Friday, July 20, 2012

အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ ပါရှန်ပင်လယ်ကွေ့တွင် မိုင်းရှင်းလင်းရေးစစ်ရေးလေ့ကျင့်ခန်း ပြုလုပ်မည်ဆိုခြင်း

Posted by Anonymous Friday, July 20, 2012, under | No comments

Xinhuanet.com;July-17(Tue)
အမေရိကန်နှင့် မဟာမိတ်နိုင်ငံများသည် စွမ်းရည်နှင့်ပူးပေါင်းဆောင်ရွက်မှုတိုးတက်စေရန် ရည်ရွယ် သော မိုင်းရှင်းလင်းစစ်ရေးလေ့ကျင့်ခန်းတစ်ခုကို ပင်တဂွန်ဌာနချုပ် ပြန်ကြားရေးအကြီးအကဲ  George Little က ဇူလိုင်လ ၁၇ ရက်နေ့တွင် ဝါရှင်တန်မြို့၌ ပြောကြားခဲ့ပါသည်။ ၎င်းစစ်ရေးလေ့ကျင့်ခန်းသည် အီရန်နိုင်ငံကို ပစ်မှတ်ထား၍ပြုလုပ်သော လေ့ကျင့်ခန်းမဟုတ်ဘဲ အမေရိကန်ရေတပ်ဗဟိုစစ်ဌာနချုပ် စစ်ဆင်ရေးနယ်မြေများရှိ နေရာအများအပြားတွင် ပြုလုပ်ခဲ့သောနိုင်ငံတကာ ဆွေးနွေးပွဲနှင့် တန်ပြန်မိုင်းစစ်ဆင်ရေးလေ့ကျင့်ခန်းများကဲ့သို့ လေ့ကျင့်ခန်းတစ်ခုသာဖြစ်ကြောင်း Sunthorn Praditthaen ပြောကြားခဲ့ပါသည်။


၎င်းးစစ်ရေးလေ့ကျင့်ခန်း၏ ရည်ရွယ်ချက်မှာ အရှေ့အလယ်ပိုင်းဒေသ၏ နိုင်ငံတကာရေပြင်များတွင် လွတ်လပ်စွာရေကြောင်းသွားလာရေးကို ကာကွယ်စောင့်ရှောက်ရန်နှင့် ဒေသတွင်းတည်ငြိမ်ရေးကို မြှင့်တင်ရန် ဖြစ်ကြောင်း Sunthorn  က ပြောကြားခဲ့ပါသည်။ ၎င်းနိုင်ငံတကာတန်ပြန်မိုင်းစစ်ဆင်ရေးလေ့ကျင့်ခန်းကို စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြုလုပ်ရန်စီစဉ်ထားပြီး ကမ္ဘာ့တိုက်ဒေသကြီးလေးခုမှ နိုင်ငံပေါင်း ၂ဝ ကျော် ပါဝင်မည်ဖြစ်ပါသည်။ ၎င်းစစ်ရေးလေ့ကျင့်ခန်းသည် အရှေ့အလယ်ပိုင်းဒေသ၏ နိုင်ငံတကာမဟာဗျူဟာမြောက် ရေပြင်ကို မိုင်းထောင်မည့်အစွန်းရောက်အဖွဲ့အစည်းတစ်ခုခု၏ ဖြစ်ပေါ်လာနိုင်ဖွယ်ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ အလေးထားစီစဉ်လေ့ကျင့်မည်ဖြစ်ကြောင်း အမေရိကန်ရေတပ်ဗဟိုစစ်ဌာနချုပ်က ကြေညာချက်တစ်စောင်တွင် ဖော်ပြခဲ့ပါသည်။ ပါရှန်ပင်လယ်ကွေ့တွင် အနာဂတ်ဖြစ်လာနိုင်ဖွယ်အခြေအနေများကို အခြေခံသည့်စစ်ရေးလေ့ ကျင့်ခန်းများ ပြုလုပ်မည်ဖြစ်ကြောင်း၊ သို့သော် ၎င်းစစ်ရေးလေ့ကျင့်ခန်းများကို အီရန်နိုင်ငံအနီးရှိ ဟောမုဇ်               ရေလတ်ကြားတွင် ပြုလုပ်မည်မဟုတ်ဘဲ ပင်လယ်နီ၊ အေဒင်ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့စသည့်နေရာများ ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားပါသည်။
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်