Friday, July 20, 2012

ဆီးရီးယားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုသစ်များပြုလုပ်ရန် ဥရောပသမဂ္ဂက ပြင်ဆင်လျက်ရှိခြင်း

Posted by Anonymous Friday, July 20, 2012, under | No comments

en.rian.ru.;July-17(Tue)
          ဆီးရီးယားနိုင်ငံအပေါ်နောက်ထပ်အရေးယူပိတ်ဆို့မှုအသစ်များပြုလုပ်ရန် ဥရောပသမဂ္ဂကလုပ်ဆောင် လျက်ရှိကြောင်း ဥရောပသမဂ္ဂသတင်းထုတ်ပြန်ရေးဌာနက ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဇူလိုင်လ ၂၃ ရက်နေ့တွင် ဘရပ်ဆဲလ်မြို့၌ပြုလုပ်မည့်အစည်းအဝေးအတွင်း ဆီးရီးယား၌ သွေးထွက်သံယိုမှု များအားအဆုံးသတ်စေရန် သမ္မတအာဆတ်၏ အစိုးရအဖွဲ့အား ပစ်မှတ်ထားသော(၁၇)ကြိမ်မြောက် အရေးယူ ပိတ်ဆို့မှုများအားအတည်ပြုနိုင်ရန် ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများက မျှော်လင့်ထားပါသည်။ ဥရောပ သမဂ္ဂအနေဖြင့် ဆီးရီးယားအရာရှိများနှင့်ကုမ္ပဏီများအပေါ် အရေးယူပိတ်ဆို့မှုတွင် ခရီးသွားလာခွင့် တားမြစ် ခြင်းနှင့် ဥရောပရှိ၎င်းတို့၏ပိုင်ဆိုင်မှုများအား သိမ်းဆည်းရန်ပါဝင်ပြီး ယခုပြုလုပ်မည့် အရေးယူပိတ်ဆို့မှုသစ်တွင် အခြားစီးပွားရေးဆိုင်ရာအရေးယူပိတ်ဆို့မှုများပါဝင်ကြောင်း သိရှိရပါသည်။

 ဥရောပသမဂ္ဂမှ လက်ရှိအချိန်တွင် နာမည်ပျက်စာရင်းသွင်းထားသော ကုမ္ပဏီ ၄၉ ခုနှင့် အရာရှိ ၁၂၉ ဦးပါဝင်ပြီး နောက်ဆုံးပြုလုပ်ခဲ့သော အရေးယူ ပိတ်ဆို့မှုအား ဇွန်လ ၂၅ ရက်နေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်ပါသည်။
ဇူလိုင်လ ၁၈ ရက်နေ့တွင် အနောက်အုပ်စု၏ထောက်ခံမှုဖြင့် မူကြမ်းရေးဆွဲထားသော ဆုံးဖြတ်ချက် မူကြမ်းကို လုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်ရန်ဆောင်ရွက်နေစဉ် ဥရောပသမဂ္ဂ၏ အထက်ပါဆောင်ရွက်မှုထွက် ပေါ်လာခြင်းဖြစ်ပါသည်။  အနောက်အုပ်စု၏ ဆုံးဖြတ်ချက်မူကြမ်းတွင် ဆီးရီးယား၌ အပစ်အခတ်ချက်ချင်းရပ်စဲ ရေး၊ ကုလသမဂ္ဂ-အာရပ်အဖွဲ့ချုပ် ကိုဖီအာနန်၏ ငြိမ်းချမ်းရေးအစီအစဉ်အား ၁ဝ ရက်အတွင်း ဆီးရီးယားအစိုးရ ကလိုက်နာရန်၊ သို့မဟုတ်ပါက  ကုလသမဂ္ဂပဋိဥာဉ်အခန်း(၇)ပါအတိုင်း ကုလသမဂ္ဂမှ အရေးယူဆောင်ရွက်ခြင်း တို့ပါဝင်ပါသည်။ ကုလသမဂ္ဂပဋိဥာဉ်အခန်း(၇)တွင် လုံခြုံရေးကောင်စီအနေဖြင့် သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများမှတစ်ဆင့် စစ်ရေးအရကြားဝင်ဆောင်ရွက်ခွင့်တို့အား ခွင့်ပြုထားပါသည်။ သို့သော် ရုရှားနိုင်ငံက ၎င်းဆုံးဖြတ်ချက်မူကြမ်းအား ဗီတိုအာဏာသုံး၍ ကန့်ကွက်ရန်ခြိမ်းခြောက်မှုပြုလုပ်ခဲ့ပါသည်။
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်