Tuesday, August 14, 2012

ရိုဟင်ဂျာ များအတွက် ဆော်ဒီဘုရင်က ဒေါ်လာသန်း ၅၀ ထောက်ပံ့

Posted by drmyochit Tuesday, August 14, 2012, under | No comments

From:TheVoice


လွန်ခဲ့သော ဇွန်လက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ပဋိပက္ခ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများကို ဆော် ဒီအာ ရေးဗီးယားဘုရင် အဗဒူလာက အမေရိကန် ဒေါ်လာ သန်း၅၀ လှုဒါန်းလိုက်ကြောင်း ဆော်ဒီအာရေဗီးယား နိုင်ငံပိုင် သတင်းမီဒီယာတွင်ဖော်ပြထားသည်။

အဆိုပါ ပဋိပက္ခတွင် ဒုက္ခ ခံစားခဲ့ရသော ရိုဟင်ဂျာများ အတွက်လည်း အရေးပေါ် အကူအညီ ပေးမည်ဟု ယူအေအီး သမ္မတ ရှိတ်ခါလီဖာအယ်လ်နာယန်က လူသားချင်း စာနာမှု အကူအညီ ပေးနေသော အဖွဲ့တစ်ခုဖြစ်သော ခါလီဖာဘင်ဇာယစ်အယ်လနာယန် အဖွဲ့ကို ညွှန်ကြား လိုက်ကြောင်း ပါကစ္စတန် နိုင်ငံမှ လွှင့်တင်သော International News သတင်းဝက်ဆိုက်တွင် ဖော်ပြထားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်