Tuesday, August 14, 2012

ထိုင်းဘုရင်မ မွေးနေ့အမှတ်တရ ကရင်နီဒုက္ခသည်တွေ သစ်ပင်စိုက်

Posted by drmyochit Tuesday, August 14, 2012, under | No comments




သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ထိုင်းဘုရင်မရဲ့ ၈၀ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကရင်နီဒုက္ခသည်များ၊ ထိုင်းလူမှု အဖွဲ့ အစည်းများ၊ ဒေသခံအာဏာ ပိုင်များနဲ့နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း များပူးပေါင်းပြီး ထိုင်း-မြန်မာနယ်စပ် ကရင်နီ ဒုက္ခသည်စခန်းမှာ မွေးနေ့အမှတ်တရ သစ်ပင်စိုက် အခမ်းအနားတရပ်ပြုပါတယ်။
အမှတ် (၁) ဒုက္ခသည် စခန်းမှာပြုလုပ်တဲ့ အခမ်းအနားကို ထိုင်းဒေသခံ အာဏာပိုင်များ၊ မယ်ဟောင်ဆောင် အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ ဒုက္ခသည်များအတွက် ကက်သလစ် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ COERR ၊ ကျောင်းသူ/ သားများနဲ့စခန်းတွင်းရှိသူများမှ ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

