ကျွန်တော်တို့ ဒီကနေ့ အစည်းအဝေး
ကတော့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ ကျွန်တော်တို့ ချမှတ်ခဲ့ကြတဲ့ Reform Stretegy နဲ့ပတ်သက်ပြီး
မြို့ပြနဲ့ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြရန်
အခြေခံ လိုအပ်ချက်ဖြစ်တဲ့ City Plan ၊ Town Plan နဲ့ Village Plan တို့ ရေးဆွဲရေးနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့ရဲ့ City Plan များကို
လေ့လာ ဆွေးနွေး အကောင် အထည်ဖော် ဆောင်ရွက်ကြဖို့ဖြစ်ပါတယ်။
မြို့ပြနဲ့ကျေးလက် စီမံကိန်းများ ရေးဆွဲရာမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုး တက်ရေးအတွက်
ပြည်သူများရဲ့ အဆင့် အတန်းရှိစွာ နေထိုင်နိုင်ရေး၊ လျှပ်စစ်မီး လုံလောက်စွာရရှိရေး၊
သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေး၊ သွားလာမှု အဆင်ပြေစေရေး၊ ပတ်ဝန်း ကျင်သန့်ရှင်းရေးနဲ့
အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးစတဲ့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်း ဆောင်ရွက်
ပေးနိုင်ရန် ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားပြီး ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်ကြရမှာ
ဖြစ်ပါတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဟာ အခြေခံလိုအပ်ချက် ဖြစ်သကဲ့သို့ အနာဂတ်မှာ မြို့ပြများရဲ့
စနစ်ကျနမှုနဲ့ ဖွံ့ဖြိုးတိုးတက် ရေးဟာလည်း များစွာအရေး ပါလာမှာ ဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာ့လူဦးရေရဲ့
၅၂.၁ ရာခိုင်နှုန်းဟာ မြို့ပြမှာနေထိုင်သူတွေ ဖြစ်ပါတယ်။ အာရှနဲ့ အရှေ့တောင် အာရှမှာတော့
လူဦးရေ သန်း (၆၀၀) ရှိတဲ့အနက် မြို့ပြမှာ နေထိုင်သူဟာ ၄၄.၇ ရာခိုင်နှုန်း ရှိတယ်လို့
သိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ မြို့ပြမှာ နေထိုင်သူဟာ ၃၂.၆ ရာခိုင်နှုန်းခန့်ရှိတယ်လို့သုံးသပ်ထားကြပါတယ်။
ရန်ကုန်မြို့ဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်၊
ရေဆိပ်၊ အထက်အောက် ထွက်ကုန်ဆုံတဲ့ မြို့ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ စီးပွားရေးရဲ့ အရေးကြီးတဲ့
မောင်းနှင် အားတစ်ရပ် ဖြစ်ပါတယ်။ အနာဂတ်မှာ အာရှဒေသရဲ့ အဆင့်အတန်းမီ မြို့ကြီးတစ်မြို့
ဖြစ်လာနိုင်တဲ့ အလားအလာများစွာ ရှိပါတယ်။ တစ်ချိန်ကဆိုရင် အာရှမှာ စံထားရတဲ့မြို့ တစ်မြို့
ဖြစ်ပါတယ်။
အလားတူ မန္တလေးမြို့ဟာဆိုရင်လည်း နိုင်ငံတော်ရဲ့ဗဟိုချက်မမှာ တည်ရှိပြီး တရုတ်ပြည်သူ့
သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နဲ့ ကုန်သွယ်မှု အချက်အခြာကျတဲ့ မြို့ကြီးတစ်မြို့ ဖြစ်လာမှာ
