင်း ရဲအရာရှိများကသင်တန်းဆင်းပွဲမိန့်ခွန်း၌ သမ္မတ ကာဇိုင်းကပြောကြားခဲ့ပါသည်။ အာဖဂန်မှ နေတိုးဦးဆောင်သော နိုင်ငံတကာလုံခြုံရေးအထောက်အကူပြုတပ်ဖွဲ့များရုပ်သိမ်းနိုင်ရေးအတွက် ၂ဝ၁၁ ခုနှစ် ဇူလိုင်လတွင် လုံခြုံရေးတာဝန်လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များအား စတင်ခဲ့ပါသည်။
အာဖဂန်အမျိုးသားလုံခြုံရေးတပ်ဖွဲ့အင်အားမှာ ၃ဝ၅,ဝဝဝ ဦးကျော်ရှိပြီး ရဲတပ်ဖွဲ့အကယ်ဒမီကျောင်း ဆင်းရဲအရာရှိ ၅၃၅ ဦးရှိကြောင်း သိရှိရပါသည်။ အာဖဂန်အမျိုးသားလုံခြုံရေးတပ်ဖွဲ့သည် လုံခြုံရေးတာဝန်ဝတ္တရား များအား ကန်ဒက်ဇ်ပြည်နယ်နှင့် ကပ်ပီဆာပြည်နယ်တို့တွင် ပြည်ပတပ်ဖွဲ့ဝင်များက လွှဲပြောင်းရယူထမ်းဆောင် လျက်ရှိပါသည်။ အမေရိကန်သမ္မတ ဘားရတ်အိုဘားမား၏ လုံခြုံရေးတပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းမှုအဖြစ် ၂ဝ၁၁ ခုနှစ်အတွင်းက အာဖဂန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၁ဝ,ဝဝဝ ထုတ်နုတ်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်စက်တင်ဘာလ တွင် နိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့ဝင်များအင်အား ၂၃,ဝဝဝ ခန့်ကို ထပ်မံထုတ်နုတ်သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။
Time in Rangoon

0 comments:
Post a Comment