Tuesday, August 14, 2012

မီဒီယာတွေကို အရေးယူဖို့ သံတမန်တွေကို သတင်းစာရှင်းလင်းပွဲ လုပ်မှ ဖြစ်တော့မည်

Posted by drmyochit Tuesday, August 14, 2012, under | No comments


တနေ့ က သမ္မတအကြံပေး ဦးကိုကိုလှိုင်က နိုင်ငံတကာမှာ မြန်မာနိုင်ငံနှင့် ပါတ်သက်၍ သတင်းအမှားတွေကို မီဒီယာမှ တဆင့် တင်ပြနေသည်ကို ပြန်လည် ရှင်းလင်းရန်အတွက် ဆောင်ရွက်နေပြီဆိုသော သတင်းဖတ်ရသည် ။ အလွန်တရာ နောက်ကျ နေသော်လည်း နောင်တဆိုသည်မှာ ခံစားသိရှိရသူအဖို့  တန်ဘိုးရှိစမြဲမို့  ၄င်းသတင်းကို ကြိုဆိုသည် ။ စစ်စစ် မြန်မာနိုင်ငံတွင် ပြန်ကြားရေး ၀န်ကြီးဋ္ဌါနမှ ယခုဖြစ်ပေါ်နေသော အရေးပေါ်သ တင်းအမှားများကို အချိန်နှင့် တပြေးညီ မီဒီယာများမှ တဆင့် ထုတ်ပြန်နေပါက သမ္မတဦးသိန်းစိန် ဓါတ်ပုံပါကားချပ် ၊ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပါကားချပ်နှင့် အလံတော်ကို နင်းခြေသူများ ပေါ်ပေါက်လာစရာ အကြောင်းမရှိ ။ ပြန်ကြားရေး ၀န်ကြီးဋ္ဌါနက ပေါ့လျှော့မှုကြောင့် ဖြစ်နေသလို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အကြံပေးပုဂိုလ် များကလည်း နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြား လာစေမည့် အကြောင်းအရာနှင့် ပါတ်သက်၍ စောစောကပင် အကြံကောင်းများ မပေးနိုင်ခဲ့ ဟု ထင်ရသည် ။
 ကုလသမ္မဂ -ဆိုင်ရာ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် လူ့ အခွင့်အရေး စုံစမ်းရေး အစီရင်ခံသူ မစ္စတာသောမတ်စ် ဟိုဟေး ကင်တာနားက နိုင်ငံတကာ သံတမန်များနှင့် ရခိုင်ပြည်နယ်၏ ပကတိဖြစ်ရပ်များကို စုံစမ်း စစ်ဆေးရန် လာခဲ့ ကြသည် ။ သူတို့ လာသော အဖွဲ့ ထဲတွင် ဘာသာပေါင်း စုံမပါဘဲ မွတ်ဆလင် ဘာသာဝင် နိုင်ငံများမှသာ စုံစမ်းရန် ပါလာသည်ကို သတိထားမိသည် ။ လာသည့်အခါမှာလည်း မွတ်ဆလင် ဘာသာဝင်များကို ရခိုင်လူမျိုးများ ၊ တပ်မတော်မှ စစ်သားများက မုဒိမ်းကျင့် လူသတ် လူမျိုးတုံးသတ်ဖြတ်ခြင်း ဆိုပြီး မီဒီယာများမှ တဆင့် ကြားသိရသောကြောင့် သူတို့ ၏ ဘာသာဝင်များအတွက် စိုးရိမ်ပူပန်ကာ လူသားချင်း စာနာထောက်ထား သည့်အားလျှော်စွာ ကြည့်ရှူစောင့်ရှောက်ရန် လာကြခြင်းဖြစ်သည် ။ အမှန်တကယ်သာ ယင်းသို့ မီဒီယာများမှ ဖေါ်ပြနေသလို ဖြစ်နေခဲပါက မစ္စတာ ကင်တားနားနှင့် အတူပါလာသော သံတမန်များသည် ရခိုင်ပြည်နယ် အစိုးရ၀န်ကြီးချုပ် ရုံးခမ်းမတွင် နိုင်ငံတကာမှာ ဖေါ်ပြနေသော သတင်းမှာ လွန်စွာကွဲပြား ခြားနားနေ၍ မိမိတို့နိုင်ငံသို့ပြန်လည်ရောက် ရှိသောအခါ အစိုးရထံတွင် ပြန်လည်ရှင်းလင်း တင်ပြပါမည်ဟုဝန်ခံပြောဆိုသွားကြသည်။

