Tuesday, August 14, 2012

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အ စည်းတွေ အကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန် ဆုံး တည်ဆောက်နိုင်ဖို့ အဖြေရှာတဲ့ ဆွေနွေးပွဲ တစ်ရပ် ကျင်းပ

Posted by drmyochit Tuesday, August 14, 2012, under | No comments

မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန် ဆုံး တည် ဆောက်နိုင်ဖို့ အဖြေရှာတဲ့ ဆွေနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်း က ကျင်းပခဲ့ ပါတယ်။သမ္မတဦးသိန်းစိန်အနေ နဲ့ တိုင်းရင်းသားတွေနဲ့  နိုင်ငံရေးအရေ တွ့ ဆုံေ  ဆွးနွေး ဖို့ ဆုံးဖြတ် ထားပြီး (၂၀၁၅)ခုနှစ် မတိုင်ခင် ရလဒ်အဖြေတစ်ခုရရှိအောင် ကြိုးပမ်းေ ဆာင်ရွက်သွား လိမ့်မယ်လို့ ယုံကြည်ကြောင်း  မြန်မာ အီး ဂရက်  အဖွဲ့  ဥက္ကဌ ဦးတင်မောင်သန်း က ဆွေးနွေးပွဲ မှာ ပြောကြားခဲ့ပါတယ်။
 
ဒီကနေ့ အခမ်းအနားဟာ ကချင်ဒေသအတွက်သာမက တစ်နိုင်ငံလုံးရဲ့ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့ ရည်ရွယ် ကျင်းပခဲ့တာလို့ အခမ်းအနားစီစဉ်တဲ့ငြိမ်းဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါ်ဂျာနန်က RFA ကိုပြောပါတယ်။

ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို ငြိမ်းဖောင်ဒေးရှင်းက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး၊ (၂)ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံရုံး ဒုတိယအကြီးအကဲ Mr.Arne Jan Flolo ၊ TransNational Institute က Mr.Tom Kramer ၊ မြန်မာအီးဂရက်ဥက္ကဌဦးတင်မောင်သန်း စတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင်ဆွေးနွေး ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို တိုင်းရင်းသားအဖွဲ့အစည်း (၅၇)ဖွဲ့က ကိုယ်စားလှယ်တွေအပါအ၀င် ဆွေးနွေငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အဖွဲ့စည်းအသီးသီးက ပုဂ္ဂိုလ် (၂၀၀) လောက် တက်ရောက်ခဲ့ပါတယ်။

From -RFA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်