ဖြစ်ပါတယ်။ ရန်ကုန်နဲ့ မန္တလေး နှစ်ရပ်ပေါင်းဟာ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကျော်ရှိပြီး
တစ်မျိုးသားလုံး အသားတင် ထုတ်လုပ်မှုတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ရှိတဲ့အတွက် ဒီမြို့ကြီး
နှစ်မြို့ကို စံနမူနာထားပြီး ကျန်တဲ့ တိုင်းဒေသကြီးများနဲ့ ပြည်နယ်များရှိ မြို့များကိုလည်း
မြို့ပြအင်္ဂါရပ် နဲ့ညီအောင် ယခုကတည်းက မြို့ပြစီမံချက် များရေးဆွဲပြီး အနာဂတ်အတွက် မျှော်မှန်းတည်ဆောက်ကြရမှာ
ဖြစ်ပါတယ်။ သို့သော်လည်း ဒီမြို့ကြီး နှစ်မြို့မှာ ဒီကနေ့ လျှပ်စစ်မီး မလုံလောက်မှု၊
သန့်ရှင်းသော သောက်သုံးရေ မလုံလောက်မှု၊ ရေဆိုးစွန့်ထုတ်စနစ် မပြည့်စုံမှု၊ နေထိုင်သွားလာရေး
အဆင်မပြေမှု၊ သဘာဝပတ်ဝန်းကျင် လေထုညစ်ညမ်းမှု စတဲ့ ပြဿနာတွေ ရှိနေတဲ့အတွက် ဒီပြဿနာ
တွေကို ကျွန်တော်တို့ အရင်ဆုံး ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ကြ ရမှာဖြစ်ပါတယ်။ ဒါတွေကို
ဖြေရှင်း ဆောင်ရွက်ရာမှာ ကိုယ့်ခွန်ကိုယ့်အားနဲ့တင် မရနိုင်ပါဘူး။ ကျွန်တော်တို့မှာ
အရင်းအနှီး လိုအပ်ချက်၊ နည်းပညာ လိုအပ်ချက်နဲ့ လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်တွေ
ရှိနေတဲ့အတွက် ပြည်ပကရင်းနှီး မြှုပ်နှံမှုတွေ၊ ပြည်ပက သက်သာသော ချေးငွေတွေ၊ အထောက်အပံ့ငွေတွေ၊
လူ့စွမ်းအား မြှင့်တင်ပေးမည့် သင်တန်းအကူ အညီတွေ ရယူရမှာ ဖြစ်ပါတယ်။ ဒီလိုရယူနိုင်
ဖို့အတွက် ဒီကနေ့ အရှေ့အနောက် မခွဲခြားတဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ ထူထောင်နေခြင်း
ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ရွာကြီးတစ် ရွာကဲ့သို့ ကျဉ်းမြောင်းသွားပြီ ဖြစ်တဲ့အတွက် ကိုယ့်တစ်နိုင်ငံတည်း
ထီးတည်း နေလို့မရတော့တဲ့ အခြေအနေမှာ နိုင်ငံအားလုံးနဲ့ သင့်တင့်အောင် လိုက်လျောညီထွေ
ဆက်ဆံနေရပါတယ်။ နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံအကျိုး စီးပွားအတွက် ဆက်ဆံနေတာဖြစ်လို့
ကျွန်တော်တို့လည်း ကျွန်တော်တို့ နိုင်ငံ အကျိုးစီးပွား အတွက် ဖြစ်ပေါ်လာ နိုင်တဲ့အန္တရာယ်ကို
သတိထားပြီး ဆက်ဆံနေခြင်း ဖြစ်ပါတယ်။ ဒီလိုဆက်ဆံခဲ့ မှုကြောင့် ဒီကနေ့ ကျွန်တော် တို့ရရှိတဲ့
အကျိုးအမြတ်ကတော့ ကမ္ဘာ့အလယ်မှာ တင့်တယ်လာ ယုံသာမက အလေးထား လေးစားခံရတဲ့နိုင်ငံဖြစ်လာပါတယ်။
မြို့ပြများ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း ကော်မတီများ
ဖွဲ့စည်းပြီး မြို့နေပြည် သူများရဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ မြို့ပြပတ်ဝန်း
ကျင်ကောင်း ဖြစ်ရေး၊ စက်မှုကိုအခြေခံတဲ့ အသေးစား၊ အလတ်စား စက်မှုကုန်ထုတ် လုပ်ငန်းများ