သို့ လင့်ကစား ဆော်ဒီအာရေ ဗီးယားနိုင်ငံမှ သတင်းတပုဒ်ကို ကိုးကားပြီး ဖေါ်ပြလာရာတွင် မြန်မာနိုင်ငံ၌ လူမျိုးတုံးသတ် ဖြတ်နေခြင်းများ ရှိနေသည်ဆိုပြီး ဓါတ်ပုံနှင့် တကွ ဖေါ်ပြထားသော နရိန်ဉ္ဖရာ သတင်းဋ္ဌာန၀ပ်ဆိုက်၏ သတင်းဖတ်ရတော့ များစွာအံ့သြမိရသည် ။http://www.narinjara.com/burmese/?p=1602သတင်း — August 8, 2012 at 1:25 pm
မစ္စတာကင်တားနားနှင့် လာစဉ်က ဆော်ဒီအာရေဗီးယားနိုင်ငံမှ သံတမန်သည်ပင် ပါခဲ့ပါလျှက်ကယ်နှင့် မည်သည့် အတွက်ကြောင့် ၄င်းနိုင်ငံမှ သတင်းအမှား တွေကို ဖေါ်ပြပြီး လူထုအုံကြွမှုတွေ ဖန်တီးလာရသနည်းဆိုသော မေးခွန်းတွေ ထုတ်ကြည့်မိပါသည်။

အမှန် မဟုတ်သော သတင်းလိမ် များကို ပြည်တွင်းမှ ပေးနေသူများ ရှိနေခြင်းကြောင့် ယခုလို ထပ်မံပြီး သတင်းလိမ်တွေ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ သတင်းလိမ် ပေးနေသူများမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကအစ အခြားပုဂိုလ်များ ပါဝင်နေသည် ။ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်၏ လွှတ်တော်ထဲမှာ သူ၏ တင်ပြချက်များနှင့် ပတ်သက်၍ ယခုအချိန်မှာ မွတ်ဆလင် ဘာသာဝင်များကို နိုင်ငံသားအဖြစ် တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုတော့မည် ဖြစ်ကြောင်း ဘ၈င်္လားဒေ့ရှ်နိုင်ငံ ထုတ်သတင်းစာများတွင် ဦးရွှေမောင်က ပြောကြောင်း ဖေါ်ပြနေကြသည် ။ သတင်းလိမ်ပေးသူများကိုအမြန်ဆုံးအရေးယူရမည်ဖြစ်သည်။
ရှေးဦးစွာ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားစေသော သတင်းလိမ်များ ၊ မီဒီယာ လိမ်များသည် မြန်မာနိုင်ငံတွင် ဘယ်ကမှ ပေါ်ပေါက် နေသည်မဟုတ် ။ လွှတ်တော်ထဲမှာသာ ပေါ်ပေါက်နေခြင်း ဖြစ်သည်။ ယခုဆိုလျှင် ပြည်သူ့ လွှတ်တော်ထဲမှာပင် လုံခြုံရေးကို တင်းကြပ်စွာ စစ်ဆေးပြီး ဆောင်ရွက်နေရ သည်ဟု သိရသည် ။ တချိန်က ဗိုလ်ချုပ်အောင်ဆန်းတို့ ၀န်ကြီးများ အစည်းအဝေး ထိုင်နေချိန်မှာ လုံခြုံရေးမရှိခဲ့၍ အာဇါနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရဖူးပြီ ။ ၄င်းသင်ခဏ်းစားကို ယူကြရမည်ဖြစ်သည် ။ယခုလည်း နေပြည်တော်ရှိ လွှတ်တော်ကျင်းပရာမှာ သမိုင်းလိမ် ဘင်္ဂလီ မွတ်ဆလင်များ၏ အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင် စစ်ဆေးနေရသည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ထုတ်ဖေါ်ပြောသည် ဆိုလျှင် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်နှင့် အခြား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးတို့ ကို လွှတ်တော်ထဲမှာ ခါးပိုက် ပိုက်ထားရန် မသင့်တော် တော့ဟုမြင်သည် ။ ဤကိစ္စကို အမြန်ဆုံးစဉ်းစားပြီး အရေးယူဆောင်ရွက်ရန်လိုသည်ဟု ပြောချင်သည်။
