လော့ခ်ဟိမာတင်ကုမ္ပဏီသည် အမေရိကန်ကြည်းတပ်အတွက် ပဲ့ထိန်းစနစ်ပါ အတွဲလိုက်ဒုံးပျံစနစ် (Guided Multiple Launch Rocket System-GMLRS) များအား (၇)ကြိမ်မြောက် ထုတ်လုပ်ပေးရန် အမေရိကန်ဒေါ်လာ ၃၅၃.၂ သန်းတန်ဖိုးရှိ ကန်ထရိုက်တစ်ရပ်ရရှိခဲ့ကြောင်း ဇူလိုင်လ ၁၉ ရက်နေ့ နြတျညသတ သတင်းတစ်ရပ်အရ သိရှိရပါသည်။ အဆိုပါစနစ်သုံးဒုံးပျံများသည် ကီလိုမီတာ ၇ဝ (၄၃ မိုင်ကျော်) အကွာအဝေးအတွင်းရှိ ပစ်မှတ်များကို ပစ်ခတ်ဖျက်ဆီးနိုင်ရန် ပုံစံရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
ထို့အပြင် ၎င်းဒုံးပျံစနစ်သည် ရာသီဥတုမရွေး အလျင်အမြန်တပ်ဖြန့်နိုင်စွမ်းရှိပြီး သမားရိုးကျလက်နက်များထက် အကွာအဝေးနှင့်ထိရောက်တိကျမှုပိုမိုကောင်းမွန်ပါသည်။ GMLRS စနစ်သုံးဒုံးကျည်များသည် တပ်ဖွဲ့ဝင်များ အတွက်စစ်မြေပြင်ယုံကြည်အားထားရမှု ၉၈ ရာခိုင်နှုန်းရှိပါသည်။ အဆိုပါဒုံးကျည်များအား အမေရိကန် ကြည်းတပ်၊ မရိန်း တပ်ဖွဲ့၊ အီတလီ၊ ဂျော်ဒန်နှင့် စင်ကာပူတပ်မတော်များသို့ ရောင်းချပေးသွားမည်ဖြစ်ပါသည်။
အဆိုပါဒုံးကျည်ဝယ်ယူရေးအတွက် အီတလီနိုင်ငံက ပထမဆုံးအကြိမ်မှာယူခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတွင် ရောင်းချပေးရန်စီစဉ်ထားပါသည်။ အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများအနေဖြင့် စစ်ဆင်ရေးများတွင် အဆိုပါဒုံးကျည် ၂၂ဝဝ ကျော်ပစ်ခတ်သုံးစွဲခဲ့ပြီးဖြစ်ပါသည်။ ၂ဝ၁၁ ခုနှစ်အတွင်း အဆိုပါ စနစ်များအတွက် အသားတင်ရောင်းရငွေမှာ အမေရိကန်ဒေါ်လာ ၄၆.၅ ဘီလီယံခန့်ရှိကြောင်း သိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment