Friday, July 20, 2012

ထိုင်းနိုင်ငံတွင် ရဲချုပ်သစ်အတည်ပြုရွေးချယ်ခဲ့ခြင်း

Posted by Anonymous Friday, July 20, 2012, under | No comments

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ်ကြီး အဒူလ်ဆန်းဆင်းကော် အား ရဲချုပ်သစ်အဖြစ်ရွေးချယ်ခဲ့ပြီး စက်တင်ဘာလ ၃ဝ ရက်နေ့ တွင် အငြိမ်းစားယူမည့် ရဲဗိုလ်ချုပ်ကြီး ပရိုင်ပန်ဒါမာပေါင်၏နေရာတွင် ဆက်ခံမည်ဖြစ်ကြောင်းနှင့် ၎င်းအား ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာက ထိုင်းရဲတပ်ဖွဲ့ဘုတ်အဖွဲ့အစည်းအဝေးတွင် ဇူလိုင်လ ၁၆ ရက်နေ့က အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း Bangkokpost  သတင်းတစ်ရပ်အရသိရှိရပါသည်။ ၎င်းသည် အမျိုးသားရဲတပ်ဖွဲ့ဒုတိယရဲချုပ် ၃ ဦးအနက် အသက်အငယ်ဆုံးဖြစ်သော်လည်း ဘုတ်အဖွဲ့ဝင် ၁ဝ ဦးက ထောက်ခံမဲ ၁ဝ မဲဖြင့် ရဲချုပ်အဖြစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါမဲခွဲဆုံးဖြတ်မှုတွင် ဝန်ကြီးချုပ် ယင်လပ်ကကြားနေမဲပေးခဲ့ပါသည်။ ရဲဗိုလ်ချုပ်ကြီး အဒူလ်သည် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့၏ ခေတ္တအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ၎င်း၏ရာထူးခန့်အပ်မှုအား ဘုရင်၏ အတည်ပြုချက်ရရှိမှသာလျှင် ၎င်း၏ဦးဆောင်မှုကာလအတွင်းဆောင်ရွက်မည့် ရဲတပ်ဖွဲ့ဆိုင်ရာမူဝါဒသစ်များနှင့် ပတ်သက်သည့်အစီအစဉ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်ဟုသိရှိရပါသည်။ ရဲဗိုလ်ချုပ်ကြီး အဒူလ်အားအတည်ပြုခန့်အပ်ရေး ထိုင်းဘုရင်ထံသို့ ရက်သတ္တပတ် ၂ ပတ်အတွင်းတင်ပြသွား မည်ဖြစ်ကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်