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်ရေး ကော်မီတီကို ဖွဲ့ စည်းပေး အပ်လိုက်၍ ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌတာဝန်ဖြင့် ဆောင်ရွက်ရန်ဟု ခန့် အပ်တာဝန် ပေးထားပြီးဖြစ်သည် ။ ဤကဲ့သို့  ဒေါ်အောင်ဆန်းစုကြည်အား ခန့် အပ်ပေးပြီးသည်နှင့် နိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် တွေ့ ကြုံရမည့် ပြသနာအဖြစ် ယခုအချိန်မှာ စိန်ခေါ်နေ အကြောင်းအရာကား ရခိုင်ပြည်နယ်မှ သမိုင်းလိမ်ဘင်္ဂလိမ် မွတ်ဆလင် ဘာသာဝင်များ၏ ပြသနာများကို ဖြေရှင်းရေးဖြစ်နေသည် ။ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများထဲတွင် ၄င်းလူမျိုးများအား အသိအမှတ် မပြု၍ မရှိသည်ကို ရှင်းလင်းခြင်း၊ လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဋ္ဌာနနှင့် နစကမှ လာဘ်ငွေစားသူများကို အပြစ်ပေးခြင်း ။ သတင်းလိမ်များကို ရှင်းလင်းခြင်း ၊ နယ်စပ်ဖြတ်ကျော်သော လူခိုးဝင်မှုပြသနာကို တိကျစွာ ဆောင်ရွက်ခြင်း ၊ နိုင်ငံခြားသားများကို အပြစ်ပေးဖမ်းဆီးပြီး နယ်နှင်ဒဏ်ပေးခြင်း ။ နယ်ခြားစောင့်တပ်ဖွဲ့ စည်းရေးကိစ္စကို အလျင်အမြန် ဆောင်ရွက်ခြင်း တို့ ကို ပြုလုပ်ဆောင်ရွက်ရတော့မည်ဖြစ်သည်။
ဥပဒေနှင့် မညီသော လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်နေရာ ၄င်းကိစ္စများကိုလည်း စောင့်ကြည့် ဆောင်ရွက်သွားရန် ပါရှိနေသည်ကိုလည်း တွေ့ ရသည် ။ ခရိုင်ကော်မရှင် ၊ ပြည်နယ်ကော်မရှင် တို့ မှ လွှတ်တော်ကိုယ်စားလှယ် တဦး၏ အရည်အချင်းနှင့် မကိုက်ညီသော ဘူးသီးတောင်မြို့ မှ ဦးရွှေမောင် အပါအ၀င် အခြားသူနှစ်ဦးကို ဗဟိုနေပြည်တော် ရွေး/ကော်မရှင်က ကိုယ်စားလှယ်အဖြစ် အရည်အချင်းနှင့် ကိုက်ညီသူဟု ဆိုပြီး လွှတ်တော်ကိုယ် စားလှယ်အဖြစ် ၀င်ရောက်စေခဲ့ သည် ။ ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် တချိန်က ၀န်ကြီးချုပ် ဦးနု၏ မဲဆွယ်စည်းရုံးခဲ့ မှုကို ယခုထက်ထိ လက်ခံထားဆဲဖြစ်နေသည် ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ယင်းသို့  တိုင်းရင်းသား မဟုတ်သူများကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ၀င်ခိုင်းသောကြောင့် ယခုမူ နေပြည်တော် လွှတ်တော် ခမ်းမမှာ ဗုံးခွဲ တိုက်ခိုက် လေမလားဆိုပြီး လုံခြုံရေးတွေကို တင်းကြပ်စွာ ဆောင်ရွက်နေပြီဆိုတော့ ကြားရသည်မှာ စိတ်ပျက်စရာ ကောင်းလှသည်။ ဤအချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်တို့ ကော်မီတီမှ စုံစမ်းစစ်ဆေးရတော့မည်ဖြစ်သည်ဟုထင်သည်။