“ကျနော်တို့ ဘုရင်(မ)မွေးနေ့ကို စတင်ပြုလုပ်လာတာဟာ ဟိုး… ၉၂ ၊ ၉၃ ခုနှစ်လောက် ကတည်းကပါ။ စခန်း ၃ မှာနေကတည်းက ဒီလိုပဲ နှစ်တိုင်း ပြုလုပ်ပါတယ်။ အဲဒီလိုကြောင့် ကျနော်တို့ရဲ့ တချို့သော သားသမီးတွေက မမြင်လိုက် မသိလိုက်မီ သေးပါဘူး။ အခု ကျနော်တို့ သူများ မြေပိုင်ရှင်တွေရဲ့ သနား ညှာတာမှုကြောင့် နေထိုင်နေရတယ်။ ဒါကြောင့် ကျနော်တို့ နေထိုင်မှုအတွက် ထောက်ပံ့ကူညီတယ်၊ ကျနော်တို့အယောက်စီတိုင်းရဲ့ စားဝတ်နေရေးအတွက် ထောက်ခံပေးတဲ့အတွက် ကိုယ့် ဘုရင်တွေလို ပဲမှတ်ယူရမယ်။ သူများကြားမှာ သွားနေရတာဆိုတော့ ကိုယ့်ရဲ့ ဘုရင်လို ပဲဖြစ်တဲ့အတွက် ကျေးဇူးပြုပြီးတော့ ရှေ့ဆက်ပြီး ဒီလိုတနှစ်တခါပြုလုပ်တာကို ဘုရင်မပဲဖြစ်ဖြစ် ဘုရင်ပဲဖြစ်ဖြစ် မွေးနေ့ရက်လတွေ ကိုယ်စီရှိတဲ့ အတွက်ကြောင့် ကျေးဇူးပြုပြီး သူများဘုရင် မွေးနေ့မှာ ချမှတ်ထားတဲ့အတိုင်း ကြိုးစားလိုက်နာ ကြပေးဖို့အားလုံးကို ဒီလိုအသိပေး ပြောလိုပါတယ်” လို့ ကရင်နီအမှတ် (၁) ဒုက္ခသည် စခန်းကော်မီတီ ဥက္ကဌ ခူအီရယ်က အခမ်းအနား ဖွင့်ပွဲမှာ ပြောပါတယ်။ စခန်းရဲ့ဘေးပါတ်ဝန်း ကျင်တနေရာမှာ ထိုင်းဘုရင်မ Sirikit ရဲ့နှစ် ၈၀ ပြည့်မွေးနေ့ အမှတ်တရ အတွက် သစ်ပင်ပေါင်း ၁၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြပါတယ်။ အဆိုပါလုပ်ရှားမှုအတွက် ဦးဆောင်ဦးရွက်ခဲ့တဲ့ COREE အဖွဲ့မှ ကွင်းဆင်းမန်နေဂျာ Benjawan Maliwan က ယခုလိုရှင်းပြပါတယ်။ “ထိုင်းနိုင်ငံသားတွေဟာ ဘုရင်မဟာ အလေးမြတ် ထားကြတယ်။ သူဟာ သဘာဝပါတ်ဝန်း ကျင်ကို အလေးထား ဂရုစိုက်တယ်။ ဘာဖြစ်လဲဆိုတော့ နှစ်တိုင်းနှစ်တိုင်း သစ်တောတွေဟာ အသုံးပြုခြင်းကိုခံရတယ်။ သစ်တောတွေဟာ လူတွေရဲ့ ရည်ရွယ်ချက်အမျိုးမျိုး တို့ကြောင့် ပြုန်းတီးခြင်း ကိုခံကြရတယ်။ နောက်ထပ်တခုက ကျမတို့ဟာ ကျေးလက်ဒေသမှာ နှစ်ကာလအတန် ကြာကြာ နေထိုင်ကြတယ်။ ဒါကြောင့် ဒီနေ့မှာ ကျမတို့သစ်ပင်စိုက် တဲ့လုပ်ရှားမှုနဲ့ လူမှုအသိုင်း အ၀ိုင်းကို အသိပညာတွေပေးတာ ဖြစ်ပါတယ်။ ဒါမှ အနာဂါတ်မှာ ဒီသစ်ပင်တွေကို ကျမတို့ပြန်လည် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ထိုင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလုံနေထိုင်ကြတဲ့ ကရင်နီဒုက္ခသည် တွေဟာလည်း ထိုင်းဘုရင်မရဲ့ မွေးနေ့ကို နှစ်စဉ်ကျင်းပပြုလုပ် လေ့ရှိပါတယ်။သစ်ပင်စိုက် လုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်လုပ်ရှားခဲ့တဲ့ KnCC ကရင်နီဆယ်တန်း လွန်ကျောင်းမှ ကျောင်းသူတဦးက ထိုင်းဘုရင်မမွေးနေ့မှာ ယခုလို မွေးနေ့ချီးမွန်းစကားပြောပါတယ်။
 “ဒီကနေ့ ဟာ Queen birthday မှာ … ကျမသူငယ်ချင်းတွေနဲ့အတူ ကျမအပင်တွေစိုက်တယ်။ သူတို့တွေလည်း အရမ်းကိုကြိုးစား ကြတယ်ပေါ့။ အဲဒါ ကျမတို့ ဘုရင်မ.. ထိုင်းဘုရင်မကို ကျမတို့ရဲ့ ဘုရင်မ လိုမျိုး ချစ်ခင်လေးစား ရတဲ့အတွက်ကြောင့် ဒီကနေ့ကျရောက်တဲ့ နှစ် ၈၀ ပြည့်ကနေပြီးတော့ ..အသက်ရာကျော်..ရှည်ပါစေလို့ ကျမဆုတောင်းပေးချင်ပါတယ်” လို့ KnCC ကျောင်းသူ နမ်းခမ်းစိန် ကပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းနဲ့ အမှတ် ၂ စခန်းနှစ်ခုရှိပါတယ်။ ကရင်နီဒုက္ခသည် ပင်မကော်မီတီ ဒုက္ခသည်စာရင်းအရ အမှတ် ၁ စခန်းမှာ ဒုက္ခသည်ဦးရေ ၁၄၉၀၀ ဦးနဲ့ အမှတ် ၂ စခန်းမှ  ဒုက္ခသည် ၃၆၇၈ ဦး ရှိနေပါတယ်။ ကနေ့ကျရောက်တဲ့ ဘုရင်မရဲ့ မွေးနေ့ပွဲကို ထိုင်းနိုင်ငံတ ၀န်းလုံးမှာရှိတဲ့ ထိုင်းပြည်သူများက ခမ်းခမ်းနားနား ပြုလုပ်ပေး လျှက်ရှိပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်