ထူထောင်ရေး၊ လူများများ အလုပ်အကိုင်အခွင့်အလမ်းများရနိုင်တဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်သော
အလုပ်ရုံစက်ရုံများထူထောင်ရေး၊ မြို့ပြအိမ်ယာများ တည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင်
မြို့ပြအင်္ဂါရပ်နဲ့ညီအောင် ဒေသခံအစိုးရ နဲ့ပြည်သူလူထု အကြား ညှိနှိုင်းမှုပုံစံများဖြင့်
မူဝါဒများ ချမှတ်ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။ ဒေသန္တရ အုပ်ချုပ်မှု စနစ်အောက်မှာ
မြူနီစီပယ် အဖွဲ့အစည်းကို ပြည်သူများ ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ် အများစုနဲ့ စနစ်တကျ
အမြန်ဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ မြူနီစီပယ် အက်ဥပဒေကို သက်ဆိုင်ရာ
တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတို့မှရေးဆွဲဆောင်ရွက်သွားကြရန်ဖြစ်ပါတယ်။ ကျေးလက်ဒေသ
ဖွံ့ဖြိုးရေးအတွက် ကျေးရွာစီမံချက်များ အမြန်ရေးဆွဲကြရန် ပြောကြား ထားပြီးဖြစ်ပါတယ်။
ကျေးရွာချင်း ဆက်လမ်းများ၊ ကျေးရွာမှ မြို့ပေါ်တက်သည့်လမ်းများ သွားလာဆက်သွယ်မှု လွယ်ကူအောင်
အသစ်ဖောက်လုပ်ခြင်း၊ လမ်းဟောင်းကို ပြန်လည် ပြုပြင်ခြင်း များပြုလုပ်ရန်၊ ကျေးလက် စီးပွားရေးသည်
လယ်ယာကုန်ထုတ် စိုက်ပျိုး မွေးမြူရေးအပေါ် အခြေခံတဲ့အတွက် လယ်ယာမြေစာရင်းများ၊ လယ်မဲ့ယာမဲ့စာရင်းများ၊
အမှန်တကယ် မလုပ်ဘဲပစ်ထားသည့် လယ်ပျက်၊ ယာပျက်စာရင်းများ၊ အလုပ်လက်မဲ့စာရင်း များကို
အမြန်ဆုံး ကောက်ယူပြီး ကိုယ့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ့်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကို
ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ် ရေးမှူးတို့အား တာဝန်ယူ၊ တာဝန်ခံစေပြီး
စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက် နိုင်ရန်အတွက် တိုင်းဒေသကြီးနဲ့
ပြည်နယ်များအား ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ဘက်ဂျက်ခွဲ ဝေပေးခြင်း၊ ကိုယ့်ဒေသအတွင်း
အခွန်အခများ ကောက်ခံခြင်းတို့ အပြင်၊ ပြည်ပမှ ရရှိမည့်ချေးငွေနဲ့ အကူအညီ ပေးငွေများကိုလည်း
တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အချိုးကျခွဲဝေပေးသွားမှာ ဖြစ်ပါတယ်။ အလားတူ ပြည်တွင်းပြည်ပ
ရင်းနှီးမြှုပ်နှံမှုများကိုလည်း မျှမျှတတဖြစ်အောင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ
စီမံဆောင်ရွက် ပေးရမှာဖြစ်ပါတယ်။ ပြောချင်တာကတော့ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်အောင်
ကိုယ်ကိုယ်တိုင်၊ ကိုယ့်အစိုးရအဖွဲ့မှ တာဝန်ယူပြီး အပြိုင်အဆိုင် ကြိုးပမ်း ဆောင်ရွက်ကြဖို့