အဓိကအားဖြင့် အစိုးရ၀န်ထမ်းတွေက လာဘ်စားနေခြင်းများကို တိုင်စာ လက်ခံသည့် ကော်မီတီ အနေဖြင့် လုပ်ငန်း ဆောင်ရွက်ရန်လည်း မလိုအပ်၊ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆိုသည်မှာ ပြည်တွင်းစစ် ပပျောက်ရေးနှင့် ပြည်ပရန် ကာကွယ်ရေးပင်ဖြစ်သည်။ မျက်မှောက်ကာလတွင် ပြည်တွင်း၌ တရားဥပဒေ စိုးမိုးခြင်း ဥပဒေနည်းပါး လျှော့နည်း၍ ရခိုင်ပြည်နယ်၌ ဖြစ်ပွါးနေသော အဓိကရုဏ်းများ ၊ ကချင်ပြည်နယ်၏ စစ်မီးထတောက် နေခြင်းများကို တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်ရန်လိုသည် ။ အခြားတဖက်မှာ ပြည်ပရန်ကို ကာကွယ် စောင့်ရှောက်ရန်အတွက် တပ်မတော်နှင့် ပူးပေါင်းဆောင် ရွက်ရန်လိုသည် ။ ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်သော တပ်မတော်အဖို့  ပြည်သူတ ရပ်လုံးနှင့် လက်တွဲ တိုက်ခိုက်ခြင်းများ ရှိနေတတ်၍ ပြည်ပရန်ကို ကာကွယ်မည်ဆိုလျှင် လက်နက်ကိုင် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှသာ ဖြစ်သည် ။ ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော တရားဥပဒေစိုးမိုးရေးကော်မီတီသည် နိုင်ငံတော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက် -ပြည်ပရန်ကို ကာကွယ်ရန်အတွက် ယခုအချိန်မှာ အထူးအရေးကြီးနေသည် ။ တချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးပေါ်လီစီနှင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကိစ္စများ ၊ မြန်မာနိုင်ငံအား သားပုပ်လေလွင့် ပြောဆိုနေသောမီဒီယာများအား သတင်းအမှန်များအား ချပြပြောဆိုရန် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတကာ သံတမန်များကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးရန်လိုနေပြီဟု ထင်သည် ။ သံတမန်များကို မချပြခဲ့ လျှင် မွတ်ဆလင်ဘာသာဝင် နိုင်ငံများမှ မီဒီယာများ၏ သတင်းအမှားများကို ယုံကြည်ပြီး နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးကို ထိခိုက်ကာ မီးဟုန်းဟုန်းတောက် စစ်မက်ဖြစ်ပွါးစေသည့် အကြောင်းအရာများ ပေါ်ပေါက်လာနိုင်သည်ဟု ပြောချင်သည်။ တချိန်တည်းမှာ ယင်းသို့ သတင်းလိမ် မီဒီယာများကိုလည်း နိုင်ငံတော်မှ နိုင်ငံတကာ ဥပဒေအရ ထိရောက်စွာ အရေးယူရန်လည်းလိုအပ်ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်