ဖြစ်ပါတယ်။ ကျေးရွာအုပ်ချုပ် ရေးမှူးများကိုလည်း ဥပဒေနဲ့အညီ အရည်အချင်းရှိသူ၊ အဂတိ
တရားကင်းရှင်းသူ၊ ရပ်ရွာအကျိုးကို အမှန်တကယ် ဆောင်ရွက် လိုသူများကို စနစ်တကျ အောက်ခြေမှ
ရွေးချယ်ပေးစေပြီး ကိုယ့်ကျေးရွာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးများ
အကူအညီ ကိုရယူပြီး ကိုယ်တိုင်တာဝန်ယူ၊ တာဝန်ခံ၍ ဆောင်ရွက်ခိုင်းရမှာ ဖြစ်ပါတယ်။ ကျေးရွာများရဲ့
စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တို့အပြင် တရားဥပဒေစိုးမိုးရေးကိုပါ ထိထိရောက်ရောက်
ဆောင်ရွက်သွားစေရန်ဖြစ်ပါတယ်။ အဂတိလိုက် စားမှုဟာ အောက်ခြေ အဆင့်ဆင့်မှာ နေရာတိုင်းလိုလို
ရှိနေသေးတဲ့အတွက် တာဝန်ရှိသူ အဆင့်ဆင့်တို့မှ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း သွားကြရမှာ
ဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုဟာ ပေးသူရော ယူသူပါ အကျင့်ပျက်တဲ့ သိက္ခာမဲ့ လုပ်ရပ်ဖြစ်တဲ့အပြင်
အစိုးရရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် အပြစ်ပေး
အရေးယူခြင်းများဖြင့် တားဆီးသွား ကြရန်လိုအပ်ပါတယ်။ ဖြူစင်သန့်ရှင်းတဲ့ အစိုးရတစ်ရပ်
ဖြစ်ရေးအတွက် စွန်းထင်းနေတဲ့ ဒီအမဲစက်ကို မိမိတို့အစွမ်း ကုန်ချေဖျက် သွားကြဖို့ တိုက်တွန်းပါတယ်။
အောက်ခြေက ဘယ်လိုပဲလုပ်လုပ်၊ လုပ်သမျှ အားလုံးဟာ အထက်အကြီး အကဲမှာသာ တာဝန်ရှိတယ်လို့ခံယူပြီး
ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်သွားကြဖို့ ထပ်မံတိုက် တွန်းလိုပါတယ်။
တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဒေသအလိုက်ဖွံ့ဖြိုး တိုးတက်အောင် ခွဲဝေဆောင်
ရွက်ရာမှာ တည်ငြိမ်အေးချမ်းရေး၊ လူ့အဖွဲ့အစည်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ
အဓိက လိုအပ်ချက်တစ်ရပ်ဖြစ်တဲ့အတွက် ကိုယ့်ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုရှိအောင်၊ လူ့အဖွဲ့အစည်းလုံခြုံအောင်၊
တရား ဥပဒေစိုးမိုးအောင်၊ ဥပဒေများနဲ့အညီ ထိရောက်စွာ ဆောင်ရွက်သွားကြရန်နှင့် ခေတ်စနစ်နဲ့အညီ
လူမျိုးစုတစ်စုနဲ့တစ်စု သဟဇာတဖြစ်ရေး၊ အတူတကွ ပူးပေါင်းနေထိုင်ရေး၊ လူမျိုးဘာသာ၊ ယောက်ျားမိန်းမ
မခွဲခြားဘဲ လူ့အခွင့် အရေးများကို နယ်ပယ်ကဏ္ဍအသီးသီးမှာ လေးစားလိုက်နာရေးတို့ကို အထူးအလေးထားပြီးဆောင်ရွက်ကြရန်လိုအပ်ပါတယ်။
နိဂုံးချုပ်အနေဖြင့် ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့ရဲ့ City Plan ရေးဆွဲ အကောင်အထည်ဖော်
ဆောင်ရွက်မည့် အစီအစဉ်များကို လေ့လာပြီး မိမိတို့ဒေသရှိ မြို့များ၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကြိုးပမ်းဆောင်ရွက် သွားကြရန် ဖြစ်ပါတယ်။
0 comments:
Post a Comment